Tuesday 5 November 2013

“ဒေါ်အောင်ဆန်းစုကြည် အလဲ ဦးသိန်းစိန်အဆွဲ မျိုးစောင့်ဥပဒေ ဘယ်လဲ ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ဒေါ်အောင်ဆန်းစုကြည် အလဲ ဦးသိန်းစိန်အဆွဲ မျိုးစောင့်ဥပဒေ ဘယ်လဲ ”
https://www.facebook.com/buddhagonyipage?ref=hl
ပဲပြုတ်ရောင်းတာလဲ နိုင်ငံရေးလို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ၊ ဆွမ်းခံတာလဲ ဘာသာရေးလို့နားလယ်စေလို၍ တင်ပြလိုက်ရပါသည် ။ ဒေါ်အောင်ဆန်းစုကြည် အပေါ် နည်းစနစ်တကျ အဖက်ဖက်မှ တိုက်ခိုက်ခံရမှု့ အရှုံးများနှင့် တပ်မတော် အင်အား ၊ လက်ရှိအာဏာ နိုင်ငံအားဖြင့် သမ္မတကြီးဦးသိန်းစိန်၏ စွမ်းဆောင်မှု့များသည် ၂၀၁၅ နိုင်ငံရေး အပြောင်းအလဲကို မည်သူမဲဆွယ် မည်လဲ မည်သူ မဲဝယ်မည်လဲ မစဉ်းစားရပဲ (၂)နှစ်တာနိုင်ငံရေး အဆုံးအဖြတ်ဖြင့် မြင်သာအောင် စွမ်းဆောင်ခဲ့ကြပေသည် ။ အကွက်ကြကြ စီစဉ်ဆောင်ရွက်မှု့များကြားမှ ဒေါ်အောင်ဆန်းစုကြည် အပေါ်ပုဂ္ဂိုလ်ရေး စွဲလမ်းမှု့ ကိုဖဲ့ထုပ်ခြင်းများ အသုံးခြခြင်း ပစ်ကြွေးခြင်း အရွေးချယ်မှားခြင်းတို့ကို အခွင့်ကောင်းအဖြစ် “ရွှေနိုင်ငံကို စိန်စီပေးချင်သူအဖြစ် သမ္မတဦးသိန်းစိန်” အသားပေး ပင်ကိုယ်ရေးလည်းမဟုတ် ဆောင်ပါးလည်းမဟုတ် လုံးချင်းလည်းမဟုတ် အမြတ်ထုပ် စာအုပ်တစ်အုပ် ထွက်လာတာကို ဖတ်ခဲ့ရပါပေတော့သည် ။ ဗုဒ္ဓဘာသာအများစု နိုင်ငံတော်ကို ၊ နိုင်ငံပြောက်အောင် ဘာသာပြောက်အောင် ဒီမိုကရေစီ ဦးထုပ်ဆောင်းထားသော သူလျှိုအပေါင်းတို့၏ စုပေါင်းအရွှေ့ကို တို့သံဃာထု ဘယ်လို ဘယ်နယ့် ကူညီကြမည်နည်း ။ သမ္မတကြီးကယ်လေမလား ဒေါ်အောင်ဆန်းစုကြည်ကဆယ်လေမလား မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓသာသာအရေး ဖြေးဖြေခြင်းနီးလာသော နိုင်ငံ့တိုးတက်ရေး ဒီမိုကရေစီအလေးပေး ရေးရေးတော့မြင်နိုင်လာမည်ဖြစ်သည် ။ဘာသာခြား လွှတ်တော် အမတ်အများစုက သူတို့လိုလားသော ဘာသာရေးနှင့်သူတို့လိုလားသော နိုင်ငံတော်အတွက် တိုင်ပင် ဆွေနွေးပြီးကြပေမင့် တို့ ဗုဒ္ဓဘာသာလွှတ်တော်အမတ်အများစု ဘာကြောင့်များ နုတ်ဆိပ်နေကြပါလိမ့် မဝေးတော့ သည့် သည်ခရီး အမျိုးစောင့်ဥပဒေလှေစီးကြဖို့ အရေးတကြီး လိုမည်ဟုသာထင်မိ ပါတော့သည် ။ ဆွမ်းခံကြွတဲ့ခြေထောက် နောက်ကြတဲ့သူ သစ္စာဖောက်မဖြစ်အောင် သံဃာထု အားလုံးလဲ သွေးစည်းညီစွာ ၀ိုင်းဝန်းလို့လက်တွဲပါဟုသာ တိုက်တွန်းလိုက်ရပါသည် ။ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေး ဖေါ်ဆောင်ရေးသည် အနာဂါတ် နိုင်ငံရေးအခန်းကဏ္ဍ တွင် အဓိကအရေးပါသည့် အချက်အဖြစ် အားလုံး သွေးနွေး ဖို့ အမျိုးသားနိုင်ငံရေးကို ၀ိုင်းဝန်းအားပေးကြဖို့ တိုက်တွန်းလိုက်ရပါပေတော့သည် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်