Wednesday 4 September 2013

“ အမျိုးဘာသာ သသနာ စောင့်ရှောက်ရေး ဘယ်လဲ ဘာလဲ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ အမျိုးဘာသာ သသနာ စောင့်ရှောက်ရေး ဘယ်လဲ ဘာလဲ ”
https://www.facebook.com/buddhagonyipage?ref=hl

ခေတ်ကာလအရ တိုင်းပြည်နှင့် နိုင်ငံ ၊ လူမျိုး နှင့် ဘာသာ ဒီလို လိုအပ်နေတဲ့အချိန်မှာ ပေါ်ထွန်းလာခြင်းကြောင့် အမျိုးဘာသာသသနာစောင့်ရှောက်ရေး အသင်းကို အားထား မျှော်လင့်မိသည်ကတော့ အမှန်ပင် ။ ဦးဆောင်ဆရာတော်ကြီးများ၏ အမျှော်အမြင် ကြီးမားမှု့ လက်ရှိ သံဃာ့မဟာ နာယကအဖွဲ့ တို့၏ အမျိုးဘာသာသာသနာ စောင့်ရှောက်မှု့ အားနည်းမှု တာဝန်ယူမှု့ မရှိသလောက်နှင့် အုပ်ချုပ်သူတို့၏ ကြိုးကိုင် ချယ်လယ်မှု့ တို့ဖြင့် နေရာ ၊ အာဏာ အတွက် သာသနာ နှင့် သံဃာထု ကိုပေးဆပ် နေရခြင်းကို အားမရ စရာ ဖြစ်နေသည် မှာကြာခဲ့ပြီ ဖြစ်သည် ။ အလုပ် မဟုတ်တာတွေ လုပ်နေသကဲ့သို့ မင်းပွဲ စိုးပွဲ ဖိတ်ကြားမှု့လောက်သာ တက်၍ မင်းအလိုလိုက် မင်း အကြိုက် ဆောင် မင်းပေး သမျှ အခစား မျှော်နေရရုံဖြင့် သာသာနာနှင့် ဘာသာကို ကာကွယ်နိုင်မည် မဟုတ်ပေ ။ ဗုဒ္ဓဘုရားသာသာနာ ဘာဖြစ်ဖြစ် ရောင်းစားသလို တစ် ဘ၀ တစ်ခန္တာ အတွက် ကြိုးစား နေသူများ သာဖြစ်နေသကဲ့သို့ ဖြစ်ခဲ့ရပေသည် ။ သံဃာအများ ဆန္ဒသဘောထား မဟုတ်ပဲ ကောက်သင်းကောက် သာသနာ့ ခေါင်း ဆောင် ကောက်သင်းကောက် ဆရာတော် ကြီးများ ကနေရာရယူ ၍ လူကြီးပေး သာသနာ့ခေါင်းဆောင် အရေခြုံကာ ကမ္ဘာ့ အလယ်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ခေါင်းဆောင် များ၏ဆောင် ရွက်ချက်များသည် ကိုယ့် ကျောင်းတိုက် ကြီးပွားရေး လောက် ကိုသာ ရှေတန်းတင် နေကြခြင်းတွေ ဖြစ်နေခဲ့ရသည်မှာကြာခဲပေပြီ ။ ကိုယ့်ဘာသာ ကိုယ့်သာသနာထဲက ကိုယ့်ဒါယကာ ကိုယ့် ဒယိကာမတို့အတွက် လောကအသိ ဓမ္မအသိ ဘ၀အသိ ဖြစ်ထွန်း အောင်မြင်ရေးကို ကာကွယ် စောင့်ရှောက် ကြလိမ့်မည်ဟု ၊ မျှော်လင့် မိကာ အမျိုးဘာသာ သသနာ စောင့်ရှောက်ရေး အသင်း ဖြစ်ထွန်းပေါ်ပေါက်လာခြင်းကို အထူးကြိုဆို မိသည်မှာ အမှန်ပင်ဖြစ်ခဲ့ပေသည် ။ အမျိုးစောင့် ဥပဒေပေါ်ထွန်းရေး လောက် နှင့် သာ မကပဲ အတွင်းရန် အပြင်ရန် မှန်သမျှ ဖြေရှင်း ပေးနိုင်ကြလိမ့် မည်ဟုမျှော်လင့် မိပေသည် ။ အပြင်ရန်ဟူသည်ကား ဖွဲမီးနှင့် ကောက်ရိုးမီးကို ဆိုလိုပါပေသည် ။ ဖွဲမီးဟူသည် နှစ်ပေါင်း၄၀၀ နီးပါး ကာလ ကတိုင်း ၀င်ရောက် လာခဲ့ပြီး နှစ်ပေါင်း၂၀၀ မက ဘာသာပြု ကျမ်းများဖြင့် နေရာယူ ဖျက်ဆီး နှောက်ရှက် နေသော ခရစ်ယာန် ဘာသာပြုတို့၏ နိပ်စက် စော်ကားမှု့ ၊ ကိုလိုနီနယ်ချဲ့ဘာသာ နှင့် ကျွန်ပြု ဥပဒေ ၊ အရောင်ပြောင်း ဥပဒေများ ကြောင့် အမျိုး ဘာသာ သာသနာ စော်ကားနှောက်ရှက် ခံနေရမှု့သည် ဖွဲမီးလောင်ခြင်း ပြဿနာ ။ ကောက်ရိုးမီးဟူသည် အမျိုးလဲ မတူ ဘာသာကလဲခြား ရန်သူကို ရန်သူ လိုပင် ထင်ရှားမြင်သာပြီး အတင်းရော အတင်း အတူနေ ခဏခဏ ထရန် ဖြစ် ပြန် ပြန်ပြီး မီးသေသည့် ကောက်ရိုးမီး ဖြစ်ပေသည် ။ အစ္စလာမ် ဘာသာ ၀င်တို့၏ ဂျီဟာဒ် စီမံကိန်း ၀င်ရောက်လာမှု့ ကြီးထွားလာမှု့၊ လူမျိုသားဖေါက် ဘာသာ ပြောက်အောင် ကြံစီနေသော ကောက်ရိုးမီး ပြဿနာ တို့ပင်ဖြစ်ပါသည် ။ ဘယ်သူကို ဘယ်ဘာသာ ၀င် ကိုမျှ မမုန်းပါ ။ ချစ်ဖို့လဲ မကြိုးစား လိုပါ ။ သူ့ဘာသာ ကိုယ်ဘာသာ အနေသာကြီးပါ သဘောလဲ မတူ သဘာဝလဲ မတူပါ ။ အရှိတရားကို သိထားဖို့ လိုသလို သတိထား လျှောက်လှမ်းရမည် မှာလဲ ၈၉%သော ဗုဒ္ဓဘာသာမြန်မာ လူမျိုးတို၏ တာဝန် ပင် မဟုတ်ပေလား ။ မိမိနိုင်ငံ မိမိလူမျိုး အကျိုးကို မျှော်ကိုးသည် လူထုခေါင်းဆောင် ရွေးချယ်ပြီး မိမိတိုင်းပြည် တိုးတက်ရေး မိမိဘာသာ မြင့်မြတ်ရေး မိမိသာသနာ ပေါ်ထွန်းရေးကိုသာ ကြိုးစားရမည်ကတော့ အမှန်ပင်ဖြစ်ပေတော့သည် ။
သို့သော် ဗုဒ္ဓဘာသာထဲက ဗုဒ္ဓဘာသာ အမည်ခံ၍ ဖျက်ဆီးနှောက်ရှက် ဘာသာ သာသနာ ပျက်အောင် အသားထဲက လောက်ထွက်သည့် အတွင်းရန်များကလဲ ရှိနေစဲပင် ဖြစ်ပေသည် ။ ဗေဒင် ၊ လက်ဖွဲ့ အင်း အိုင်မန်းတရား ၊ အဆောင်များဖြင့် သာသနာမှေးမှိန်အောင် ပြုလုပ်နေ မှု့များ ၊ ဘိုးတော် မယ်တော် ၊ နတ်ကတော် နှင့် အစိမ်းသရဲ အောက်လမ်း အထက် လမ်းများ ဖြင့် ၄င်း မဂ်တု ဖိုလ်တု များကို ဘမ်းပြ သာသနာ လိမ်စားနေသည် ဗုဒ္ဓဘာသာအမည်ခံလျှက် သာသနာ့ အတွင်းရန် ပြုသူများသည် အပြင်ရန်ထက် ကြောက်စရာ ကောင်းသည် မှာလဲ အခြားမရှိပြီ ။ ခက်ခဲမည်လား လွယ်မည်လား ၊ တကယ်လုပ်မည်လား ဟန်လုပ်မည်လား ။ သရေပေါ်အိပ် သရေနားစားသည် ပြသနာတို့ဖြင့် လက်ရှိ အမိ မြန်မာနိုင်ငံ ၊ လက်ရှိ တကယ့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အရှည်တည့်တံ ခိုင်မာဘို့ရာ ပေါ်ထွန်းလာသော တစ်နိုင်ငံလုံးဆိုင်ရာ သာသနာ၏ အမျိုးဘာသာသသနာ စောင့်ရှောက်ရေးအဖွဲ့ ကြီးသာဖြစ်စေလိုပါတော့သည် ။ ၀ိုင်းဝန်းကူညီစောင့် ရှောက်နိုင်ကြပါစေ ၊၊
ဗုဒ္ဓသာသနံ စိရံတိဌတုဟု ဆုတောင်းနေရမည်သာ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅
Email address ; bdgyuniversaltruth@gmail.com
Skype address ; aggadhamma73790698

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်