Thursday 19 September 2013

“ လေးအိမ်စုဆရာတော်ဘုရားကြီး နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ လေးအိမ်စုဆရာတော်ဘုရားကြီး နှင့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် ”
https://www.facebook.com/buddhagonyipage?ref=hl
လေးအိမ်စုဆရာတော်ဘုရားဆိုတာ နိုးဆော်သံသီချင်းကို စတင်မွေးဖွားစေခဲ့သော နိုး ဆော်သံကဗျာလေးအား ရေးသားခဲ့သည့် လေးအိမ်စုအရှင်ဝိစိတ္တသာရ ဆရာတော်ပင်ဖြစ် ပါသည် ။ မိမိရွာ လေးအိမ်စုရွာလေး ကိုခံစားနားလယ်၍လွန်ခဲ့သောနှစ် ၃၀ နီးပါက ရေးသား ခဲ့သော ကဗျာလေးကို မကွေးယဉ်ကျေးမှု့သင်တန်းမှ ပေါက်ဖွားစေခဲ့သောသီးချင်း သည် နိုင်ငံအနှံ ပျံနှံကျော်စော အမျိုးသားရေးဘာသာရေး သီချင်းအဖြစ်အောင်မြင်ခဲ့ပါသည် ။ ဗုဒ္ဓဂုဏ်ရည် ဆရာတော်အရှင်အဂ္ဂဓမ္မ မှ ဆရာတော်ဘုရားရှိရာ လှော်ကားကန်အနီးရှိ အမြိုက် တရားစခန်း သို့သွားရောက်ကန်တော့ တွေဆုံဆွေးနွေးခဲ့ပါသည် ။ သီချင်းသမိုင်း အဖြစ် မှတ်တမ်းတင်ရင်း ဗုဒ္ဓဂုဏ်ရည် ဆရာတော်၏ စွမ်းဆောင်ခဲ့မှု့များအား အမှတ်တရ ဂုဏ်ပြု လက်ဆောင် ပေး အပ်လိုက်ပါသည် ။ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်အတွက် ရေးသားခဲ့သော စကားလက်ဆောင် စာအုပ် ၊ တရားလက်ဆောင်စာအုပ်များ လဲစေတနာထားစွန့်ကြဲလိုက်ပါသည် ။ သဒ္ဓါတရား အားကောင်းသော ဆရာတော်ဘုရားကြီး ဘုန်းတော်ကြီး၍ သက်တော်ရှည် ကျမ်းမာချမ်းသာ ပါစေ ဟု၍ သာဆုတောင်း မေတ္တာပို့သအပ်ပါသည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်