Tuesday 24 September 2013

“ ကယ်တင်ရှင် က လက်မခံသော ဘုရားဆင်းတု အလှုတော် ”

http://www.facebook.com/buddhagonyipage?ref=hl
“ ကယ်တင်ရှင် က လက်မခံသော ဘုရားဆင်းတု အလှုတော် ”
 http://buddhagonyi.blogspot.com/
ဥပါဒန်အစွဲတွေကြောင့် မိရိုးဖလာဗုဒ္ဓဘာသာအမည်ခံထားတဲ့ သူတွေရဲ့အိမ်တွေ မှာ ဘုရား ပုံတော်လေးသားကိုးကွယ်ခဲ့ပေမယ့် နံကရိုင်းမယ်တော်(ကျွဲခေါင်းစွပ် မိန်းမပုံ)၊ ကိုကြီး ကျော် မြင်း(ရုပ်သေးမြင်း) ၊ အိမ်တွင်းအုန်းဆွဲသူ တွေရှိနေတတ်တဲ့ အိမ်တွေမှာ ဗုဒ္ဓ ဆင်းတု တော် ရောက်လာလို့ အိမ်တွင်းက လက်မခံမှာစိုးတယ် ဆိုတဲ့သူတွေ ကိုတွေ့ဘူးပါတယ် ။ ရွှေတိဂုံ ဘုရားပုံတော် ရှိပါတယ်ဘုရားလို့ ပြောပြီး မယူရဲ သူကိုတွေ့ဘူးပါတယ် ။ သူအစွဲကို နားလယ်ပေးခဲ့တော့ သူတို့ကပြောပြတယ် ဘုရားဘုန်းဘုန်း သူတို့မကြိုက်ရင် စီပွားကြတယ် ခေါင်းကိုက်တယ် ၊ငွေမ၀င်ဘူး ၊ ခဏခဏ ဖျားနာကြတယ်ဘုရားလို့ ပြောတာကြားခဲ့ရ ဘူးပါ တယ် ။ ဘုရားဆင်းတု အလှုရှင်တွေ စေတနာကို အားနာခဲ့လို့ အများကြီး မလိုပါဘူး ရပါ တယ် လို့ မေတ္တာကို နားလယ်ပေးခဲ့ ရဘူးပါတယ် ။ တချို့ကလဲ အလှုမခံတော့ သလိုလိုနဲ့ ဘုရားလေးက သပ္ပါယ်လို နှစ်ဆူးပေးပါ ဘုရားနဲ့ ရောက်လာသမျှ လှုလာသမျှ ဘုရားဆင်းတု တော်တွေ ကုန်သွားတာပါပဲ ။ မရလို့ အမည်များတောင်မှတ်ထားပေးရပါသေးတယ် ။ နောက် တခါ အတွက် ရပါစေရမယ်လို့ အာမခံပေးရပါတယ် ။
ဘုရားဆင်းတု အဆူ(၃၀) ထပ်လှုလိုက်ကြလို့ မိမိရဲ့ ဂေါစဂံ အတွင်းက ဘုရားဆင်းတု မရှိတဲ့ မိသားစုတွေကို ထပ်မံသတင်းပေး လှုဖြစ်ခဲ့ပါသေးသည် ။ အလှု့ရှင်များကတော့ ဒေါ်ခင်မျိုးဇင်နှင့် ( Global World Insurance ) ကုမ္ပဏီ ၀န်ထမ်းမိသားစုများက(၁၃)ဆူ ၊ မာဃ ဒေ၀မိသားစု ဦးအ၀ှီး+ဒေါ်မာလာဝင်း(သုဒဿနသင်္ကန်း)က (၁၀)ဆူ ၊ မပိုအိခင် (CAE ဆယ်တန်းကျောင်းသူ)က (၇)ဆူ စုစုပေါင်းအဆူ(၃၀)လှုဖြစ်ခဲကြပါတယ် ။ အိမ်တွင်းက လက် မခံရင်ပြန်ပိုနိုင်ပါကြောင်းနှင့် အိမ်တွင်းနတ်များရှိပါက ယူလျှင်လဲ ဖယ်ပေးထားသင့်ပါ ကြောင်း ဥပါဒါန်ကြောင့် ဥပါဒ် မဖြစ်အောင် သတိလေးပေး လှုဒါန်းဖြစ်ခဲ့ပါတယ် ။ ဒီအလှုမျိုးတွေ အလှု ခံလိုက ဗုဒ္ဓဂုဏ်ရည် သာသနာစောင့်ရှောက်ရေးကိုလာရောက်အလှုခံနိုင်ကြပါတယ် ။ အလှုပေးခြင်ရင်လဲ ကိုဝင်းလွင်+ မမိုးမိုး (ကျောက်မြောင်း) ဖုံး ၀၉၇၃၀၉၄၇၉၉ ၊ ၀၉၅၀၀၆၃၄၉ ၊ ၀၉၈၆၂၄၅၈၃ တို့ဆီကိုအကြောင်းကြားလှုဒါန်းနိုင်ပါတယ် ။ ဘုရားဆင်းတု လာရောက်အလှုခံရရှိကြလို့ ပျော်ရွင်ကြည်မွှေ့တဲ့ အပြုးမျက်နှာများကလဲ ဘာနဲ့မျှ နှင့် မရှင်နိုင်အောင်လှပနေ ကြလို့ သာဓု သာဓု သာဓု လို့သာသုံးကြိမ်သုံးခါ ခေါ်မိပါတော့တယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
— with အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ထိုင်းနိုင်ငံ and 14 others.

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်