Sunday, 1 September 2013

“ ခရစ်ယာန်မလေးပေးပို့လိုက်သော ဗုဒ္ဓဘုရားဆင်းတု အလှု ”

“ ခရစ်ယာန်မလေးပေးပို့လိုက်သော ဗုဒ္ဓဘုရားဆင်းတု အလှု ”

ဘုန်းဘုန်းကျောင်းကို လာလှုကြတဲ့သူတွေထဲမှာ အံသြစရာ ခရစ်ယာန်မလေးတောင် ပါရှာတယ် ။မခိုင်ရွှေဇင် တဲ့ ဘုရားရုပ်ထု(၃၅)ဆူသုံးဆယ်ငါးဆူတောင် ၊အရင်က SAVE THE CHILDREN မှာအလုပ်လုပ် ခဲ့ဘူးတယ်တဲ့ ၊ မအားလွန်းလို့မလိုက်နိုင်ရှာဘူးတဲ့ ။ နောက်တစ်ခါ လာဖြစ် အောင်လာခဲ့ မယ်ဆိုပဲ ။ ကိုဝင်းလွင် +မမိုးမိုးအေး က (၁၅)ဆူ ၊ ကိုတင့်နိုင် + မဆုမိုရ် က(၁၀) ဆူ ၊ကိုသောင်းရွှေ +ဒေါတင်နု က (၁၀)ဆူ ၊ဒေါ်အုန်းမြင့်က (၁၀)ဆူ ၊ ဒေါ်ခင်မျိုးဇင် က (၅)ဆူ ၊ ဒေါ်ခင်သန်းဝေ က(၅)ဆူ ၊ ဒေါ်ဝင်းမိုရ် က(၅)ဆူ ၊မဥမ္မာအေး က(၃)ဆူ ၊ ဦးအောင်ကြိုင်က (၁)ဆူ ၊မကြူ က(၁)ဆူ စုပေါင်းပြီးအတူတူ လှုဖြစ်ကြတာလေ ။ စုစုပေါင်း အဆူ(၁၀၀)များတောင် လှုဖြစ်ခဲ့ကြပါတယ် ။ အလှုခံတွေလဲ တစ်သဲသဲ ရွာနေတဲ့ မိုးတွေကြားက တစ်ဖွဲဖွဲ အလှုခံလာလိုက်ကြတာ အဆူ(၈၀) ကုန်ပါရော့လား ။ အလှုရှင် တွေပြန်မှ လာလိုက်ကြတာ ကျန် တဲ့ အဆူ(၂၀)လဲ ၀ိုင်းပင့်ဆောင်ကြပြန်ပါလေရော ။ မရကြ လို့စာရင်းမှတ်တောင်ထားလိုက်ရပါတယ် ။ နောက်လဲလာ လှုကြဦးမှာပါလေ ။ ဒီလိုအလှုတွေ စတင်ဖြစ်မြောက်စေတဲ့ ကိုဝင်းလွင်+မမိုးမိုးမိသားစုက အလှုရှင်တွေလှုနိုင်အောင် ဘုရားတွေ ရအောင်စီစဉ်တယ် ၊သူတို့ကားနဲ့လိုက်ပို့တယ် အရင်အဆူတွေ လှုခဲ့တာတွေလဲ များသလို စိတ်အား ထက်သန်ကြပါပေတယ် ။ ဒီနေ့တော့ဝေယျာဝစ္စအလှု ဆိုပေမယ် (၁၅)ဆူတောင် ပါလာပါသေးတယ် ။ ကိုတင့်နိုင် + မဆုမိုရ် ( Fab Favourite Fitness Centre) ကာယအလှ ပြုပြင်ရေးဆိုင် ၊ လည်းတန်း မိသားစုနဲ့ ၊ ကိုဝင်းလွင်+မမိုးတို့ကို ဗုဒ္ဓဂုဏ်ရည်ရိပ်သာ နှင့် ဗုဒ္ဓဂုဏ်ရည် သာသနာစောင့် ရှောက်ရေးအဖွဲ့က အလှုခံ ဒါယကာ ဒါယိကာမများကိုစား အလှု့ရှင်အားလုံးတို့အားအမျှဝေကုသိုလ်ဆုတောင်းပေးလိုက်ပါတယ်၊ စစ်မှန်သောနိဗ္ဗာန် တရား နဲ့တွေ့ပြီး အားလုံးချမ်းမြေ့ကြ ပါစေလို့ ဆုတောင်းအခါခါ သာဓုခေါ် လိုက်ရပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်