Tuesday 5 November 2013

“ရေသိမ်ဆီ မှသည် မြေသိမ်ဆီသို့ ဗုဒ္ဓဂုဏ်ရည် သိမ်တော်မဟာအလှုတော်”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ရေသိမ်ဆီ မှသည် မြေသိမ်ဆီသို့ ဗုဒ္ဓဂုဏ်ရည် သိမ်တော်မဟာအလှုတော်”
https://www.facebook.com/buddhagonyipage?ref=hl
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖြစ် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နေသော တောထွက် ဘုန်းကြီးတစ်ပါး ၏ ကျောင်းဝိုင်းတွင် ဗုဒ္ဓဂုဏ်ရည်ရိပ်သာ အဖြစ် တည်ထောင်ခဲ့သည်မှာ (၆)နှစ်တာကာလရှိခဲ့ပါပြီ ။ ကျောင်းအနီးမှ ချောင်းလေးအတွင်းသာ သိမ်ဝင်ဥပုဒ်ပြု စသည် ရဟန်းအလုပ်အားထုပ်ခဲ့ကြ ရာ ယခုအခါ သဒ္ဒါကြည်ဖြူသောအလှုရှင် များမှ စတင်လှုဒါန်းလျက်ရှိပါသည် ။ ကျောင်းလေးအစက အတူနေရဟန်းလူထွက် ဗိုလ်ကြီး ဒေါက်တာ ၀င်းနိုင်မှ (၁၀)သိန်းမတည်လိုက်ပါသည် ။ တစ်သိန်း ငါသောင်းစသည်ဖြင့် ပေးလှုကြရာ အလှုငွေ မရော မပ ပြောက်စေရန် နယ်မှ လာရောက်မလှုနိုင်လျှင်တောင် အဝေးမှ လှုလိုပါသဖြင့် သိမ်မပြီးမခြင်း တတ်နိုင်သ၍ လှုဒါန်းနိုင်ရန် မလှမျိုးနွယ်(ခ) မမျိုးမျိုးအေး (၁၂/ဒပန (နိုင်) - ၀၃၅၀၆၉)အခန်း ၀၀၁ ၊ တိုက်၂၇ ၊ ၃ လမ်း ၊ ဒဂုံဆိပ်ကမ်း မြို့နယ် က ၊အလှုငွေတစ်သိန်းလှုဒါန်းရင်း တောင်းပန်လျှောက်ထားသဖြင့် ဘဏ်စာအုပ် ကလေး လုပ်ပေး၍ တတ်နိုင်သမျှပြီးဆုံးသည်အထိ လှုဒါန်လိုပါသည်ဟု ဘဏ်အကောင့်လေး ပေးထားပါရန် နိုးဆော်တိုက်တွန်းပါသဖြင့် လုပ်ဖြစ်ခဲ့ရပေတော့သည် ။ ဘဏ်အကောင့်အမှတ် -၀၆၂၁၂၁၀၀၃၃၂၀၄ ကမ္ဘောဇ(အလုံ) ဖြင့်ဖွင့်လှစ်ပေးဖြစ်ခဲ့ပါသည် ။ သိမ် မြေသမုဒ်ခြင်း သိမ့်မြေသန့်ခြင်းသိမ်ဆောက်လုပ်ခြင်းများသည် ကျောင်း တစ်ကျောင်းတွင် တစ်ကြိမ်သာပြုလုပ်ခွင့်ရသော ရဟန်းမွေးရသောမြေ သာသနာမိခင် ဖခင်ကြီးများဖြစ်စေမည့် နေရာပင်ဖြစ်ပါသည် ။ ကျောင်းတွေသာ အများကြီးဆောက်လျှင် ရနိုင်ပေမည် သိမ်ဟူ သည် မှာ တစ်သက်တစ်ခါ တစ်မြေမှာ တစ်ခု ဘုရားပြုသည်မြေမဟာ ဖြစ်သဖြင့် သိန်းပေါင်း မြောက်များ စွာ ရာချီကုန်ကြ ရမည်မလွဲပေ ။ အမျိုး ဘာသာ သာသနာတိုးတက်စည်ပင်ဖို့ ၀ိုင်းဝန်းလို့ကူညီ သမိုင်းတခေတ် ရေးခြစ်ရမည်မှာလဲ အမှန်ပင်ဖြစ်ပေတော့သည် ။အလှုရှင်များအားလုံးအောင်မြင်ချမ်းသာ၍ထာဝရကျမ်းမာလမ်းဖြာနိုင်ကြပါစေ ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်