Monday 16 September 2013

“ စုန်းတိုက် နတ်တိုက် လူပြုစားခံရခြင်း နှင့် ဘာသာခြားဆရာများ ”


https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ စုန်းတိုက် နတ်တိုက် လူပြုစားခံရခြင်း နှင့် ဘာသာခြားဆရာများ ”
https://www.facebook.com/buddhagonyipage?ref=hl

Htet Naung
အရှင်ဘုရား တပည့်တော် နားမရှင်းသည်ကို ရိုသေစွာမေးလျှောက်ခွင့်ပြုပါဘုရား။
တပည့်တော်ဟာ ဘာသာခြား အများစု နေထိုင်ရာရပ်ကွက်မှာနေ
ထိုင်သူတစ်ဦးပါဘုရား။ ဘာသာခြား မိတ်ဆွေများ အလွန်ပေါများပါတယ်။
တပည့်တော်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုတာတော့ ပြောပါ
ရစေ ဘုရား ဗုဒ္ဓဘာသာဝင် စစ်စစ် ပါဘုရား။ တပည့်တော် တို့ ဘာသာခြား သူငယ်ချင်း အိမ်အောက်ထက်တွင် လာရောက်ငှားနေသော ဗုဒ္ဓဘာသာ မိသားစုတစ်စု ရှိပါသည်။ ထိုမိသားစု ၏ သမီးဖြစ်သူမှာ လူပြုစားခံထား ရဟန်တူပါသည်။ တစ်စုံ တစ်ဦး ဝင်ပူးသကဲ့သို့ အော်ဟစ်
ငိုယိုကာ ရုပ်ပျက် ဆင်းပျက်နေ့ တိုင်းဖြစ်နေရပါသည်။ ဗုဒ္ဓဘာသာဝင်
များ ဖြစ်သည့်အတွက် ဘုန်းကြီးများ ပင့်ကာ ပရိတ်ရွတ်ဖက် ခြင်း
အစရှိသည့် ဆိုင်ရာ အရံအတားများ လာရောက်လုပ်ဆောင်ကြပါတယ်
သမီးဖြစ်သူအခြေအနေမှာ ပိုပို တိုးလာပါတယ်။ ဆိုး၍သာလာတယ်
ကောင်းမသွားပါဘုရား။ သို့နှင့် တစ်လခန့်အကြာမှာတော့ ဘာသာခြား
များက သူတို့၏ တရားဟော ဓမ္မဆရာနှင့် ပြကြည့်ပါလား အစရှိသည်ပြော
ကြရာ ထိုမိန်းကလေး၏ မိသားစုမှာလည်း မထူးဘူး ဆိုသည့်သဘောဖြင့်
ပြကြည့်ပါသည်။ ထူးဆန်းစွာပင် ထို ဘာသာခြားသူ သင်းအုပ်ဆရာ
(နှစ်ခြင်း ခရစ်ယာန်) ၏ ဘုရားသခင်၏ နာမတော်ဖြင့် အသင် မကောင်း
ဆိုးဝါး ထွက်သွားလော့ အစရှိသည့် ရေရွတ် ခြင်းဖြင့်ပင်
မိန်းကလေးမှာ ပျောက်ကင်းသွားပါသည်။ နောက်ရက်များတွင်လည်း
ရောဂါ မထတော့ ယူပစ်သလို ပျောက်ကင်းသွားပါသည်။ တစ်မိသားစု
လုံးလည်း ခရစ်ယာန်ဘာသာ ဝင်ကုန်ပါသည်။
တပည့်တော် လျှောက်ထားလိုသည်မှာ ဘုန်းတော်ကြီးထက် ခရစ်ယာန်
ဓမ္မဆရာက ဘုန်းကြီးသွား၍လား ? ဘုန်းတော်ကြီး၏ အကျင့်သီလ
မပြည့်စုံသေး၍လား ? သို့တည်းမဟုတ် ခရစ်ယာန်ဓမ္မဆရာနှင့်တွေ့
ပါမှ ပျောက်ကင်းရမည့် ဘဝါဘဝက အကျိုးဆက်ပေလား
