Saturday 11 May 2013

ဘိုးတော်ဝိဇ္ဇာများအစည်းအဝေးပြုလုပ်ကြခြင်း နှင့် ယုံကြည်မှုလွန်ကဲခြင်း

http://www.facebook.com/buddhagonyipage?ref=hl#
ဘိုးတော်ဝိဇ္ဇာများအစည်းအဝေးပြုလုပ်ကြခြင်း နှင့် ယုံကြည်မှုလွန်ကဲခြင်း
http://www.facebook.com/agga.dhamma.1

နိုင်ငံတော်မငြိမ်သက်လျှင် ၊ တိုင်းပြည်မအေးချမ်းလျှင် ၊ ကယ်တင်ရှင်မျှော်လင့်သူများက
ကယ်တင်ရှင်လာတော့မယ် ၊ တဘောင်နဲ့ကိုက်လာပြီ ၊အတိတ်စိမ်းတွေပြနေပြီ ၊
ဗျာဒိတ်ကျမ်းနဲ့ညီလာပီ ၊ ကမ္ဘာကြီးပျက်တော့မယ် ကယ်တင်ရှင်လာတော့မယ် အချိန်နီး
လာပီ ၊ အမြန်ဆုံးကိုးကွယ်ပါ ။ အချိန်မရှိတော့ဘူးတရားနဲ့အညီနေကြပါ စည်ဖြင့်လူကြီး
မိဘများနှင့် ၊ဘာသာအသီးသီးရှိ ဘာသာရေးခေါင်းဆောင်များ ၊ ဘာသာပြုသူများကအကြောက်
တရားဖြင့် ခြောက်စား ၊ဟောက်စားစည်းရုံးရေးအားကောင်းကောင်းဖြင့် ၊
သမ္မတရွေးချယ်ပွဲမက မဲဆွယ်ကြပေတော့သည် ။
မျှော်လင့်ဆုတောင်းတတ်သူတို့အလုပ် ၊ ကယ်တင်ရှင်ကိုးကွယ်သူတို့၏တာဝန်အဖြစ်
ကြိုးစားစွမ်းဆောင်ကြခြင်းဖြစ်ပေတော့သည် ။
လွန်ခဲ့သော(၁၅)နှစ်ခန့်ကမိတ်ဆွေရင်းတယောက်က သိပီးပီလားဘိုးတော်တွေကယ်တင်ဘို့အစည်းဝေးလုပ်ကြတာ
ဆိုပြီးဓါတ်ပုံတစ်ပုံပြလာသည် ။ တချို့ရဟန်းသံဃာတော်အချို့ကလဲယုံနေကြသည် ။
ယခုလဲယုံနေသောပုဂ္ဂိုလ်တွေရှိနေဆဲ ၊လုပ်စားနေဆဲ ရှိကြသည် ။ တစ်ချို့ဘုရားခန်းထဲတွင်မှန်ဘောင်သွင်းကိုးကွယ်
နေကြသည် ။ ဘာမှမပြောလိုပြုံး၍သာနေမိသည် ။အတိုက်အခံလုပ်ခြင်းသည်ရန်မငြိမ်းပဲ
ရန်ပိုနေမည် ။ သူ့အကြောင်းနှင့်သူကံဟူ၍သာနေခဲ့သည် ။
လွန်ခဲ့သောနှစ်ပေါင်း(၃၅)ခန့်နှစ်က မကွေးမြို့ ဖူဂျီဓါတ်ပုံဆိုင်တွင် ၊ ကွက်စား(တစ်ပုံအမြတ်)
ရိုက်စဉ် ၊ ကိုယ်ပိုင်ကင်မရာ(K 1000) နှင့်ဘ၀ ။ အဖြူအမည်း(black&white) မှ ရောင်စုံ (colour)
ကူးပြောင်းလို့ရိုက်ကြ ၊ကူးကြ ၊ ရူးကြ ခေတ်ထစဉ်ကဖြစ်သည် ။ ဓါတ်ပုံတစ်ပုံ သေးသေး(PC)ပို့စကဒ်ဆိုဒ်
အဖြူအမည်းပုံကူးခြင်ပွားခြင်လို့ဆိုပြီး အလုပ်အပ်လာသည် ။ ဒါတွေကဘာတွေလဲဗျာလို့မေးတော့
