Friday 13 September 2013

“ မိခင်ကို ဆေးတိုက်ခြင်း ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ မိခင်ကို ဆေးတိုက်ခြင်း ”
https://www.facebook.com/buddhagonyipage?ref=hl

ကိုးလလွယ် ဆယ်လဖွား ၀မ်းကြီးနားစွဲခဲ့ရသောမိခင် ၊ ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ် လှုဖြစ်အောင်မွေးခဲ့ရသော ဖခင် ၊ ကျေးဇူးရှင်မိဘနှစ်ပါးအား ၀ါတွင်းကာလ မှာဝါပန်ရင်း ကျားသုံးကောင် သားသုံးယောက် စုပေါင်း၍ ကန်တော့ဦးတင် မိခင်အိမ်တွင်နား မိခင်စိတ်ချမ်းသာဘို့ ဆေးတိုက်ခဲ့တယ်ဆိုပါစို့ ။ ခမည်းတော်ကြီးခွဲခွာသွားခဲ့တာ (၁၆)နှစ်ကျော်ခဲ့ပြီ ညီမငယ်ဆုံးခဲ့တာ (၂)နှစ်တောင်ရှိပါပြီ ။ ဒီလောကထဲမှာတစ်မိထဲပေါက် လူ(၄)ယောက်မှာ သားသုံးယောက် ခင်မျှာ မိခင်နဲ့မနေရတာ ဘ၀အခြေ အသစ်စ နှစ်(၃၀)မျှပင် ရှိခဲ့ပြီ ။ မေမေစိတ်ချမ်းသာဘို့ ငွေလေးပေး ၊ ထမင်းလေး ကျွေးတာ ထက်ကောင်း သော ဆေးတစ်ခွက်အဖြစ် မိခင်ရှိရာ ငယ်ငယ်ကအိမ်မှာ ကျောင်းအဖြစ် သီတင်းသုံးရင်း ဖေဖေ့ တမ်းချင်း လောကလမ်းခင်း ညီအကိုရင်းတွေ လိုအပ်တာဆွေးနွေး ဘာသာရေး ပြောပြ မိခင် လဲပျှော်ရွှင် ဂုဏ်တင်သားများအဖြစ် မိခင်ကျေနပ် ပါ စေဆိုသော စိတ်နှင့် အိပ်ခဲ့ (ကြိမ်းခဲ့) ရပါသည် ။ မေမေအတွက် အားဆေးတစ်ခွက် အသက်ရာကျော် ရှည်ပါစေ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်