တပည့်တော် တွေး၍မရပါဘုရား ။ ဗုဒ္ဓဘာသာတွင် အကျင့်တရားကို
အဓိကထားပါသည်။ ခရစ်ယာန် အများအားဖြင့် နှစ်ခြင်းခရစ်ယာန်က
ယုံကြည်မှုကို အဓိကထားပါသည်။ အကျင့်သီလ နှင့်ပက်သက်၍ သေချာ
စွာ ဆုံးမထားခြင်းမျိုးကို မတွေ့ရပါ။ သို့သော် ထို ယုံကြည်ခြင်းကိုသာ
ဟောပြောသည့် Bible ဆိုသော ကျမ်းစာအုပ်ကို ကိုင်ကာ ထိုမိန်းကလေး
၏ လူပြုစားရောဂါ ကို အမြစ်ဖြတ်လိုက်သော စွမ်းအားသည် ဘယ်က
ရသနည်း။ တပည့်တော်အား သေသေချာချာ ရှင်းရှင်းလင်းလင်း
ဖြေကြားပေးတော်မူပါဘုရား။

လေးစား ရိုသေစွာဖြင့်
ထက်နောင်ဦး
“ စုန်းတိုက် နတ်တိုက် လူပြုစားခံရခြင်း နှင့် ဘာသာခြားဆရာများ ”
မင်္ဂလာပါ ဒယကာလေး ကိုထက်နောင်ဦးရေ
မိရိုးဖလာဗုဒ္ဓဘာသာ မဟုတ်တဲ့မင်းမှာ ဒီလိုအဖြစ်ပေါ်မှာ နားမလယ်တာရယ် သဘောသွားကို သိခြင် တာရယ် ကြောင့်မေးလာတဲ့အတွက် ရိုးသားတဲ့မင်းရဲ့နှလုံးသားဟာ ဗုဒ္ဓတရားတော်နဲ့ ထိုက်တန် လှပါ ပေတယ် လို့ ပဏာမ ချီးကျူးလိုက်ပါရစေ ။ မင်းနဲ့နီးစပ်တဲ့ ပါတ်ဝင်းကျင်ဟာဘာသာခြားများသလို အိမ် အောက်ထပ်မှာ လာငှားနေသူမှာလဲ ဒီလိုပဲဘာသာခြားများနဲ့ နီးစပ်နေ ပါလိမ့်မယ် ။ ပြဿနာက ဥပါဒန် ဆိုတဲ့ စွဲလမ်းမှု့ပါပဲ ဘယ်အရွယ်တွေမှာ ဖြစ်သလဲဆိုရင် အပျိုဘော် လူပျိုဘော်ဝင် စအချိန်တွေမှာ ဖြစ်တတ် ကြပါတယ် အသက် ၄၀ ကျော်နဲ့ သက်ငယ်ပြန်တဲ့ အချိန်တွေမှာဖြစ်တာလဲအတူတူပါပဲ ။ အဓိက က ဆန္ဒနဲ့ ဘ၀ မမျှတခြင်းပေါ့ ။
လိုခြင်တာရယ် ရနေတာရယ် အဆင်မပြေတဲ့လူ့အသိုင်းဝိုင်းမှာ ဆင်းရဲ့ ချမ်းသာ မရွေး ဒုက္ခပေးတာ လောဘ တဏှာ ပါပဲ ၊ ဒါကိုသတိမထားနိုင်တော့ ဒေါသကြောင့် ရူးသွပ်ခြင်းဖြစ်တာဟာ ပညာနဲလို့ မောဟ ကြီး လို့ ဗုဒ္ဓရဲ့ ဒေသနာတွေကို တကယ်မလေ့လာ မသိသေးလို့ပါပဲ ။ လူပြုစားတယ် ၊ သရဲသဘက်ပူးတယ် နတ်ပူးတယ်စတဲ့ အဖြစ်မျိုးတွေဟာ အမည်ခံဗုဒ္ဓဘာသာ မိရိုးဖလာဗုဒ္ဓဘာသာ တွေက ဖြစ်တတ်ပါတယ် သရဲတစ္ဆေယုံပြီး အစွဲလမ်းကြီးတဲ့သူတွေ ကံနဲ့သံသရာကို သူတို့နားလယ်သလို ကြားဘူးနားဝ ယုံကြည်သူ တွေမှာ ဖြစ်တတ်ကြပါတယ် ။ စိတ်ပျော့တဲ့သူတွေ အဖြစ်များတယ်လို့ အကြမ်းဖြင်း မှတ်ယူလို့ ရပါတယ် ။ လင်တရူး မယားတရူးလို့လဲခေါ်ကြသေးတာပေါ့ ။ အများအားဖြင့် မိမိလိုခြင်တာကို တောင်းဆိုမှု့ ပုံသဏ္ဍန် ပြောင်းသွားတာ စိတ်ရောဂါတစ်မျိုးပါပဲ ။ ဘယ်လို ပြောက်နိုင်သလဲ အချိန်နဲ့ဖြစ်ပေါ်လာသလို အချိန်ယူပြီး နားလယ်မှု့ပေးမှ အသိမှန်ပြန်ဝင်မှ လုံးလုံးပြောက်ပါတယ် ။
