Wednesday 19 February 2014

“ ဗုဒ္ဓဂုဏ်ရည် သိမ်နုတ်ခြင်းအောင်ပွဲ”

http://buddhagonyi.blogspot.com/
“ ဗုဒ္ဓဂုဏ်ရည် သိမ်နုတ်ခြင်းအောင်ပွဲ”
https://www.facebook.com/ashin.aggadhamma.7
သာသနာ့ဝန်ဆောင်ဆရာတော် အရှင်စန္ဒာသိရီ ဦဆောင်၍ သံဃာတော် အပါး (၆၀)ကျော်ဖြင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဆပ်သွားတောအုပ်စု ကရင်ရေသိုးကျေးရွာ ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ အတွင်း တည်ဆောက်ရန် သိမ်တော်မဟာအတွက် သိမ်နုတ်ခြင်းအမှု့ပြုလုပ်ခွင့်ရရှိခဲ့ကြပေသည် ။ သိမ်နှတ်ခြင်းနည်းအဖြာဖြာထဲမှ အသင့်ဆုံး နှင့် အကောင်းဆုံးကို ကြိုးစားပြီ ရင်ဆိုင် နုတ်ခြင်း ပျားဆွဲနုတ်ခြင်းစသည်ဖြင့် ၀ိနည်းတော်နှင့်အညီ ကျိုးစား စွမ်းဆောင် ခဲ့ကြပါတယ် ။ ၀ိနည်းတော် ဂရုဓမ္မ အဓီကထားပီး နိုင်ငံတော်သြ၀ါဒ ဆရာတော် ကြီး များမိန်ကြားချက်နှင့်အညီ သိမ်နုတ်မင်္ဂလာပြုခဲ့ကြပါတယ် ။ သိမ်သမုတ်ခြင်းနှင့်အောင်မြင့်ဘို့ သိမ်နုတ်ခြင်းအကြိမ်ကြိမ်ကျင်းပနိုင်လေ ပိုမို သန့်စင်လေ လို့ မိန့်ကြားခြက် များနှင့် အညီ သိမ်သမုတ်ခြင်းကို နိုင်ငံတော် သံဃာ့ မဟာနာယကကြီးများ ၏ အားလပ်သော အချိန် ခွင့်ပြုသောအချိန်ကို စောင့်စားရင်း သာသနာတော် အတွက် ၀ိနည်းတော်နှင့်လျှော်ညီစွာ သိမ်ကောင်း သိမ်သန့် သိမ်အောင်ဖြစ်အောင် သံဃာအများစွမ်းဆောင်ကြရပါတယ် ။ မြို့နယ် သံဃာ့ နာယကဆရာတော်ကြီးများ၏ စောင့်ရှောက်မှု့ တို့ဖြင့် မကြာမှီ ဗုဒ္ဓ ဂုဏ် ရည် မဟာသိမ်တော်ကြီးအောင်မြင်စွာတည်ဆောက်နိုင်တော့မည်ဖြစ်ပါသည် ။

ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
(4 photos)

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်