Saturday 22 February 2014

“ လက်မှတ်ထိုးခွင့် ၊ အာဏာ ၊ ရပိုင်ခွင့် နှင့် တို့မြန်မာ ”

http://buddhagonyi.blogspot.com/
“ လက်မှတ်ထိုးခွင့် ၊ အာဏာ ၊ ရပိုင်ခွင့် နှင့် တို့မြန်မာ ”
https://www.facebook.com/ashin.aggadhamma.7

ရဟန်းတစ်ပါးဖြစ်လို့ သက်ဆိုင်ရာကိုအကြောင်းကြောင်းကြောင့် လူနှင့်တူစွာ အလုပ်တွေလုပ်ရပါတယ် ။ ရဟန်းဆိုတာလှုနှင့်မတူရဘူး ဆန်ကျင်သောအကျင့် အနေထိုင်သာလျှင်သင့်တော်တယ်လို့ သင်ကြားခဲရဘူးပါတယ် ။
ရဟန်းက လူနဲ့တူလာရင် လူက ဘီလူးနဲ့တူတယ်လို့ ကြားခဲ့ဘူးပါတယ် ။
ဘယ်လိုဖြစ်ဖြစ် သက်ဆိုင်ရာကိစ္စပေါ်လာတော့ လူ့သတ်မှတ်ချက်အတိုင်း လက်မှတ်ထိုးခြင်း ၊ ထောက်ခံစာယူခြင်း ၊တောင်းခံခြင်း စတာတွေကိုလုပ် ကြရပါတယ် ။ ဘ၀ခြားခဲ့တော့ ရဟန်းဆိုတာ သာသနာအကျိုးကိုဆောင်ရွက်ရင်း သာသနာတာဝန်က ပေးဆပ်ရင်း ရောင့်ရဲနေထိုင်ရင် အမြတ်ဆုံးမဂ်ညဏ် ဖိုလ်ညဏ် သာအမြင့်ဆုံးသောအားကိုရာလိုပဲမြင်သိခံစားထားခဲ့ပါတယ် ။
ဒါပေမယ့်
တို့နိုင်ငံ တို့လူမျိုးတို့ ဘာသာအတွက် အမြဲယုံကြည်နေခဲ့သူပါ ။
ရဟန်းဖြစ်လို့ ရဟန်းနဲ့ပါသက်တဲရုံးတစ်ရုံးကိုသွားလက်မှတ်ထိုး ရပါတယ် ။ ဆရာတော် မရှိတော့တဲ့အချိန်ဖြစ်လို့ ဘုန်းဘုန်းဘုရားလာပီးလက်မှတ်ထိုး လိုပါတယ် အဆင်ပြေနိုင်မလားဘုရား လာရတာလဲဝေးလို့ပါဘုရား ”ဆိုတော့ ဖြစ်ပါတယ်လိုအားနာနာနဲ့ပြောရှာပါတယ် ။ ရုံးကလူတွေကိုရုံးဖုန်းနဲ့ဆက်တာ လေးစားလို့ပါ ။ဆရာတော်နေရာနဲ့ရုံးနဲကတော်တော်ဝေးပေမယ့် အလုပ် သဘောက မြန်မြန်ပီအောင် ဆောင်ရွက်ရမှာဆိုတော့ တက်သုတ်ရိုက်သွားရ ပြန်ပါတယ် ။ ဆရာတော်ဆီ ရောက်တဲ့အခါ မိမိရဲ့ဆောင်ရွက်ချက်တွေ ကိုတင်ပြ သိပြီးဖြစ်သလို နားလယ်စွာ လက်မှတ်ထိုးပေး ဒါပေမယ် တဆိပ်တုံးက ရုံးမှာ တဲ့ ။
