Monday 2 September 2013

“ ဘုရားဖူးရင်း လိပ်ဥတူး သလို လား”

“ ဘုရားဖူးရင်း လိပ်ဥတူး သလို လား”

ဘုရားဖူးရင်း လိပ်ဥတူးသလို လား အကုသိုလ် မပွား ကုသိုလ်များအောင် သတိဆောင်လို့ ကိုတင့်နိုင်+မဆုမိုရ်(Fab Favourite Fitness Centre )ကာယအလှပြုပြင်ရေးဆိုင် ၊ လည်း တန်း မိသားစုတို့က ဘုရားအဆူ(၁၀၀)ကို ဗုဒ္ဓဂုဏ်ရည်ရိပ်သာကိုလာရောက်လှုဒါန်းရင်း ဗုဒ္ဓဂုဏ်ရည် ဇီဝိတဒါန အခမဲ့ဆေးခန်းလေးကိုအလှုတော်ငွေ (၅၀၀၀၀/ိ)ငါးသောင်းကျပ်တိတိ လှုဒါန်းဖြစ်ခဲ့ကြပါတယ် ။ ကိုတင်နိုင်+မဆုမိုရ်(သမီး)မဆုလာဘ်ဝေမိသားစုက (၃၀၀၀၀/ိ) သုံးသောင်း ၊ ဒေါ်ခင်မျိုးဇင် က(၁၀၀၀၀/ိ)တစ်သောင်းကျပ် ၊ ဒေါ်ဝင်းမိုရ်က (၁၀၀၀၀/ိ) တစ်သောင်းကျပ် ကုသိုလ် စုစုပေါင်း (ငါးသောင်းကျပ်) မေတ္တာမျှဝေ လှုဒါန်းပါလေတယ် ။ ဘုရားလဲလှု ကုသိုလ်လဲယူ ဘယ်သူပြိုင်လို့လှပါတော့နိုင် ဆိုသလို အကောင်းပေါ် အကြောင်း ဆင့် နိဗ္ဗာန်ဖြင့် သာမကပဲ လောကမှာလဲ ကျမ်းမာချမ်းသာ အောင်မြင်ပါစေလို့ ထပ်လောင်းမေတ္တာပို့သအပ်ပါကြောင်း သတင်းကောင်းပါး အပ်ပါပေတယ် ။ လိပ်ဥတူး တာမဟုတ်တဲ့ ဘုရားလှုရင်း ကုသိုလ်ထူးများ ထုပ်ယူ သွားတယ်လို့သာမြင်မိပါတော့တယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်