ဥပါဒါန်ကြောင့် ဖြစ်တတ်တာကို လင်ယူ မယားယူရင်လဲ လုံးဝ ပြောက်သွား တတ်ပါတယ် ။ ချစ်တရား ကြောင့် ဖြစ်ပေါ်လာတတ်သလို အကြောက်တရားကြောင့်လဲ ပြောက်တတ်တယ် ၊ အကြောက်တရားကြောင့် ဖြစ်ပေါ် လာတတ်သလို မေတ္တာဆိုတဲ့ အချစ်တရားကြောင့်လဲ ပြောက်တတ်ပါတယ် ။ အသိမှားကြောင့် ဖြစ် တာ ကို အသိမှန်ဖြစ်အောင် ၀ိုင်းဝန်းနားလယ် ပြုပြင်တာက အကောင်းဆုံးပါ ။ စိတ်ငြိမ်ဆေးတွေ ကြွေးရင်လဲ အဆင် ပြောတတ်ပါတယ် ။ မြန်မာတွေကတော့ ဇီးယို ကြွေးကြသလိုပေါ့ ။ ပြောလိုတာက စိတ်ငြိမ်ဆေးတွေ ထုပ်တဲ့ အခြားဘာသာနိုင်ငံတွေ မှာ ပိုဆိုးပါတယ် ။ စိတ်ရောဂါကု ဆေးတွေ ဆေးရုံတွေ ပိုများပါတယ် ။ ရုပ်ဝတ္ထု တွေ နောက်လိုက်ရင်း စိတ်ရဲ့ သဘာဝနဲ့မကိုက်ညီတော့ ။ ရူးရင်ရူး ၊ ကြောင်ရင်ကြောင် နောက်ဆုံး ဘာသာမဲ့တွေ အဖြစ် ခံယူလိုက်ကြတာ များပါတယ် ။ ဓမ္မသဘောကို မသိရင် ရဟန်းသာဝတ် ထားတာ သင်္ကန်း တန်းလမ်းနဲ့ ခပ်နှန်းနှန်း ဖြစ်တတ်တာလဲ ရှိတတ်ပါတယ် ။ ဘုန်းကြီး ရဟန်းသီလရှင် ၀တ်လိုက် လို့ ပြောက်သွားတာတွေ အများကြီးပါ ။ ဘာကြောင့်လဲ ဆိုတော့ ပါတ်ဝင်းကျင် မတူသလို့ စိတ်ထိမ်းချုပ်မှု့ ရသွား လို့ပါပဲ ။ ငယ်ငယ်ကဒီလို ဖြစ်တဲ့ သူတွေဟာ အများအားဖြင့် အသက်အရွယ် ရလာရင် မဖြစ်တတ် ကြပါဘူး စဉ်းစားမိ တိုင်းရှက်ပီး ရီနေရမယ့် အဖြစ်လေ ။
လူပြုစားခံရတယ် ၀င်ပူးတယ် ဆိုတာတွေဟာ ဘာသာတရားရောင်ဆောင် ထားတဲ့ရိုးရာ ယုံကြည် မှု့တွေ က ပေါက်ဖွားလာတဲ့ စကားတွေအဖြစ်တွေပါ ။ ဒီလိုအခြေနေရှိတာကို အခွင့်ကောင်းယူ လုပ်စားတဲ့ အထက်လမ်း အောက်လမ်း စုန်းပူးနတ်ပူး ဘိုးတော်ပွဲ မယ်တော်ပွဲတွေဟာ မင်းပြောတဲ့ ကုပေးတဲ့ ဘာသာရေး ဆရာလိုပဲ ဗုဒ္ဓဓမ္မကို အစာမကြေဖြစ်နေတဲ့ ရောဂါသယ်ခြင်း ဘုန်းကြီးရူး နဲ့ လှေလူးနဲ့ကိုက်သလို အခိုက် အတန့် ပါပဲ ။ မင်းစောင့် ကြည့်နေ ဘာသာပြောင်းပြောင်း ဒီစိတ်အစွဲကြီး မကောင်းသ၍ တနေ့ပြန်ဖေါက် တတ်ပါတယ် ။ ဒါမျိုးလုပ်တာ ကို ထွက်ပေါက်လို့ထင်သွားတတ်လို့ပါ ။ အရူးပါး ဆိုသလိုပေါ့ ရူးလို့ ကောင်း လို့ ရူးကြရင်း ကြာတော့ တကယ်သွက်သွက်ခါ ရူးသွားရတာ ဆေး မမှီတော့ အောင်ဖြစ်ကြရတာပါပဲ ။