အပိုမရှိဘူးလားဘုရား ၊ကျောင်းမှာလဲမထားဘူးလားဘုရား ၊စောစောက ရုံးကလာစဉ်က ရုံးက တာဝန်ခံကလဲ မပြောလိုက်ပါ့လားဘုရားဘာလို့ဒီလိုလုပ်ရတာလဲဘုရား ” ရင်ထဲမှာ တင်းကျပ်တဲ့ ခံစားချက်တွေ ဖြစ်လာလို့ပြောဖြစ်ပါတယ် ။ ဒေါသကိုသတိနဲ့ကြည့်ရင်း ပြောဖြစ်တယ် တို့တိုင်းပြည်ဆင်းရဲခြင်းအကြောင်းတရားများ ။ လက်မှတ်တစ်ချက်ရဲ့ အသက် ၊အာဏာတစ်ခုရဲ့ ပါဝါ ။ ဘာမှ အခွင့်ရေးပေးနိုင်သူမဟုတ်သော်လဲ ထောက်ခံစာတစ်ခုရဲ့ အတိုင်းအတာ ၊ အခွင့်အရေးနဲ့လုပ်ပိုင်ခွင့်တွေ ။ ရုံးကိုပြန်လိုက်ပါမယ်ဘုရားဖုန်းဆက်ပီးစောင့်ခိုင်းပေးပါဘုရားဆိုမှ ကောင်းပီလေ
လို့ပြောရှာတယ်“ တပည့်တော်တို့မြန်မာနိုင်ငံ ဒါကြောင့်ဆင်းရဲတာဘုရားလို့ ” ပြောမိလိုလားမသိ ဖုန်းဆက်ပေးရှာတယ် ။မနီးသောခရီး အပြေးနှင် တခါလာရင် တခါပင်ပန်းလို့ကြိုးစားသွားရပါတယ် ။ ထောက်ခံစာရဲ့ အသက် ။လုပ်ပိုင်ခွင့်ဆို မပြောနှင့်တော့ ။ မလာခင်က ကြားခဲ့ပီးပါ ထောက်ခံစာ လက်မှတ်တစ်ခါထိုး တစ်သောင်းခွဲလောက်တောင်းတယ်ဘုရားဆိုတာ ။ ဒါပေမယ့် ကိုယ်ရဲ့ အမျိုး ဘာသာသာသနာ ဆောင်ရွက်ချက်တွေ ရယ် လုပ်ဆောင်တတ်တဲ့ သဘော တွေ ရယ် ကြောင့် မခက်လောက်ပါဘူး ။ ကူညီဆောင်ရွက်ပေးမှာပါလို့ထင်မိပါတယ် ။
ဒါပမယ့် ဖြစ်အောင်ရုံးနဲ့ လက်မှတ်ထိုးခွင့်ပိုင်ရှင်ကို အခေါက်ခေါက်အခါခါ အားမနာ ကိုယ်ရဲ့စွမ်းအင်ခွန်အား အကုန်သုံးမိတော့ ပြီးသွားပါတယ် ။ရုံးရောက်တော့ ဒကာကြီးတို့ရာလို့ ကြဒေါသနဲ့ ပြောမိတော့ အဲဒီလိုမသိလိုပါ ဘုရားနဲ့မျက်နှာလေးတွေကြည့်လိုက်ရတော့ ၊ဆေးရုံအပေါက်စောင့်လို့ အာနာ မရှိပေမယ့် ပါဝါအပည့်က ဆရာသခင့် အမိန့်အတိုင်းဆိုတဲ့အတိုင်း ။ပြီးတော့ ကိုယ်စာရွက်မှာ ထပ်ဆင့်လက်မှတ်ထိုးရတာ တံဆိပ်တုံးလေး ရိုက်ရတာ ။ “ဘုန်းဘုန်း စာရွက်စာတန်းကြေးလေး ”တဲ့ ကိုယ့်စာရွက်ပေါ်မှာပါကွာ ဆိုတော့ “တပည့်တော်တို့ရုံးက ဒီလိုပါပဲ”တဲ့ ။
