Friday 13 September 2013

“ မြသလွန် ကုန်းတော်ပေါ် ကဖန်ခါးပင်”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ မြသလွန် ကုန်းတော်ပေါ် ကဖန်ခါးပင်”
https://www.facebook.com/buddhagonyipage?ref=hl

ဘောသော ၊ ဘောကျော် ဘီလူး ညီနောင်ဟာ ဒေသစာရီကြွချီတော်မူသော မြတ်စွာဘုရားရှင်၏ ကြိမ်းစက်တော်မူခဲ့သည် မြသားသလွန်တော်ကို ဖန်ခါးသီးလှုရင်း အလှုခံခဲ့လို့ မကွေးသားတွေဟာ စီပွားရေးမျက်စိရှိကြတယ်လို့မိတ်ဆွေအချို့က နောက်တောက်တောက် ပြောတတ်ကြပါတယ် ။ ဖန်ခါးသီးဟာ ဆေးဖက်ဝင်သလို ဘုရားရှင်ရဲ့ မဟာဝါပါဠိတော်မှာ အသက်ရှည်ဆေးတမျှ နှစ်ပေါင်း ၂၅၀၀ကျော်ကပင် စာဖွဲ့ခဲ့ရသော နှစ်ရှည်ပင်တစ်မျိုးပါပဲ ။ မြသလွန်ကုန်းတော်ပေါ် မှာ အများလေ့လာနိုင်ဖို့ မကွေးဆိုရင် ဖန်ခါးသီး ၊ ဆီအိုးကြီး လို ခေါ်ဝေါ် သမုဒ်ကြသလို အညာဒေသထွက် ဆေဖက်ဝင် အပင် နဲ့ ဘာသာရေးဆိုင်ရာ ဆက်စပ် မှု့ တစ်ခုကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ် ။ သည်အချိန် သည်ကာလ ကဖန်ခါးသီး ဝေနေတဲ့ အချိန်ဖြစ်လို့ကြည်လို့လဲလှ ကြည့်လိုလဲမ၀ဖြစ်ရပါတယ် ။ အပင်သက်တမ်းမကြာပေမယ့်  ဘုရားပေါ်ကဖန်ခါးပင် ဆေးဘက်ဝင်တယ် ဆိုပြီး လက်စွမ်း ပြခြင်သူတွေကလဲ များတတ်လေတော့ ဘုရားကိုလှုဒါန်းထားသော ဖန်ခါးပင်ဖြစ်ပါသည် အသီး မခူးရပါလို့စာတန်းချိတ်ထားရတော့ မလိုပါပင် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်