ဘာသာခြားသူ သင်းအုပ်ဆရာ(နှစ်ခြင်း ခရစ်ယာန်) ၏ ဘုရားသခင်၏ နာမတော်ဖြင့် အသင် မကောင်း ဆိုးဝါး ထွက်သွားလော့ အစရှိသည့် ရေရွတ်လို့ပြောက်တာ လုံးဝမဟုတ်ပါဘူး ။ သူတို့ သားသမီး တွေ ဖြစ်လာ ရင်တောင် ခြေမကိုင်မိ လက်မကိုင်မိနဲ့ သာကြီးသမီးကြီးတွေ ဘိန်းစွဲ အရက်စွဲ ဖြစ်ကုန်ရတာ အများကြီးပါ ။ ဘုရားသခင် နာမတော်လို့ပြောတာနဲ့ ရောဂါ ပြောက်ရအောင် ကျမ်းစာနားမလယ်ကြလို့ပါ ။ ရမ်းတုပ် မှန်း တုပ် ၊ ဟုတ်တုပ်တုပ် ဆိုသလိုပါပဲ ။ ဘုရားသခင်နာမတော် ဆိုတာ ဘယ်သူလဲဆိုတာ တကယ် မသိလို့ပါ ။ ဖားသားလား ၊ ဂေါ့လား ၊ အယ်မိုက်တီးလား ၊ ဂျေဟိုးဘားလား ၊ ရေဟောဝါလား ၊ ဧလိ လား ၊ အလာလား ။ ကွဲကွဲပြားပြား မသိကြလို့ ဘာသာကြီး သုံးခုတောင်ကွဲသွားရတာ( ဂျူး ၊ ခရစ်ယာန် ၊ အစ္စလာမ် ရယ် ) ဖန်ဆင်းရှင် စကားနားထောင်ပုံ မတူကြလို့ ဘာသာတိုင်းမှာလဲ အသင်းတွေ ဂိုဏ်းတွေ ကမ္ဘာပေါ်မှာ အများ ကြီး ကွဲသွားရတာ ထားပါတော့ ဒါကသူတို့ကိစ္စ ။ ဘုရားသခင်ဆိုတာ ( ဗုဒ္ဓ ၊ ဗုဒ္ဓေါ ၊ ဗုဓါး ၊ ဘုရား ၊ ဖရား ) ကလာတဲ့ ဗုဒ္ဓ ကလာတဲ့ ပါဠိသက် ပါဠိပျက်လေ ကိလေသာမှနိုးထသူလို့ ဆိုထားတာ ။ သူများအဖေ ကို ကိုယ်အဖေ အမှတ်နဲ့နာမယ်မှားခေါ်လို့ နားထောင်ရကြေး ရောဂါပြောက်ကြေး ထူးကြကြေး ဆိုခက် ခက် ရချည်ရဲ့ ။ မသိလို့ပါ နားမလယ်လို့ပါ ဒါမျိုးကို အောက်လမ်းနည်းလို့ခေါ်တာပေါ့ ။ ခေါ်လျှင်ထူးမည်လို့ သူတို့ကျမ်းစာထဲပါသလို ၊ ငါ့၏ အမည်အား မုသာဖြင့်မဆိုရလို့ ပညတ်တော်(၁၀)ပါးထဲမှာပါပြီးသား ၊ ကျမ်းစာ ဘာသာပြန်သူရဲ့စကား ယုံစားနေတဲ့ မြန်မာနိုင်ငံက ဘာသာခြားတွေ မသိလို့ ၊ သိလဲမပြင်ရဲလို့ ပြင်မယ် ဆိုလဲ ရပ်တည်စရာ နေစရာ မရှိမှာ ကြောက်လို့ ။ ဖန်ဆင်းရှင် အမည် သွားမေးတဲ့သူ ရှိခဲ့ပါတယ် ဖြေလိုက်တာက ( I am I) ငါဟာ ငါပဲဖြစ်တယ် တဲ့ တခြားမရှိဘူး ဆိုတော့လဲ အခက်သားလား ။ GOD ဆိုတာ နတ်ဘုရားလို့ ပြောနေတဲ့ အလုံးစုံပိုင်သတဲ့ နတ်အကြီးဆုံးလေ ။ ကမ္ဘာဦးက တိုင်း ပြောက်သွား လိုက်တာ အမည်အမှန်လဲ ဘယ်သူမှ မသိကြ နောက်လဲမလာ လာတယ် ဆိုတဲ့သူ ကလဲ ( Father & Master ) အိုဖခင် ၊ အိုသခင် ပဲလုပ်ခဲ့တာ ဘယ်လိုလုပ် (ဗုဒ္ဓ) ဘုရားဖြစ်ရမှာလဲ အဲဒါလိမ်တာ ။ ဘုရား တလို့ငရဲကြမယ့်သူတွေလို့ ဘုန်းဘုန်းရေး ဘူးပါတယ် ။ ဆေးမှားကြီး သောက်လို့ ပြောက်တယ်ဆိုလဲ တိုက်ဆိုင်တယ်လို့ မထင်ပါလေနဲ့တွေ့သခိုက် ဟုတ်သလိုနဲ့ကြာရင် ဒါထက်ဆိုးသွားတတ်တာကို မင်းလဲ သိပြီးသား ဖြစ်မယ်ထင်ပါတယ် မောင်ထက်နောင်ဦး ။
အခြားဘာသာတွေမှာ အနာငြိမ်းခြင်း ဆုတောင်းခြင်းတွေဟာ ရှိကြပါတယ် ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တွေမှာ ပရိတ်ရေသောက်ခြင်း လက်ဖွဲ့ အဆောင်ကြိုး ချီခြင်းတွေ ပေါ့ ။ အခြား အားကိုး ရှာတာပေါ့ ။ ကယ်တင်လိမ့် နိုးနိုးနဲ့ စိတ်ပြောင်းလို့ အိတ်ဖောင်းနိုး ကြိုးစားတတ်တဲ့သူတွေ လူညံတွေ အလုပ်ပါ ။ ရှေးက နယ်စပ် ဒေသတွေမှာ ဘာသာခြားဆရာဝန် ၊ သူနာပြုတွေက ခေတ်မှီဆေးဝါးတွေသုံးပြီး သူတို့ ဘာသာဝင် အောင် သွေးဆောင် ဆုတောင်းသွားကြတယ် ။ သူတို့ကိုယ်တိုင်လဲ ပညာသဘောကို မသိပဲဖြစ်ဖြစ် သိရဲသား နဲ့ဖြစ်ဖြစ် အစွဲလမ်းအောက် မြုတ်သထက် မြုတ်သွားကြတယ် ။ တရာပါဆာလဖာ လေးတိုက် ၊ ပင်နယ်စလင် လေးထိုး အဖြားပြတ်အောင်ဆုတောင်း နေကောင်းရင် ဘာသာထဲ ၀င်ခိုင်း နစ်ခြင်းပေးလိုက်နဲ့ ( ဘာစပရိုနဲ့ ) အကိုက် အခဲ ပြောက်ဆေးလေးလောက် နဲ့ လဲ ကချင်တွေ ၊ ချင်းတွေ ၊ ကရင်တွေ ကို ရိုးရာ ယုံကြည်မှု့ ကနေ ဆွဲထုပ်ပြီး သူတို့ ဘာသာထဲ ၀င်စေတာ ၊ ဘယ်လောက် ရင်နာစရာ ကောင်းလဲ သနားစရာ သံသရာနဲ့ ဥစ္ဆေဒ ဒိဌိဆိုတဲ့ အပြတ် ယူတဲ့ ဘာသာထဲရောက်ပြီး လွတ်မြောက်ရာ မတွေ့ ချမ်းသာရာကို အကောင်းကြီး ပြောပီး လမ်းဆုံး သွားတာ မင်းသာ စဉ်းစားကြည့်တော့ ။ ခေတ်မှီ စိုက်ပျိုးရေး ပညာတွေသုံးပြီး လိမ်လယ် ဘာသာပြုသွားတာပဲ ။ စေတနာကောင်းစိတ်ကောင်းနဲ ဆေးကု တာ စိုက်ပျိုးရေးပညာ ပေးတာ မဟုတ်ပဲ အောက်လမ်းနည်း သုံးပြီး ကျွန်ပြု ဘာသာပြု ခဲ့တဲ့ လိမ်လယ် ချက် တွေပါပဲ ။ အထည်လေးပေး အလှုလေး လုပ် ပြီးဘာသာဝင် စေတာတွေဟာ ဦးနောက်မရှိ ပညာနဲ တဲ့သူတွေ အပေါ် ဘာသာဖျက် လက်နက်လို အသုံးခြခဲ့တာ ဟိုးနှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပီပေါ့ ။ မင်းနားလယ် စေလိုတဲ့ စိတ်နဲရှင်းပြတာ တော်တော်လေး တောင်ရှည်သွားပီနော် ။