ငါလဲ ရဟန်းတစ်ပါးပါကွာ ဆိုတော့ “ ထုံးစံမို့လို့ပါဘုရားအေဖိုးတစ်ထုပ်ဈေးလဲ ဘုန်းဘုန်းသိတဲ့အတိုင်းပဲလေ ”တဲ့ပိုဆိုး လာပါတယ် အေးအေး မင်းတို့ထုံးစံ ဆိုတော့လဲ မပြောတော့ပါဘူးကွာ ဆိုပီးကျောင်းသားခေါ်ရှင်းပေးလိုက်ရတယ် ။ တပြည့်ကောင်းနဲ့ ရုံးကောင်းပါပဲ အကြောင်းလှပါစေလို့သာဆုတောင်းလိုက် ရပါတော့တယ် ။
စဉ်းစားမိတယ်
လူ့လောက မှာပိုဆိုးတယ် ၊
ရပ်ကွက် ရာအိမ်မှုးလောက်ကအစ ၊ ဧည့်စရင်းတိုင်ရင် ၅၀၀ကျပ် ၊ ထောက်ခံစာ လက်မှတ်ထိုးရင် ၁၀၀၀ိ က ၅၀၀၀ိ ကြား ၊ မြို့နယ်အဆင့်ဆိုမပြောနဲ့ တိုင်းအဆင့် ၊ ၀န်ကြီးအဆင့်ဆို စဉ်းစားသာကြည့် ။
တစ်ခါက
တိုင်း အဆင့် ဆောက်လုပ်ရေးအရာရှိကြီးတစ်ဦး လေဖြတ်သွားတယ် ။ အဆင့်မြင့်ဆေးရုံကို ရုံးက၀ိုင်းတင်ပေး သတိရတော့ ပေးပေးလက်မှတ်ထိုးမယ်လို့ သတိရရခြင်းပြောတယ်တဲ့ ။ လျှာလေး အားလေး ကြီးနဲ့ “ မချစ်ဘူး ငါသာဝန် ရှိတယ် ” မပီကလာအသံနဲက ဆိုပြီး ညွှန်ချုပ်ကို လက်မှတ်ထိုးဘို့တွေရုံးကို သွားယူ ခိုင်း တယ် တဲ့ ။ တစ်ဦး လက်မှတ်ထိုးပေးရင် ဆယ်သိန်း ၊ သိန်းတစ်ရာ ၊ သိန်းတစ်ထောင် အဆင့်ဆင့်ရှိတာဆိုပဲ ။ နောက်ကြ “မူးလိုက်တာ ” ဆို ပီး အသက်ပါ သွားရောတဲ့ ၊ သူမိသားစုကလဲ အလုပ်တွေ လျှောဖို့ သတိမပေး ညွန်ချုပ် က ဖိုင်တွေတစ်ထပ်ကြီးနဲ့ရောက်လာတော့ အသက်ပြောက်နေပီ ။ မိသားစု ၀င်တွေက တအားကုန်းငိုနေကြပေမယ့် ။ ဆက်လက်မှတ်ထိုးရမယ် လူကြီးနဲ့ အဖွဲ့ ကပြုံးနေကြတယ်တဲ့ ။
ကဲ စဉ်းစားသာကြည့်
ခေါင်းဆောင်နဲ့ နောက်လိုက်တို့ တိုင်းပြည်ကို ချစ်မြတ်နိုင်းကြပုံတွေ ။ “ ၀န်ကြီး ကို ပံပိုးပေးဖို့ပါတော့ ” ဆိုပီး တိုင်းမှုးကတော်က ငိုသတဲ့ ၊ အငယ်လေး နှစ် ယောက် က လဲ ဘယ်သူအားကိုးရတော့မှာတုံးအကိုကြီးရဲ့ ဆိုပီး တအားငိုနေ ကြတယ် တဲ့ ။ တပည့်ရင်းတွေခင်မျှာ ၊ တိုင်းမှုးကတော်ချော့ရနိုးနိုး ၊ အငယ်လေး တွေကို ပြောရ နိုးနိုး နှင့် သေခြင်းဆိုးကြီးအဖြစ် နေခြင်းဆိုး ဘ၀ ကို သံဝေဂ ရရင်း သင်းဘယ် သွားလိုက်ကြည့်လို့ရရင်ကြည့်လိုက်ခြင်ပါရဲ့လို့ ပြောပြောနေ ကြတယ်တဲ့ ။ တခါကသူ့တပည့်ရင်းဆိုသူတွေ ပြောနေကြတဲ့စကားတွေတဲ့ စဉ်းစားသာကြည့်ကြပေတော့ လက်မှတ်တစ်ချက် ရဲ့အသက် ။
