Thursday 1 August 2013

“ “ နိုးကြားဖို့ရန် အချိန်တန်ပြီ ” ”

“ “ နိုးကြားဖို့ရန် အချိန်တန်ပြီ ” ”

သားကောင်းဇာမဏီ ၊ အာဇာနည်တို့
တိုပြည် တို့ဓါး ၊ တုံးရော့လားထင့် ။
ဘာမထီမွေး ၊ ဇာတိသွေးကို
မနှေးပြရန် ၊ အချိန်တန်ပြီ
သည်နိုင်ငံသည်လူမျိုး ၊ မပျက်သုန်းရိုးအမှန် ။
ပဒေဿရာဇ်စနစ်ကိုလဲ ချန်ထားရစ်နိုင်ခဲ့သည်
ကိုလိုနီခေတ်ကိုလဲ တော်လှန်နိုင်ခဲ့သည်
ဖက်ဆစ် စနစ်ကိုလဲ ဖျက်ပြစ်နိုင်ခဲ့ပြီ
သည်နိုင်ငံသည်လူမျိုး ၊ မပျက်သုန်းရိုးအမှန် ။
လူမြိုသားဖေါက် ၊ တိုင်းပြည်ဖျောက်ရန်
အကောက်လဲကြံ ၊ အဆံလဲမရှိ
လူ့တိရိစ္ဆာန်များ ၊ ကျီး လိုကြီးပွား
သမီးသားကို ၊ စော်ကားရန်ပြု
တို့ပြည်လုဖို့ ၊ သူတို့ကြိုးစားနေကြသည် ။
ကိုယ်ပိုင်စီပွား ၊ ကိုယ့်မျိုးသားတို့
ကိုယ့်အားကိုယ့်မာန် ၊ ပညာညာဏ်ဖြင့်
မှန်ကန်အောင်မြင် ၊ တိုင်းတခွင်ကို
ထင်ပေါ်ကျော်ကြား ၊ တို့အမျိုးသားတို့
နိုးကြားဖို့ဖြင့် အချိန်တန်ပြီ ၊ ကြိုးစားကြဖို့အမြန်လိုသည် ။
တိုနိုင်ငံ တို့လူမျိုး ၊ တို့မျိုးရိုး တို့ဘာသာ
တို့သာနာ မပျက်စေဖို့ ၊ တို့အသက်သေသေ
တို့အရိုးကျေကျေ ၊ တို့အရေခန်းခန်း
မလျှောတမ်းလုံးလ ၊ ဇွဲ စွမ်းအားအခြေတည်
ဝိုင်းဝန်းကြလို့ဖြင့် ကြိုးစားမည် ၊ ရိုင်းပင်းကြ လို့ဖြင့်စွမ်းအားတည် ။
အပြောမဟုတ် ၊ လက်တွေလုပ်၍
သမုဒ်ချဲ့ထွင် ၊ ကမ္ဘာတစ်ခွင်ကို
အသင်ကြိုးစား မြန်ပြည်သားဟု
နှိုင်းနှိုင်းဆဆ တိုင်းမရအောင် တို့စွမ်းဆောင်ဖို့
မောင်တို့မယ်တို့နိုးကြားစို့ မောင်တို့မယ်တို့ကြိုးစားစို့။

အရှင်အဂ္ဂဓမ္မ(ဗုဒ္ဓဂုဏ်ရည်)

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်