Tuesday 24 September 2013

“ ဒီမိုကရေစီ နှင့် ဖုန်းကဒ်ပြဿနာ”


http://www.facebook.com/buddhagonyipage?ref=hl
“ ဒီမိုကရေစီ နှင့် ဖုန်းကဒ်ပြဿနာ”
http://buddhagonyi.blogspot.com/
ဒီမိုကရေစီ မရတဲ့နိုင်ငံတွေမှာ ဖုန်းကဒ်တွေ ဈေးကြီးကြသလား မသိ မစဉ်းစားတတ်ပါ ။ လွန်ခဲ့တဲ့ ၁၉၉၀ခုနစ်ဝန်းကျင်က ကဒ်တခု (၁၅)သိန်းနှင့် အစိုးရက ထုပ်ပေးပြီး (၅၄)သိန်းနဲ့ ကိုင်ခဲ့ရပါတယ် ၀န်ထမ်းကို ဦးစားပေး ပြီး လျှောက်လွှာနဲ့ မဲနိုက်လို့ ရွှေတစ်ကျပ်သား ၂ သိန်းဝင်းကျင်မှာ ၀န်ထမ်းတွေဖုန်းထုပ်ပြီး ၀ိုင်းဝယ်ကြ တိုက်ဝယ်ကြ လုပ်ခြင်တိုင်းလုပ်ခဲ့ကြ ပါတယ် ။ ဆက်သွယ်ရေးဝန်ထမ်းဆိုတာ သူဌေးပေါက်စနဲ့ မန်နေဂျာကြီးများမှာ မယားငယ် ၃ယောက်လောက်တောင် ရှိခဲ့အောင်ခေတ်ကောင်းခဲ့ကြပါတယ် ။ အဲဒီအချိန်က ထိုင်းနိုင်ငံ သွား တဲ့အခါ လေယာဉ်ပေါ်ကဆင်းဆင်းခြင်း ဖုန်းပရိုမိုးရှင်းတဲ့ ဆင်းကဒ် လက်ဆောင်(၈) ဘတ်ဖိုးအပို ဆက်ခွင့်ပါပီး အလကားပေးတာ ။ တို့တိုင်းပြည်နဲ့ဘာလိုကွာသွားရတာလဲ တိုင်းပြည်ဆင်းရဲရတာလဲအဖြေဟာ လေယာဉ်က ဆင်းဆင်းခြင်း ရှင်းလင်းစွာနားလယ် ခဲ့ရ ပါတယ် ။ ပြည်သူအတွက် လမ်းတွေ တံတား မိုင်ပေါင်းများစွာ ဖေါက်ပေး ချိန်မှာဘယ်လူကြီးမှ ဖွင်ပွဲမလုပ်ကြဘူး ။ မြန်မာ နိုင်ငံမှာ ချောင်းကူးတတားလောက် ကို နိုင်ငံတော် အကြီးအကဲ က လာဖွင့်ပေးခြင် ကြပါတယ် ။ သူတိုလက်ထက်အောင်မြင်ခြင်းပေါ့ အံသြစရာ ။ လူကြီးနှင့် အဖွဲ့ ဧည်ခံစားရိတ်က တံတားဘိုးထက်တောင် ပိုနေပါသေးတယ် ။ လေ ကိုငွေပေးပြော ရ တာ ပြောခွင့်ကိုတောင် ရောင်းဝယ်ခွင့် ပိတ်ပြီး တိုင်းပြည်နစ်နာအောင် ပြည်သူဆင်းရဲအောင် လုပ်ခဲ့တဲ့ နိုင်ငံထဲမှာ မြန်မာကို ကမ္ဘာ က လိုက်မမှီ နိုင်ခဲ့ဘူးပေါ့ ။ခုလဲ ၁၅၀၀ တန်ဆင်းကဒ် ကို ဆက်သွယ်ရေး ၀န်ထမ်းတွေ အုပ်ချုပ်ရေးမှုးတွေလုပ်စားခွင့်ရအောင် လုပ်နေစဲ ပါပဲ ။ ၀န်ထမ်းဦးစားပေးစနစ်က ပြည်သူကို နှစ်နေသလိုပါ ။ မဲပေါက်တဲ့ (၁၅၀၀) ဆင်းကဒ် ပျက်လို ပြန်လျှောက်ရတာ (၂၀၀၀၀) ကျတယ်တဲ့ ။ ဘာတွေလွဲချော်နေလဲမသိဘူ တိုင်းပြည် မလွတ် မြောက်တာဆင်းရဲတာ ဒါမျိုးတွေကြောင့်ဖြစ်ရတယ်လိုထင်မိပါတယ် ။ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ သာတူညီမျှ ဖြစ်မယ်ထင်လို့လို ခြင်နေကြတာပါ ။ဖုန်းကဒ်ပြဿနာ ကိုကြည့်လိုက်ရင် ဒီနိုင်ငံချမ်းသာဘို့ အများကြီးလိုတာကိုတွေ့မြင်နိုင်သလို ။ ၀န်ထမ်းနဲ့ လာဒ်စားခြင်းတွေ ပပြောက်ဖို့သာ အဓိက ကိုင်တွယ်ရင် သိသာလာမယ်ထင်ပါတယ် ။ ဌာနတိုင်းကလက်ဆောင်ခြင်းတွေ ပန်းစီးဆိုတာတွေကလဲ ဆိုင်တွေဖွင့်တောင် ရောင်းရတဲ့အထိ ခြင်းကြီးခြင်းငယ်ဈေးအမျိုးမျိုး ကြားတောင် မကြားဝံစရာနိုင်ငံပါ ။ ကြီးသူကို ပူဇော်မှု့ ကပေါက်ပွားလာတာ ဗုဒ္ဓယဉ်ကျေးမှု့ကြောင့်လား ဘာကြောင့် ပဲဖြစ်ဖြစ် တိုင်းပြည် တကယ်ချစ်တဲ့သူတွေ မရှိသေးတာ သေခြာနေတာပါပဲ ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with Ma Lay and 49 others.

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်