“တောတွင်းတစ်နေရာ သစ်ပင်များအလယ်မှာ ပြဒါးဝိဇ္ဇာ ၊ ဆေးဝိဇ္ဇာ ၊ အင်းဝိဇ္ဇာ ၊ သံဝိဇ္ဇာ
မန္တန်ဝိဇ္ဇာ ၊ စမ၀ိဇ္ဇာ ၊ ဗေဒ၀ိဇ္ဇာ ၊ သမထ၀ိဇ္ဇာ တွေတွေ့ဆုံတာ” တဲ့ “၀ိဇ္ဇာရှစ်သောင်း ဆရာ
အပေါင်းလားဆိုတော့” “အဲလောက်တော့မစုံဘူးဒါတွေက အရိယာတွေချည်း အရိယာဝိဇ္ဇာတွေ
ပေါ့ကွာ”လို့ပြောရှာတယ် ။ အရိယာတောင် ၀ိဇ္ဇာဖြစ်ရရှာသတဲ့ ။
ကိုယ်ထက်လဲအသက်ကြီးနေပေမဲ့ အသိမကြီးဘူးထင်လို့
“ဒါပန်းချီဆွဲထားတဲ့ပုံ ခဲပန်းချီ လေ သစ်ရွက်ကလေးတွေ အပွင့်လေးတွေကြည့်ပါဦး နောက်ကသစ်
ပင်တွေပင်စည်က အိုင်းအမာတွေကသိသာလွန်းတယ်”လို့ပြောတော့ ၊ အဘ (ဘိုးတော်) က
ကူးပြီးဝေပါဆိုလို့တဲ့ ။ ကပ်ကူးစနစ်နဲ့ပွားရင်ကောင်းမလား ၊ ပြန်ရိုက်ပွားရင်ကောင်းမလား
ခေါင်းစားနေစဉ် ။ စီပွားရေးအလုပ်အဖြစ် မညင်းခြင် လို့လေ့လာနေတုံး ။“ ကာလာနဲ့လုပ်ရင်ရလား”တဲ့ ။
“ရောင်စုံဆိုတော့ပိုကောင်းတာပေါ့”တဲ့ ။ မူရင်းကောင်းမှမိတ္တူကောင်းမည်ဆိုသလို ဓါတ်ပုံဆရာ ပညာအပေး
ခံနေရတာ ။ အဖြူအမည်းမှာရေဆေး ကာလာ ဆေးထည့်လဲ တကယ်သဘာဝနဲ့ဘယ်တူမလဲဗျာ လိုညည်းရှာရတဲ့အထိ ။
ကြည့်ကြပါဦးဓမ္မမိတ်ဆွေတို့ရေ ။ အစည်းဝေးပြီးအမှတ်တရ သင်တန်းဆင်းပွဲကြနေတာပဲ ၊ပခုံးနှစ်ခုကြား
ခေါင်းလေးတွေထားလို့ သားသားနားနား ယူနီဖေါင်းအစုံနဲ့ပါလားလို့မေးရမလို ။ ဘိုးတော်မဟုတ်တဟုတ်
ဖြစ်ပေါ်ခဲ့တဲ့နေရာတွေလဲမတူ ရေခြားမြေခြား အိန္ဒိယဘိုးတော်လဲပါရဲ့။ ကာလလဲမတူ ရှေး ဘုရင်ပေါင်းများ
စွာအဆက်ဆက် ။ ပုဂံဘက်ကလဲပါ ဒေသအစုံက အနေဆိုးခဲ့လို့ အသေဆိုးခဲ့သူတွေလဲပါ ။ကြံကြီးစီရာ
ဘိုးတော်ပန်းချီဆရာတို့ရဲ့ ဓါတ်ပုံမှတ်တမ်း ။ ဇာတ်လမ်းကခုထိမပြီး စီးဝေးနေကြတုံးလား ။နေကာမျက်မှန်လဲပါရဲ့ ၊
ဇာတ်ကတဲ့အထဲကတိုင်း ဒါတကယ်ဖြစ်မလား ၊ ရှေ့ဆုံးကဘီလူးမနဲ့ နတ်သမီး ရာမာယနဇာတ်လမ်းထဲကလို
အပျိုချောချောဘီလူးဦးထုပ်ဆောင်းထားသလား ၊ မစဉ်းမစား ယုံကြည်မှု့တရားနဲ့သံသရာဆက်မဲ့သူတွေ ။
ကိုးကိုယ်မှုတရားနဲ့သာသနာဖျက်ကြသူတွေ ။ ကယ်ယူနိုင်ကြပါစေ ၊ဆယ်ယူနှိုင်ကြပါစေ ။
ဆုတောင်းမျှော်လင့် ခြင့်၍စဉ်းစာနှိုင်ကြပါစေလို့သာ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်