Thursday 6 March 2014

“ စားကြဦးမလား မရမ်းသီးစိမ်းများ ”

http://buddhagonyi.blogspot.com/
“ စားကြဦးမလား မရမ်းသီးစိမ်းများ ”
https://www.facebook.com/ashin.aggadhamma.7
ဦဇင်းတို့ ဗုဒ္ဓဂုဏ်ကျောင်းထဲမှာ တောကျောင်းလေးဖြစ်သလို သစ်ပင်ဝါးပင် တွေ ပေါများလှ ပါတယ် ။အများကြီးမဟုတ်တောင်အေးချမ်းမှု့ပေးစွမ်း နိုင်တဲ့ အပင်လေး တွေစုံပါတယ် တောရိပ်တောင်ရိပ်အဖြစ်ဝါးပင်တွေပေါ့ပြီး လမ်းတွေကို လည်း ထီးရိုး ၀ါးပင်လေးတွေစိုက်ထားပါတယ် ။သရက်ခြံ လုပ်ခဲ့လေတော့ သရက် တောလို့လဲပြောမရပြန်ပါဘူး ပင်အိုတွေလိုကိုင်းတွေဖြတ်ထင်း ထုပ် ရောင်းခံ၇တော့ ပိုးဝင်နေတဲ့ သရက်ပင် (၁၅)ပင်လောက်တော့ရှိပါတယ် ။ အရင်က တော့များခဲ့ပေမယ် လမ်းရှင်း ကျောင်းမြေရှင်းနဲ့သိပ်မကြံတော့ တာပါပဲ ။ သိမ်မြေနေရာ အတွက်ရယ် မလွတ်တာရယ်နဲ့ (၄)ပင်လောက် ထင်းခွဲရတော့ တာပါပဲ ။ တောရိပ်လိုခြင်ပေမယ် ထန်းတပင် ရယ် မလွှပင်ကြီး(၃)ပင်ကတော့ ထီးထီးကြီးနဲ့နှစ် (၃၀) သက်တမ်းလောက် ရှိမယ်ထင်ပါတယ် ကနှစိုး(၃)ပင် လောက်ရယ် သီဟိုသရက် (ရ) ပင်လောက်ရယ် ရှိကြတယ် ။ အပေါဆုံးက ၀ါးနက် ၀ါး ရယ်ပါ ၊ ထီးရိုးဝါးရယ် ၊ ၀ါးယားရယ် ၊နဲ့ ၀ါးဘိုးဝါး သုံပင်လောက်တော့ ဦးဇင်းစိုက်ခဲ့ပါတယ် ။ ခုတော့တောနီပါးဖြစ်နေပါပီ ။ အခုပြောမယ့် မရမ်းပင် ညီနောင်ကတော့ ဗုဒ္ဓဂုဏ်ရည်ရဲ့ သန့်ရှင်းရေး ရေသိမ်လေး၇ဲ့ အနီးအနား ချောင်းဘေးနားမှာ ပေါက်တာပါ ။ အရင်နှစ်တွေကတော့ မသိမသာ လူတွေခူခံ နေ၇တော့ ကျောင်းပတ်ဝင်းကျင်မှာ ခြံတွေဖြစ်လာလူ မပြတ်တော့မှပဲ မရမ်းသီးစိမ်း တွေတွေ့ရတော့တာပါပဲ ။ အရင်နှစ်တွေက အသီးဝါ၀ါမြင် ကာမှ မရမ်းသီးမကြိုက်လေတော့ စိတ်မ၀င်စား ခဲ့ပါဘူး ။ ဒီနှစ်တော့ ကျောင်းနေ သီလှရှင် နှင့် ယောဂီတို့ကောင်းမှု့ကြောင့် မရမ်းသီးစိမ်းအကြွေလေး တွေ ငါးပိစိမ်းလေးနဲ ငရုတ်သီးစိမ်းလေး ရောပီးထောင်း ပုဇွန်ခြောက်ကောင်းလေး တွေပါတော့ ကောင်းမှကောင်း ပေါ့ ။ ရဟန်းဘ၀ရောက်မှ ကိုယ်ကြိုက်ခဲ့တာ ဒီမရမ်းသီးပင်ပါ့လား သိခဲ့ရတော့တယ် ။အပင်လေးငယ်ငယ် ဘာရယ်မဟုတ် အမှိုက်ရှင်း မီးရှိတဲ့ ကျောင်းသားတွေကြောင် တစ်ချမ်းမီးမြိုက်ခံလိုက် ရတဲ့ မရမ်းပင် အရမ်းခြင်တယ်ပြောလဲ တောထဲ သဘာဝ စားလို့လဲရ ကြည့်လို့လဲလှ ။ ဒီကနေ့ရောက်လာတဲ့ ကိုတမာ မိသားစုရယ် မင်းစနေရယ် ဖေ့စဘုတ်မိသား စုတွေ အမှတ်တရ ဝေလိုက်တာပါ့ ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်