Wednesday, 4 September 2013

“ ၉၆၉ နှင့် ကောက်ရိုးမီး ”

“ ၉၆၉ နှင့် ကောက်ရိုးမီး ”

ဖြစ်စဉ်တခုက တနှစ်တောင်မကြာသေးပါ ။ ကုလား ဗမာအဓိဂရုဏ်း ။ ၇၈၆ နှင့် ၉၆၉ ကမ် ပိန်းလို့ပြောရ မလား ။ သေလိုက်ကြတာလဲ မနဲ ၊ လောင်လိုက်ကြတာလဲ အလဲအကွဲ ၊ ရခိုင်မှာစခဲ့တဲ့ လူမျိုးရေးစော်ကာမှု့ ၊ မိတ္ထီလာမှာ သံဃာကို မီးရှိ့လု ။ လားရှိးမှာ လူကို မီးတိုက် ၊ ကြို့ပင်ကောက် ကိုရင် ရိုက် ။ လှိုက်လှိုက်ဖိုခဲ့ ပြဿနာတွေ နှိုင်ငံတော်မနေရ ၊ ကမ္ဘာက၀င်မွှေရတဲ့အထိ ။ အမျိုးသားရေး သတိ ၊ နိုးကြားရေး အသိလေးများ နိုးထ လာလေသလားလို့၊ ခဏလေးပါပဲ ။ လေမတိုက်ပဲ လောင်တဲ့မီး ခရီးမတွင် သလိုပါပဲလား ။ အခုတော့ မေ့နေကြသလိုပဲ ၊ သူတို့မဟုတ်သလိုပဲ ။ လောင်စာ ကုန်ဆီခမ်းလေသလား ၊ လေသရမ်း မျှော်ကာနေသလား မသိ ။ တတိ တတိ နဲ့ တရိရိကုန် ။ လူသေတာတွေ နာကျဉ်းတာတွေပဲ အဖတ်တင်တယ် ။ တကယ့် ကောက်ရိုးမီး ။ အစ္စလာမ်ဘာသာဝင်တွေ ကလဲ မရရအောင်ဖြေရှင်း ကြတယ် ။ ယုံအောင်လဲပြောတတ်ကြတယ် ၊ လွမ်းအောင်လဲ ချွဲတတ်ကြတယ် ကို ။ မေ့သွားမှာပါ ဆိုပေမယ့် ဒီလောက်မြန်လိမ့်မယ်မထင်ဘူး ။ ကဲ ဖြစ်ခဲ့တဲ့ ဒီပွဲစဉ် ဘယ်လို အဖြေရှာရလဲ ၊ ဗမာကလဲဗမာ ၊ ရခိုင်ကလဲရခိုင် ၊ ကုလားက လဲကုလား ရောသွား တာပဲမဟုတ်လား ။ နဲနဲလေးတောင် အကြိုးအမြတ် မရလိုက်ကြ ဘူး ။ လူမျိုးရေး မုန်းတီးစိတ်တွေ မဖြစ်စေလိုတာလဲ အမှန်ပါ ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ နိုင်ငံရေးအသိ အမျိုးသားရေး သတိလေးများ ဖြစ်လာ မလားလို့မျှော်လင့်တာပါ ။ အမျိုးသား စီပွားရေးလဲ မပြောင်း ၊ သမီးရေး သားရေးလဲ မကောင်း ဒုံရင်းက ဒုံရင်းပဲ ဖြစ်လဲ ဖြစ်တတ်တယ် ဖြစ်မှ ဖြစ်ရလေတယ် ။ ကုလားဒန်ပေါက် ဆိုင်တွေပဲ ပိတ်ရတော့ မှာလိုလို ။ ရန်ကုန်မှာ “ကောင်းကြိုက်” လို အစ္စလာမ် ဒန်ပေါက်ဆိုင် တစ်ဆိုင်ထဲတင် ဆိုင်ခွဲ ( ၃၂ ) ဆိုင်ရှိသတဲ့ ။ အလုပ်သမား လေးတွေက မြန်မာ နဲ့ရခိုင် တွေက များတယ်တဲ့ ။ ရောင်းရတာလဲ တကယ် ရောင်း အားကောင်းတယ်တဲ့ ၊ အားလုံးပေါင်း တစ်နေ့သိန်းတစ်ရာ ဖိုးတောင်ကျော်တယ်တဲ့ အမြတ်ကိုသာ စဉ်စားကြည့် ။ မစားပဲလည်း မနေနိုင်ကြဘူး၊ မဖြစ်မနေသုံးရမယ့် ပစ္စည်း ဆိုလဲထား ၊ တခါထဲ ကုလားတွေအားလုံး ကုလားပြည်ပြန် သွားရတော့ မှာလိုလို ။ ခံစားချက်တွေ ခံယူချက်တွေနဲ့ ဖေ့စဘုတ် ထဲဆို ပလှုကို ပျံနေတာပဲ လူမျိုးရေးမုန်းတီးရေး စီးပွားရေး တွန်းတိုက်ရေး ။ မြန်မာဒန်ပေါက် ဆိုင်တွေချည်းပဲ ရှိတော့မှာ လိုလို ၊ ထွက်ပဲ ပြေး ရတော့ မလို ၊ အလုပ်ပဲရပ်ကြရတော့မှာလိုလို နဲ့ သဲသဲလှုပ် ဟုတ်တုပ်တုပ် ထင်နေတာ ။ ပြီးတောလဲ ပြီးသွားတာပဲ ။ ဘုန်းကြီးတွေကလဲစား အလှု တွေကလဲ များမှ များဆိုပဲ ကုလား အခြင်းခြင်း စားတာက နဲနဲ ပါပဲတဲ့ ။ မနေ့ ကမှ ဆိုင်က ထွက်လာတဲ့ အလုပ်သမား ကောင်ကလေးက ရှင်းပြတာလေ အံသြမိတာ အမှန်ပါ ။ ကုလားရယ် ဗမာရယ် ၊ တရုပ်ရယ် ရခိုင်ရယ် ၊ ရှမ်းရယ် ကချင်ရယ် လူမျိုးရေးခွဲခြား တာလဲ မဖြစ်သင့်ပါဘူး အားလုံး နိုင်ငံသား တွေ ပါပဲ ။ ဗုဒ္ဓရယ် ခရစ်ယာန်ရယ် ၊ အစ္စလာမ်ရယ် ဟိန္ဒူ ရယ် တကယ်မခွဲသင့်ပါဘူး ၊ အမှန် တရား အောက်မှာ နိုင်ငံတော် တိုးတက်လာဘို့ပဲ ကြိုးစားသင့်တာပါ ။ ကြွက်သေ တစ်ခု အရင်းပြု လို့ ဖြစ်ဖြစ်သမျှတွေထဲက ဘာလေးများ အကျိုးဖြစ်ထွန်း မလဲလို့ စဉ်းစား ကြည့်တာ ။ လူတွေ သေတာရယ် နာကြင်ခံစား ခဲ့ရတာ တွေရယ် ကြာရင်မေ့ပြောက်သွားမှာ တွေရယ်ပဲ တွေ့ရပါတယ် ။ လူအခြင်းခြင်း စာနာ နားလယ် ခြင်းတွေ ၊ ခွင့်လွှတ်ခြင်းတွေ ၊ စီးပွားရေး အောင်မြင်ခြင်းတွေ ၊ပြောင်းလဲခြင်းတွေ နဲ့ အမျိုးသားလုံခြုံမှု့ ရှိလာခြင်းတွေ မတွေ့ရပဲ ၊ ခုတ်ရာ တခြား ရှ ရာတခြား အလားကား ဖြစ်သွားတဲ့ ကောက်ရိုးမီးလို့ သာမြင်ရောင် မိပါတော့တယ် ။ အခွင့်ရေးကိုလဲမမြင်တတ်ကြဘူး အခွင့်ကောင်းကိုလဲ မရှာဖွေတတ်ကြဘူး ။ အခြင်းခြင်းငြင်း အတင်းအဖျင်းတွေ ပြောကြပီး ဘာသာရေးတွေသာ အပုတ်ခတ် အစော်ကားခံလိုက်ရတယ် ဒုံရင်းကဒုံရင်းပဲ ။ ချမ်းသာတဲ့လူကလဲ ချမ်းသာစဲ ၊ မွဲတဲ့သူကလဲမွဲ မြဲ ၊စော်ကားတဲ့သူကလဲ စော်ကား စဲ ဘာမှ မပြောင်းလဲသလိုပဲ ။ ကဲ ဘာတွေများ ငြင်းကြ သတ်ကြ ဖျက်ဆီး ကြဦး မလဲ ။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ ။ စီပွားတိုးတက်၍ အမျိုးဘာသာ သာသနာကို ဆထက်တန်ဖိုထား ချစ်တတ် နိုင်ကြပါစေ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်