Monday 2 September 2013

“ ကျောင်းထိုင်ဘုန်းကြီးမောင်မောင်စိုးနှင့် ပါတ်သက်၍ ”

“ ကျောင်းထိုင်ဘုန်းကြီးမောင်မောင်စိုးနှင့် ပါတ်သက်၍ ”

မသိဘူး မမြင်ဘူးသူ ဆရာတော် ကိုစော်ကား ၊ ကိုယ်ရပ်တည်ခဲ့ဘူးသော ဗုဒ္ဓသာသနာကို ပုတ်ခတ် ၊ တခြားဘာသာမှာ အလိမ်ဇာတ်တွေသုံး ၊ လူလုံးမလှ စော်ကားနေကြသော သာသနာပြု အမည်ခံ ဘာသာပြုဟန်များကို ထပ်မံ တင်ပြဖေါ်ထုပ်တိုင်းကြားလိုက်ပါသည် ။ ကျောင်းထိုင်းဘုန်းကြီးဟုအမည်ခံကာ မီဒီယာခရစ် မှ ကိုစိုင်းအေးနှင့် အဖွဲတို့၏ လုပ်ဆောင်ချက်များ အတွက် တိုင်ကြားခြင်း ဖေါ်ထုပ်ခြင်း ၊ ညှိနိုင်းတိုင်ပင်ဆွေးနွေးခြင်းတို့ စတင်သည့် အနေဖြင့် ခရစ်ယာန် မြန်မာအသင်းတော်များ ကောင်စီနှင့် သက်ဆိုင်ရာအားလုံးတို့အားစတင်ပေးပို့လိုက်ပြီဖြစ်ပါသည် ။ ခရစ်ယာန် မြန်မာအသင်းတော်များ ကောင်စီအတွင်းရေးမှုချုပ် ဦးစောရွှေလင်းဖြင့် ဆွေးနွေးရာ “ ဘုန်းဘုန်းယခင်တင်ပြတိုင်ကြားထားသော ကိုလွင်(ခေါ်)အက်ဂွန်အောင်ကို အရေး.ယူရန် အမျိုးသားလွှတ်တော်မှတဆင့် စာထွက်လာပြီကျွန်တော်တို့လဲတင်ပြပြီးပြီ”လို့ ပြောရင်း “ နောက်တစ်ယောက်လာပြန်ပီလား” ဟုစိတ်မကောင်းစွာ ဆိုလာခဲ့ပါသည် ။ ဆက်လက် အရေးယူနိုင်ဖို့လုပ်သင့်တာ ၊ လုပ်နိုင်တာလုပ်နိုင်ဖို့ ၀င်စာ ပေးရင်း သာသနာဆိုင်ရာဆက်စပ် အကြောင်းများဆွေးနွေးဖြစ်ခဲ့ပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်