Wednesday 5 March 2014

“ မ.ဘ.သ (ရွာမ)ဆရာတော်ဘုရားကြီး ထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည်ညို ဘယ်လိုဖြစ်လာမလဲ ”

http://buddhagonyi.blogspot.com/
“ မ.ဘ.သ (ရွာမ)ဆရာတော်ဘုရားကြီး ထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည်ညို ဘယ်လိုဖြစ်လာမလဲ ”
https://www.facebook.com/ashin.aggadhamma.7
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ရွာမ ဆရာတော် ဘုရားကြီး၏ (၇၅)နှစ်ပြည့် စိန်ရတု ၀ိဇာတမွေးနေ့မင်္ဂာအခမ်းနားကို ပြည်သူ့ လွတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့အတွက် အလွန်ဝမ်းသာစရာ ကောင်းပါတယ် ။ ဒါပေမယ့် တကယ့်ဒါယိကာမကြီးစိတ်နဲ့လား တာဝန်ကျေလား ၊ (၂၀၁၅) ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လား ၊ အမျိုးဘာသာသာသနာ စောင့်ရှောက် ဖို့လား။ ဆရာတော်ဘုရားကြီးရဲ့ အမျိုးဘာသာသာသနာ ပေါ် ထားတဲ့စိတ်ကောင်းစေတနာကို တကယ်မြင်နေပီလား ၊ ဟန်ဆောင်လား ။ ဆရာတော်ဘုရားကြီး ကိုဘယ်လိုအာမခံချက်တွေနဲ့ ချဉ်ကပ်ခဲ့လဲ ။ ၀မ်းသာ စရာတွေထဲက ကောင်းသောအကြောင်း အရာများကို ဖြစ်စေလိုတာ ဗုဒ္ဓဘာသာ အဖွဲ့ ၀င်တွေအားလုံး ဘာသာဝင်တွေအားလုံး မျှော် လင့်နေတာလဲ အဓီက ယုံကြည်ချက် ပါပဲ ။ ဘယ်လိုဖြစ်ဖြစ် စနစ်တကျ ပြောင်းလဲကြမယ်ဆိုရင် တို့တိုင်းပြည် တို့ နိုင်ငံအတွက် ဒါယိကာမကြီးကိုချစ်ခဲ့တဲ့သူတွေ ၀မ်းသာနေတာ အမှန်ပါပဲ ၊ ဘာသာခြားတွေကြောင့် ၊ မသေခြာ မရေရာတွေကြောင့် ဝေးနေကြရပေမယ့် နီးလေတန်ဘိုးရှိလေ ၊ အားလုံးပြောင်းလဲနိုင်ပါစေ တို့နိုင်ငံအတွက် အသင့်ဖြစ် လောကကြီးကို မေတ္တာစစ် နဲ့ ချစ်နိုင်ပါစေလို့သာ မျှော်လင်မိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
— with Hane Latt Htun and 54 others.

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်