“ ဗုဒ္ဓဆင်းတုတော်များလှုဒါန်းပွဲတော် ”
၁-၉-၂၀၁၃ နေ့(တနင်္ဂနွေနေ့) ဗုဒ္ဓဂုဏ်ရည်ဝိပဿနာကျောင်တော် မှာ
ဆိုင်းသံမပါ ၊ ဗုံသံမဆင့် ၊အသင့်အတင့် နှလုံးသွင်းရင်း အလှုရှင်များရဲ့စေတနာ အလှုခံများ ခမျှာ မျက်ရည်တောင်လည်ကြရရှာတယ် ။ အဆူ (၁၀၀)တစ်ရာ ရွာသုံးရွာ စစ်တပ် တစ်တပ် ဆိုတော့ မလောက်ငှ ရှာဘူး ။ စက္ကူရုပ်ပုံတော်လေးကို ကိုးကွယ် နေရတာကြာပြီးခုမှ ပျော်ရရှာတယ်တဲ့ ။ မျက်ရည်စက်လက်ကြားက အိမ်ထောင်ဦး ဘုရားလေး ရတာ ကျေးဇူးတင်လိုက်တာ ဘုရားတဲ့ ။ ဆေးခန်းဖွင့်ရက်ကလဲကြုံ ၊ လာခဲ့တဲ့လူကုန် လှုခဲ့ကြရတဲ့ အလှုရှင်တွေပြန်သွား ပြီးတဲ့ နောက် တစ်ယောက် တစ်ပေါက်ပြောကြလို့ အပြေးလာယူတဲ့ ၊ အပြေးလာ အလှုခံတဲ့ ဒါယကာ ဒါယိကာမလေးတွေ ငိုတောင်ငိုကြရှာတယ် ၊ ၀မ်းသာလွန်းလို့ကြတဲ့မျက်ရည် ။ သားရေး သမီရေး စီပွားရေး နှင့် စားရေး ၀တ်ရေး နေရေးတွေကြောင့် ဘုရားတစ်ဆူတောင် မပင့်နိုင်ခဲ့တဲ့ဘ၀ ၊ စက္ကူရွက်ကလေးနဲ့ဘုရား အိမ်ထရံကြားမှာ ကပ်ထားဦးချ မျက်ရည်ကြခဲ့ရတာ ကြာပါပီ ဘုန်းဘုန်းရယ်နဲ့ ။ ဟုတ်တော့ လဲ ဟုတ်တယ်နော် ဘုရားကျောင်းကန်စေတီ ပုထိုး ပေါအောင်များအောင် ရွှေတွေဝင်းနေ အောင်လှုနေကြပေမဲ့ ၊ မရှိတဲ့သူ မလွယ်တဲ့သူတွေမှာ မလွယ်ရေးခြမလွယ် ။ တတ်နိုင်တဲ့သူတွေကြ ၊ ဘုရား က တစ်ဆူထဲ ၊ ဘိုးတော်ပွဲ ၊ မယ်တော်ပွဲ ၊ အိမ်တွင်ပွဲ တွေအစုံ ၊ နတ်ရုပ်တွေအကုန် ၊ အောင်မင်းခေါင် မနှဲလေး မကြံ ကိုကြီးကျော်အတွက် အရက်ပုလင်းလေးတောင် ဆက်ထားနိုင်ကြပါသတဲ့ ။ ဘုရားကြီးတွေမှာ ရွေရောင်တ၀င်းဝင် ရွှေပိသာထောင် ခြင်းထပ် နေပေမဲ့ အာရုံပြုစရာ မရှိရှာတဲ့သူတွေအတွက် တကယ်ကုသိုလ် ထူးတဲ့ပွဲတော်ပါပဲ ။ မိုက်သံ ဆောင်းဘောက်သံ သီခြင်းသံတွေ စုံနေတဲ့ ကျောင်းတွေမှာ ဓါတ်ဘုရား နတ်ဘုရား နိုင်ငံခြားဘုရား နတ်ရထားတွေနဲ့ အဆောင်တွေ လက်ဖွဲ့တွေ ပရိတ်ကြိုးတွေ ပရိတ်ချည်တွေ ကြားမှာ ထောင်တန် သောင်းတန် ပလှုပျံနေကြလေရဲ့ ဆင်းရဲသားတို့မကပ်နိုင်ရှာဘူး မဟုတ်လား ။ ကုသိုလ်တရား အများလှုဒန်းရတဲအားနဲ့စာရင် ပျော်ရွင်ရတယ်ထင်တာတောင် နဲနေပါသေးတယ်လို့သာ ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
No comments:
Post a Comment