“ “ဓမ္မာကာယ ကျောင်းတော်ကြီးကို အလယ်အပါတ် ရောက်ရှိခဲ့စဉ်” ”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက ယိုးဒယားလူမျိုးတို့အခေါ်ပထုံဌာနီဒေသ(ပါဠိလို ပဒုမ္မာဌာနေ ကြာပန်းမြေ) တွင်ရှိသော ဓမ္မာကာယကျောင်းတော်ကြီးကို ရောက်ရှိခဲ့စဉ် က ဖြစ်ပါသည် ။မြန်မာလူမျိုး ဒကာကြီးဦးဇေယျာချစ်က ဧည်ကြိုအဖြစ် လာရောက်ကြိုဆိုကာ ဓမ္မကာယကျောင်းတော်ကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ယိုးဒယားတို့ထုံးစံအတိုင်း ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးနှင်ပါရှင်းလင်း ပြောပြသည်မှာ စိတ်ဝင်စားဘွယ်ရာကောင်းလှ ပါပေတော့သည် ။ ဓမ္မာကာယကျောင်းတော်ကြီးသည် လွန်စွာမှ ကြယ်ဝန်းကြီးမားပြီး ကျောင်းတွင်းပင်ကားနှင့် လည်ပတ် ပို့ဆောင်ပေးသော ယဉ်များပင် ရှိလေသည် ။ထိုင်းနိုင်ငံသည် ထေရ၀ါဒဟုဆိုနေသော်လည် အားနည်းသော သဘောတရားများဖြင့် ပြည်နှက်နေပေသည် ။ ဓမ္မကာယကျောင်းတော်ကြီးတွင် တရားထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ၀ိပဿနာ ပညာများကဲ့သို့ ကြိုးစားအားထုပ်ကြ ကြောင်းသိခွင့်ရခဲ့သည် ။ သံဃာ လေးသိန်းခန့်ဆန့်သောအဆောင်ကြီးများ နှင့် သံဃာ ဆယ်သိန်း တစ်ပြိုင်နက် တစ်ကြိမ်ထဲ ပွဲတော်အခမ်းအနား ပြုလုပ်နိုင်သော ကားပါတ်လမ်းများဖြင့် လှေတံခါးများအပေါက် သုံးဆယ်နှစ် ပေါက်ပါသောအဆောင်ကြီးများဝန်းရံ ထားသော စေတီ ပေါင်းတစ်ဆူလဲ ရှိပေသည် ။ ပထုံဌာနီဓမ္မာကာယ ကျောင်းတ်ာကြီးတွင် မြန်မာသံဃာတော် ဆရာတော်များလည်း ပညာရှာရင်း သာသနာပြုလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသည်ကို ဖူးတွေ့ခဲ့ရပေသည် ။ ထေရ၀ါဒ ငါးနိုင်ငံ၏ ပါဠိတော်များညှိနိုင်းစီစစ်ခြင်း မှတ်တမ်းတင်ခြင်း ခေတ်မှီ နည်းပညာ များဖြင့် သိမ်းဆည်း စုဆောင်း ခြင်းများပြုလုပ် တာဝန်ယူဆောင်ရွက်လျှက်ရှိပေသည် ။ ထိုင်းနိုင်ငံ ရှင်နာဝပ်တရာ ယူနီဘာစီတီ တွင် မာစတာတက်နေသော ဒကာမ သမီးလေး ပန်းအိခင်လဲ လိုက်ပါ လေ့လာခဲ့ကြပေသည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
No comments:
Post a Comment