အော်ဟစ်ငိုယိုကာ ရုပ်ပျက် ဆင်းပျက် ဆိုတော့ ငိုတယ်ဆိုတာဒေါသလေ ၊ တစ်ယောက်ရောဂါ ပြောက်လို့ တစ်အိမ်လုံး ၀င်သွားတာ ၀မ်းနဲ့စရာ မရှိ ပါဘူးကွာ ။ ဘယ်လောက် ဗုဒ္ဓဘာသာအသိစိတ် အခံ ဘယ်လောက် ရှိသလဲဆိုတာ ဒါလေးကြည့်လိုက်ရင် သိသာလှ ပါတယ် မယုံမရှိနဲ့ဟေ ရောဂါ ဖြစ်ပါတယ် ဆိုတဲ့ကောင်မလေးက အဲဒီဘာသာခြား တစ်ယောက် နဲ့ယူဖြစ် အိမ်ထောင်ပြုဖြစ် ပါလိမ့်မယ် ။
တို့ ဗုဒ္ဓဘာသာက ဒီလိုဆေးကုလို့ကျောင်းထိုင်တာကို ကုလဒူသနခေါ်တဲ့ မစင်ကျယ်တဲ့ သက်မွေးမှု့ ကိုအားမပေးဘူး မလုပ်ဖို့ ဗုဒ္ဓကမိန့်ကြားခဲ့တယ် ။ သစ်သီးပေး ပန်းပေး စတဲ့ လာဒ် လာဘ မျှော်ကိုးပြီး လုပ်တဲ့ အလုပ်အားလုံးကို ခွင့်မပြုဘူး ဘာသာဝင်လူစုဘို့ဆိုတာ မပြောပါ နဲ့တော့ ။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးထက် ခရစ်ယာန်ဓမ္မဆရာက ဘုန်းကြီးကသာသွား၍လား ? ဘုန်းတော် ကြီး၏ အကျင့်သီလ မပြည့်စုံသေး၍လား ? လို့ မယူလိုက်ပါနဲ့ကွာ ၊ အစိမ်းသေအားကိုး ၊ သူတပါးအား ကိုးနေရတဲ့ ကိလေသာ ဗလပွ နဲ့ ဓမ္မဆရာနဲ့၊ ဦးခေါင်းကဆံပင်ပါယ် ၊ တစ်ရောင်ထဲသော သင်္ကန်းဝတ် ကိလေသာ လွတ်အောင်နေရတဲ့ ဆရာတော်တွေနဲ့ နိုင်းယှဉ်ရသော် မအပ်ပါဘူး ကိုထက်နောင်ဦးရေ ။ ဘဝါဘဝက အကျိုးဆက်တွေလားလို့မင်းပြော တယ်နော် ဘ၀အဆက် ယူတာကို မင်းတို့ပြောသလို ဘ၀တစ်ခုနဲ့ ဘ၀တစ်ခု ၀ိညာဉ်ဆိုတဲ့ အထည်အကောင်လိုက်တာ မဟုတ်ပဲ ဓမ္မသဘော နဲ့ ကံ ရဲ့ အရှိန် အစော် အာနုဘော်ကို နားလယ်အောင် သင်ကြားမှု့နားလယ်မှု့ မရှိပဲ မတတ်မြောက်ပဲ ဖြစ်နေ ရတာ ကိုက တို့ဗုဒ္ဓဘာသာ မှာ ဘာသာရေး ၀မ်းဖေါ ၀မ်းရောင် လိုက်နေသူတွေ ယူသုံးတဲ့ စကားလုံး တွေပါပဲ ။
သူတို့ပြောတဲ့ နတ်ဆိုးဝိညဉ်ဆိုး မောင်းထုပ်ဘို့မဆိုထားနဲ့ သူတို့ဖန်ဆင်ရှင် မဖန်ဆင်းပဲ ရှိနေခဲ့တဲ့ စေတန် ဆိုတဲ့ နတ်ဆိုး ကိုတောင် ကမ္ဘာဦးကတည်းက မနိုင်လို့ လက်မှိုင်ချခဲ့ရတာ အခုထိ ။ သူဖန်ဆင်း ခဲ့ပါတယ် ဆိုတဲ့ လူသား စေတန်စကားနဲ့ ဖန်ဆင်းရှင်စကား ဘယ်သူ့စကားနားထောင်နေလဲ ဘယ်သူက နိုင်နေ သလဲလို့ သူတို့ ပိုသိပါတယ်ကွာ ။ ထုံးမန်း ကွမ်းမန်းလောက် ကဖြင့် ချွေးထုပ်ငန်းဆေး လောက် တောင် စိတ်မချရပါဘူး မောင် စိတ်ကြောင့် ဖြစ်တာ စိတ်နဲ့ပဲကုရမှာပေါ့ ။ ရေကြောင့်ဖြစ်တဲ့ ရွံပေရင် ရေနဲ့ ဆေးမှ ပြောင်သလိုပါပဲ ။ ပရိတ်ကြိုး ပရိတ်ချည် ပရိတ်အိုး ပရိတ်ရေက တော့ စိတ်ကိုသက်သာရာ ရကြောင်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ ပြောက်လောက်အောင် ကောင်းတဲ့ဆေး မဟုတ်မှန်း ဗုဒ္ဓဘာသာ စစ်စစ် တွေ သိကြပါတယ် ။ ဘုရားကု ကုတယ်ဆိုတာ စိတ်ရောဂါ ရှိသူ ကို စိတ်သက်သာရအောင် တရားရေ အေး အမြိုက်ဆေး တိုက်ကြွေးမှ တရားသဘောပေါက် ပြီးအေးချမ်း ပြောက်ကင်းတာကို ဆိုလိုတာပါ ။
ဘာသာတရားတိုင်းက သမထဆိုတဲ့ စိတ်စုစည်းမှု့ စိတ်တည်ငြိမ်မှု့ကို ဒီ ကနေ့ လက်ခံလာ နေကြ ပါပီ ။ ဖန်ဆင်းရှင်က ဒီတိုင်းလုပ်ပါ ဒီလိုမလုပ်ပါနဲ့ ဒီစကားနားထောင်ပါ ယုံကြည်မှ ဖြစ်တဲ့ ကိုးကွယ် ရတဲ့ ဘာသာ တွေမှာ မျက်စိမှိတ် ယုံကြည်ရပီး စဉ်းစားဆင်ခြင်ခွင့် မပေးဘူး DO & DONT ပဲ ။ အကြောင်းအကျိုး မရှိဘူး ကောင်းတာလုပ်ရင် ကောင်းကျိုးရတာ မဟုတ်ဘူး ။ ခိုင်းတာလုပ် မခိုင်းတာလုပ်ရင် ကန့်နဲ့လောင်တဲ့ ထာဝရငရဲဘုံ ကိုပို့မှာ ။ စကားနားထောင်ရင် ယုံကြည်တယ်ဆိုတိုင်းလဲ မရဘူးနော် ဖန်ဆင်းရှင်ကြိုက်မှ သဘောကြမှ ထာဝရအသက် ရမှာ ။ ထာဝရချမ်းသာ ဟုတ် မဟုတ်တော့ဘယ်သူမှတတ်အပ် မပြောနိုင် သေးဘူး ။ လောကမှာတောင်ညီမျှ အေးချမ်းမှု့မပေးဆောင် နိုင်ခဲ့ပဲ ကယ်တင်ရှင်စကား နှင့် ဖန်ဆင်းရှင် စကားတွေတောင် ရှေ့နောက် မညီ နားမထောင်ကြလို့ အသတ်ခံရတာ ။ အဲဒါတွေ ဟာသေရင် အကောင်း စားတွေ အားလုံး အတူတူရမယ် ဆိုတာ မင်းလက်ခံနိုင်မလား ။ ဖန်ဆင်းရှင် နဲ့ ကယ်တင်ရှင် စကားတောင် ဆန့်ကျင်ဘက်တွေဖြစ်နေတာ ဘာသာပြောင်းကုန်လဲ စိတ်မကောင်း မဖြစ်ပါနဲ့ မောင်ထက် နောင်ဦးရေ သူ့ အကြောင်းနဲ့ သူပေါ့ ကွာ ။ လင်တရူး မယားတရူးတွေ ရှိတဲ့ အရပ် လစ်ဗင်းတူဂဲသား ဆိုတဲ့ အိမ်ထောင်မပြု အတူနေ ၊ သားဖွားခွင့် ပြုထားတဲ့ ဘာသာဝင်လုပ်ခြင်သူတွေရဲ့ ဇရပ်တခုလို သဘောထား ခွင့်လွှတ် ဥပက္ခာ ပြုလိုက်ပါ နားလယ်ပေးလိုက်ပါ ။
ဘယ်ဘာသာတရားမှ လိုက်မတုနိုင် လိုက်လုပ်လို့မရတာ က ၀ိပဿနာ ။ အခြေခံက မမြဲဘူးဆိုတဲ့ အနိစ္စ ၊ သူတို့ကထာဝရမြဲတဲ့ ဖန်ဆင်းရှင်က ရှိနေပြီးသားလေ ။ ထာဝရချမ်းသာဘုံကို ပို့ရမှာဆိုတော့ ဆင်းရဲ ဆိုတဲ့ ဒုက္ခကို လေသံတောင်မကြားခြင်ဘူး မဖြစ်လို့သာခံနေရ ရှိမယ် ။ ထာဝရငရဲ သွားရမှာ ကြောက်မှ သူတို့ ဘာသာ ကြီးထွားဘို့ ဘာသာရေးမှိုင်းတိုက်လို့ရမှာလေ ၊ ဘယ်အရာမှ ကိုယ်ပိုင်မဟုတ်တဲ့ အနတ္တ ။ လူသားကို ဖန်ဆင်းရှင်ပိုင်ထား တယ်လေ ဘယ်လို့မှ အခြေခံက မတူတော့ အတုလိုက်လုပ်လို့ မရတာ ၀ိပဿနာပဲ ၊ ဒီသဘောကို အမှန်သိခဲ့ ရင်လဲ ဘယ်ဘာသာဝင်က ဆွယ်ဆွယ် မလွယ်တော့ဘူး မရနိုင် တော့ဘူး ။ တရားရေစီးကြောင်း ပေါ်ရောက်ပြီး တကယ် ခိုင်မြဲ သွားတာကို သောတာပန္န လို့ခေါ်တာပေါ့ ။
Bible ဆိုသော ကျမ်းစာအုပ်မှာ အကျင့်သီလ နှင့်ပက်သက်၍ သေချာစွာ ဆုံးမထားခြင်းမျိုး ကိုမတွေ့ရ ပါ လို့ မင်းပြောတယ်နော် တကယ်တော့ အသိမှန်မှ အကျင့်မှန်မှာ လေ ။ အသိမှားနှင့်ဆို အကျင်မှား ရောင် ၀ါးဝါး တွေ လုပ်သလို အမှားသံသရာ ဘယ်လွတ်ပါတော့ မလဲ မောင်ထက်နောင်ဦးရေ ။ Bible ဆိုသော ကျမ်း စာ အုပ်ကို ကိုင်ကာ ထိုမိန်းကလေး၏ လူပြုစားရောဂါ ကို အမြစ်ဖြတ်လိုက်သော စွမ်းအားသည် ဘယ်က ရ သလဲ ဆိုတာ လိမ်လည်ခြင်းကရတယ် လိုပဲပြောလိုက်ပါရစေ ။ ကုတဲ့ဆရာကိုယ်တိုင်အသိဆုံးပါ အမြစ်ဖြတ် လိုက်သော စွမ်းအားဆိုတာ ကယ်တင် ခြင်း အားဖြင့်လို့ပြောခြင်ကြသေးသလား ။ ဖန်ဆင်ရှင်အားဖြင့်မဟုတ် ရပါဘူးကွယ် လူလူခြင်းအားဖြင့် ဘာသာ ဆွယ်တဲ့ နည်းစနစ်တွေပါပဲ ။ တကယ့် ကျမ်းစာနားလည် လိုက်စား တဲ့ သာသနာပြုတွေက ဒါမျိုးတွေ လက်မခံပါဘူး လို့သာ ပြောလိုက်ပါရစေတော့ ။ ကဲ ဘယ်လိုပဲ ဖြစ်ဖြစ် ဘုန်းဘုန်း ရှင်းပြတာ နားလယ်လောက် မယ် ထင်ပါတယ် ။ သေသေချာချာ ရှင်းရှင်းလင်းလင်း ဖြေကြားပေးပါ ဆိုလို တတ်နိုင်သမျှ ဖြေကြားပေးလိုက် ပါတယ်နော် ကြိုက်ရင်လဲ လက်ခံနိုင်သလို မကြိုက်ရင်လဲ ထပ်မေး နိုင် ပါသေးတယ် ။ ဘုန်းဘုန်းကျောင်းကိုလဲ လာရောက် မေးနိုင်သလို ။ ဘာသာခြားဆရာတွေလဲ မရှင်းလင်း တာ ရှိရင် လာရောက်ဆွေးနွေးနိုင်ဘို့ ဖိတ်ခေါ်ပါတယ် ။ လိမ်လယ်မှု့ ဆိုတာ ဖုံးထားသ၍ မတွေ့နိုင်မမြင် နိုင်သေးပေ မယ့် စစ်မှန်မှု့ဆိုတာ ကြာလာရင် အတိုင်းသား ထင်ရှားလာမှာပါ ။
မင်းကြေနပ် နှစ်သိမ့်နိုင်ပါစေ

ဗုဒ္ဓဂုဏ်ရည်ဆရာတော်
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

မှတ်ချက်မင်းဖေ့ဘုတ်ကပုံလေးနဲ့တင်လိုက်ပါတယ်နော်

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်