“ “ တိုက်တက်တရားနာ မင်္ဂလာ ” ”
ဒီနေ့ ဒကာရင်း ဆရာရင်းဖြစ်ကြတဲ့ ကိုဇော်ဇော်ထွန်း မကေကေခိုင် မိသားစုရဲ့ တိုက်သစ်တက် မင်္ဂလာမှာပရိတ်တရားဆွမ်းတရားနှင့် ၀ါဆိုသင်္ကန်းလှုဒါန်းခြင်းကို ကြွ ရောက် ဖြစ်ခဲ့ကြပါတယ် ။ အပြင်လဲ ဆွမ်းစား ကွမ်းစား ကြွလေ့ကြွထ မရှိပေမယ် ဦးဇင်းအတွက်ဆို ၀ါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း အပ်အပ်စပ်စပ် စီစဉ်ပေးတတ်ကြလို့ တိုက်တက်မင်္ဂလာတရား ဟောကြားခဲ့ရပါတယ် ။ မှော်ဘီမြို့ ဆပ်သွားတောအုပ်စု ၊ မြိုင်သာယာ ရပ်ကွက် ဘီ ၈ လမ်းမှာရှိတဲ့ အိမ်တော်မင်္ဂလာမှာ ကျင်းပခဲ့ဖြစ်တာပါ ။ မိဘတွေဖြစ်တဲ့ အရာခံဗိုလ် မြငွေ မိသားစုကလဲ သင်္ကန်းဆို ၀ိနည်းတော်နှင့် ညီအောင် ချုပ်ဖို့ရယ် မိမိ က ၀တဲ့အတွက် ဆိုဒ်ကြီးဖို့ရယ် ကို ပန်းထူးသာသင်္ကန်း ၊ မဟာသုဒဿန သင်္ကန်း အထူးမှာပြီး ကပ်လှု တတ်ကြ ပါတယ် ။ သဒ္ဓါ အားကောင်းသလို ညာဏ်အားးလဲကောင်း လေတော့ မိရိုးဖလာ ကိုးကွယ်မှု့ဖြစ်တဲ့ အိမ်တွင်း ကိုးကွယ်မှု့နတ်စဉ်လေးတောင် ထပ်လောင်းအလှုပေးလိုက် ကြပါ သေးတယ် ။ အုန်းထမင်းဆွမ်းနဲ့ ကပ်လှုတော့ ကျမ်းမာရေးနဲ့ ကိုက်ပမလား မစဉ်းစား နိုင်တော့ပါဘူး သဒ္ဓါဆွမ်းကို တဏှာကမ်းကခွာလိုက်တယ် ။မင်္ဂလာတရားတော် အဖြစ် တတ်သလောက် မှတ်သလောက် ရောက်တတ် ရာရာ ဟောခဲ့တာက ရွှေဘုံရွှေနန်းနှင့် နေသော်လည်း အိမ်တွင်းမိသားစုတွေ နားလယ်စာနာ ထောက်ထားမှု့ မရှိရင်မင်္ဂလာ မရှိကြောင်းနှင့် မေတ္တာလွှမ်းတဲ့ အိမ်ဟာ တဲပုတ် နဲ့ ပဲပြုတ်ဟာလဲ နန်းတော်ထဲက နတ်သုဒ္ဓါနဲ့ မလဲနိုင်အောင် တန်းဘိုးကြီးလို့ နားလည်မှု့တရားနဲ့ယဉ်ပြီးနေထိုင်ကြဖို့ မင်္ဂလာတရားလေး အဖြစ် ဟောကြားရစ်ခဲ့ ပါတော့တယ် ။
အရှင်အဂ္ဂဓမ္မ (နိက္ခမ)B.Sc(Zoology)
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။

No comments:
Post a Comment