Wednesday 26 February 2014

“ ဓမ္မဂါးဒင်းဆရာတော်၏ ဗုဒ္ဓဂုဏ်ရည် အလယ်အပါတ် နှင့် လေ့လာရေး ”

http://buddhagonyi.blogspot.com/
“ ဓမ္မဂါးဒင်းဆရာတော်၏ ဗုဒ္ဓဂုဏ်ရည် အလယ်အပါတ် နှင့် လေ့လာရေး ”
https://www.facebook.com/ashin.aggadhamma.7
ဗုဒ္ဓဂုဏ်ရည်ဆရာတော်ကို ဂျပန်နိုင်ငံက ကိုဝိမုတ္တိသုခ တို့နှင့် စတင်ဖုန်းဆက် ကာ ဗုဒ္ဓဂုဏ်ရည် သာသနာစောင့်ရှောက်ရေးအတွက် ဆက်လက်ကြိုးစားနိုင်ပါရန် ငွေသား (၁၀)သိန်းတစ်ဦးတည်းအလှုရှင်အဖြစ် စတင်အားပေးထောက်ပံခဲ့သော ဓမ္မဂါးဒင်းဆရာတော် ဒေါက်တာအရှင်ဣိန္ဒက ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက် ရေး အဖွဲ့ရှိရာ ကရင်ရေသိုးကျေးရွာ ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာကို ရောက် ရှိလာပါတယ် ။ ဆရာတော်အရှင်ဥတ္တမနှင့်အတူ ကျောင်းသိမ်ဆောက်ရန်မြေနေ ရာသိမ်မြေနုတ်ရာ မြေနေရာနှင့်ကျောင်းတွင်း ရေသိမ်ရှိ ရာတို့ကိုလာရောက် လေ့လာ အမှတ်တရစကားများပြောကြားဖြစ်ခဲ့ကြပါတယ် ။ ဗုဒ္ဓဂုဏ်ရည်သာသနာ စောင့်ရှောက်ရေးအတွက် နောက်လိုအပ်တဲ့ ဗွီဒီယို ကင်မရာ တစ်လုံး လှုပေးဖို့လဲ နှတ်ဆက်ထားပြီး အမျိုးဘာသာ သာသနာအတွက် ရတက် မအေးစွာ စေတနာတရားလွန်စွာကြီးမားသူ သံဃာတော်ပညာရှိတပါးပဲဖြစ်ပါတယ် ။ ဆရာတော်လာရောက် လေ့လာအားပေးခြင်းကြောင့် ဗုဒ္ဓဂုဏ်ရည်အဖွဲ့ သားများ အားလုံးလဲဝမ်းသာ အပြုံးများနှင့်ကြိုဆိုကြကာ တောကျောင်းဆွမ်းလေး ကို အားရ ပါးရဘုန်းပေးသုံးဆောင်သွားခဲ့ပါတယ် ။ ဆရာတော်ကျမ်းမာချမ်းသာ သာသနာ ပြုနိုင်ပါစေ လို့ ဆုတောင်ရင်း ဓမ္မဒူတခရီးဆက်ခဲ့ပြန်ပါတယ် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်