Monday 2 September 2013

“နိုးကြားသော ဆရာကြီးဒေါက်တာဦးတင်မောင်ထွန်း”

“နိုးကြားသော ဆရာကြီးဒေါက်တာဦးတင်မောင်ထွန်း”

အသက်(၈၃)နှစ်ရှိပြီဖြစ်သည် ။ ဖြတ်လတ်သည် တက်ကြွသည် အလုပ်ပေါ်မှာလေးစားသည် ။
ညီအကိုများအသင်းတော်မှ ညီအကိုကြီးဖြစ်သော ဆရာဒေါက်တာတင်မောင်ထွန်းထံသို့ တစ်နေ့က ရောက်ဖြစ်ခဲ့ပါသည် ။ ကျောင်းထိုင်ဘုန်းကြီးမောင်မောင်စိုး ၊ကိုစိုင်းအေး (မီဒီယာခရစ်) နှင့်အဖွဲ မှ သာသနာပြု အမည်ခံကာ နှစ်ဖက်သာသနာစော်ကားနောက်ရှက်လျှက် ၊နှစ်ဘာသာငြိမ်းချမ်းရေးကိုပျက်ပြားစေသော လုပ်ရပ်များအားဖေါ်ထုပ်တိုင်ကြားစာများကိစ္စတို့ဖြင့် ညနေ (၅နာရီ)ကျော်မှ ရုံးပိတ်ချိန်လွန်မှ ညီအကိုများအသင်းတော်သို့ရောက်သွားဖြစ်ခဲ့ပါသည် ။ညီအကိုများအသင်းတော်သို့ ပေးပို့ဖြစ်ခဲ့သည် ။ ရုံးပိတ်ပြန်သွားသော ဆရာ ဒေါက်တာတင်မောင်ထွန်းမရှိသော် လဲ တာဝန်ရှိဆရာမတစ်ဦးမှဖုံးဆက်ပေးရှာပါသည် ။ ဖုံးပြောခွင့်ရသလို ရုံးသို့ချက်ခြင်း ပြန်လာခဲ့ပါသည် ။ အသက်(၈၃)နှစ်ရှိပြီဖြစ်သော်လည်း ဖြတ်လတ်သည် တက်ကြွသည် အခြားဘာသာပေါ်မှာလေးစားသည် “ အရှင်ဘုရားလာတယ် ဆိုလို့ ပြန်လာတာ ပြောပါဘုန်းဘုန်းဘာလုပ်ပေးရမလဲ” စသဖြင့် စကားတွေရွှန်းရွှန်း ဝေပါတော့သည် ။ အကြောင်းအရာမျိုးစုံ ပြောဖြစ်ခဲ့ကြသည် ။ ဗုဒ္ဓဘာသာနှင့် ကွာလိုက်တာ ၊ ၀ါတော် သက်တော်ကြီးလာလျှင် တက်ကြွခြင်း နိုးကြားခြင်း လေးစားတတ်ခြင်း များပြောက်ကွယ်သွားတတ်ကြပြီး မတူသလို မတန်သလို ဟန်ကြီးပြီး အားလုံးနဲ့ဝေးကွာ သွားရပေတော့သည် ။ နွေးထွေးသောကြိုဆိုမှု ၊ ပျူငှာသောအပြုံး ခင်မင်သော နှလုံးသားကို တကယ်ပင် ဖန်ဆင်းရှင် ဖန်ဆင်းပေးထား ခဲ့ပေသည် ။ ခရစ်ယာန်တို့၏ ဘိုင်ဘယ်ကျမ်းမှ ဘာသာပြန်လွဲမှားမှု့များ ၊ ဘုရားအမည် အခေါ် အဝေါ် ရှင်းလင်း ချက်များအားရအောင်ဆွေးနွေးတင်ပြဖြစ်ခဲ့သည် ။ ဗုဒ္ဓဘာသာအယူအဆများ ပါဠိပျက် ၊ ပါဠိသက်များအားနည်းချက်အားသာချက်များဖြင့် တန်ဖိုးထားစရာ ဆွေးနွေးမှတ်တမ်းတင်ဖြစ်ခဲ့သည် ။သမိုင်းသစ်၏ မျက်နာစာများအဖြစ် ရေးထိုး၍ ဗွီဒီယို အမှတ်တရ ရိုက်ကူးခဲ့သည် ။ ည(၈)နာရီခန့်မှပြန်ဖြစ်ခဲ့ကြပေတော့သည် ။ လမ်းဆန်းဆဲ တက်ကြွဆဲ နိုးကြားဆဲ ဒေါက်တာတင်မောင်ထွန်း ဖန်ဆင်းရှင်ကောင်းချီးပေးပါစေ ၊ကောင်းကင်နိုင်ငံ ထိုက်ထိုင်တန်တန် ရောက်ပါစေနိုင်ကြောင်းဆုတောင်း မေတ္တာပို့သရင်းနုတ်ဆက်ပြန်လာခဲ့ရပေတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်