ရာထူး ၊ အာဏာ
ပါဝါ ၊ လက်မှတ်
လုပ်ပိုင်ခွင့် ၊ ခြထားခွင့် တွေ ။
တို့နိုင်ငံ ဘာကြောင့်ဆင်းရဲ ၊ တက်လာတဲ့ လူကြီး ဘာကြောင့်ချမ်းသာ ရှင်းပါ တယ် ။ တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်တာလား ၊ တိုင်းပြည်ကိုရောင်းစား ခြင် တာလား ။ အာဏာကို ဘာကြောင့် ငန်းငန်းတက်လိုခြင်ကြတာလဲ ၊ ကုလား ထိုင် ဘာကြောင့် မဖယ်နိုင်ကြတာလဲ။ ဒါတွေဟာ နိုင်ငံကိုချစ်တာလား အာဏာကို မက်နေကြတာ ဒါပဲလား ၊ ဒီလိုခေါင်းဆောင်တွေ အစဉ် အဆက် တက်လာ ၊ တက်လာတဲ့ ခေါင်းဆောင်တိုင်းက ဒီလိုမက်မောပီး တိုင်းပြည်မျက်နှာမကြည့် ငွေမျက်နှာကြည့်သူတွေ ၊ ဘာသာတရားမျက်နှာမကြည့် အဂတိ မျက်နှာ ကြည့်နေ ကြလို့ တို့တိုင်းပြည်တို့လူမျိုးတို့ဘာသာ ကမ္ဘာ့အလယ်မျက်နှာငယ် နေရတာ ကို ထင်ထင်ရှားရှားမြင်တွေနေ၇ပါတယ် ။
ဘယ်မှာလဲ အောင်မြင်ခြင်းတိုင်းပြည်လွတ်မြောက်ခြင်း တစ်ဦးခြင်း အရည်အခြင်း တိုင်းပြည်အပေါ်ချစ်ခြင်းအစစ် အမည်နာမယ် ဂုဏ်သတင်း အတ္တကြီးစွာနိုင်ငံတော်ကိုစောင်ရှောက့်သူတို့ရဲ့သွားရာလမ်း ။
ဒါ့ကြောင့် ခေါင်းဆောင်ကောင်းတွေ လိုနေတဲ့ တိုင်းပြည်ဖြစ်နေရတာပါ ။
သမိုင်းရေးမယ်ခေါင်းဆောင်တွေလိုနေတာ
အမျိုးဘာသာ သာသနာ တိုးတက်အောင်မြင်ခြင်ရင်
လက်မှတ်ထိုးခွင့် ၊ အာဏာ ၊ ရပိုင်ခွင့် နှင့် တို့ မြန်မာတို့၏ စိတ်ထားကိုသာ ပြင်ဆင်ကြပါလို့သာနုတ်ဆက်လိုက်ပါရစေတော့ ။ ဘုန်းကြီးကလူဖြစ် လူကဘီလူး ဖြစ်တဲ့ ဘ၀ကလွတ်မြောက်နိုင်ကြပါစေ ။

ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင် အဂ္ဂဓမ္မ (နိက္ခမ)

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
Like ·

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်