Sunday 4 August 2013

“ “ တစ်ကျော့ပြန် အကန်တော့ခံတဲ့ ယက်တောင်လေး နဲ့ ကလေးအတွေး ” ”

 “ တစ်ကျော့ပြန် အကန်တော့ခံတဲ့ ယက်တောင်လေး နဲ့ ကလေးအတွေး ” ”

ငယ်ငယ်က အသုဘပို့ရင် နေပူပူမှာ ယပ်တောင်လေးခပ်ရင်း အသုဘအလှု့ ရှင်တို့ ကမ်းတဲ့ ယပ်တောင်လေးထဲက သံဝေဂ အလင်္ကာလေးတွေကို အလွတ်ရွှတ်ဖတ်ခဲ့ ဘူးတယ် ။ မွေးရပ်မြေ မကွေးက ပူတယ် လေ “ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ” ဆိုတဲ့ ကလေး အတွေးနဲ့ ကုသိုလ်ရေးလို့ ယူဆပြီး ခဏခဏ ပို့ဖြစ်ခဲ့ပါတယ် ။
ရင်ကိုအေးမြရစေသား ဆိုသလို အပူငြိမ်းတရား မဖြစ်စေပဲ ကယ်တင်ရှင် မျှော်လင့် ပွဲတော်ကြီးဗုဒ္ဓဘာသာမှာလဲရှိနေပါတယ် ။ အဘပုပ္ပါး ဘိုးတော်အောင်မင်းခေါင် ရဲ့ ပြန်လယ် ရှင်ပြန် ထမြောက်ခြင်းလေလား ထင်မှတ်မှားလောက်အောင် အောင်လေးအောင် ခေါင်လေး ခေါင် က မင်းခေါင်ဂါထာလေးနဲ ပြန်လာချိန်နီးပြီဆိုပြီ ကြို ကြလေသလား မှတ်မှတ်သားသား ယပ်တောင် လေးများပါပဲ ။ “ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ”လို့ သုံးခေါက် တောင်ရေးထားလိုက်သေး ။ သမ္မာ ကျမ်းစာထဲက သမ္ဗုဒ္ဓဿ ပြဿနာ (ဘုရားလို့) ဗုဒ္ဓ လို့ ရွတ် နေကြပြီး ဒုက္ခကြီးလှလှ တွေတော့မှာကို စာနာသနား နားလယ်မှု့ နှင့် ဖြေရှင်းပေး နေတဲ့ အချိန်မှာ ဓါတ်ပုံလေး တွေပါတဲ့ အောင်မင်းခေါင် နဲ့ ဓါတ်ပုံမရှိတော့တဲ့ ရေရှုခရစ် ဘယ်လိုဖြစ်ကြတယ် မသိဘူး ။ ဘုရား(ဗုဒ္ဓ) အမည်သုံး အားကိုး လုံးကောင်း နေ လိုက်ကြတာ လို့ ။ မမြဲတရား အနတ္တနဲ့ အမြဲတရား အတ္တ တစ်စက် ကလေးမှ မတူပေမဲ့ လူလုံး မကွဲအောင် ယူသုံးရဲ့လိုက်ကြတာလို့၊ ငယ်ငယ်က ကလေးအတွေး ကုသိုလ်လေး ရရင်ကောင်းပါရဲ့ ။
အရှင်အဂ္ဂဓမ္မ (နိက္ခမ)B.Sc(Zoology)
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်