Monday 17 March 2014

“ “ခရစ်ယာန် ငယ်သူငယ်ခြင်းအတွက် ကျမ်းမာရေးစောင့်ရှောက်မှု့ ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ခရစ်ယာန် ငယ်သူငယ်ခြင်းအတွက် ကျမ်းမာရေးစောင့်ရှောက်မှု့ ” ”
https://www.facebook.com/buddhagonyipage?ref=hl
ဗုဒ္ဓဂုဏ်ရည်ဆရာတော်ဟာ လူ့ဘ၀က မကွေးဒီဂရီကောလိပ်မှာတက်ခဲ့ရပီး မန္တလေးတက္ကသိုလ်က သတ္တဗေဒ မေဂျာနဲ့ ဘွဲ့ယူခဲ့ဘူးပါတယ် ။ ၁၉၈၈မှာ နောက်ဆုံးနှစ်ကျောင်းသားဘ၀နှင့် ၁၉၉၀ကျော်မှ ဘွဲ့ခဲ့ရတယ်ပေါ့ ။ မကွေးဒီဂရီကောလိပ်မှာ နောက်ဆုံးနှစ်အထိ အတူတူ တော်တော်များများ လူငယ်ဘ၀ အချိန်တွေကို မတူပီ ၊ မင်းတပ် ၊ ကန်ပက်လက် ၊ ဟားခါး စတဲ့ ချင်းပြည်နယ်ကသူငယ်ချင်းတွေရှိခဲ့ပါတယ် ။ ရိုးသားတဲ့ သူငယ်ချင်းတွေ ဖြစ်သလို ပြောမနာ ဆိုမနာရှိခဲ့ကြပါတယ် ၊။ အခင်ဆုံးတွေထဲက ဆလိုင်း မောင်ဘ ၊ ဟင်နရီ ၊ အောင်ထန်း၊ တန်ခုတ်ကျင်ခန်း စတဲ့ချင်းသူငယ်ခြင်းများဟာ မမေ့နိုင်အောင်ချစ်ခင်ကြ တာငယ်ဘ၀ပါပဲ ။ ဆလိုင်းမောင်ဘက အခုေ ကျးလက်ဖွံဖြိုးရေး မြို့နယ်ဦးစီးမူး ဘ၀နဲ့ တွန်းဇံမြို့ကဆေးရုံလာတက်တာ တာဝန်တွေနဲ့ပေါ့ ။ ဘွဲ့သွားယူတဲ့အခါ မန္တလေးမှာ ပြန်တွေ့ကြတော့ ခုံနံပါတ် ခြင်းကပ်နေတဲ့ ဆလိုင်းမောင်ဘနဲ့ ဓါတ်ပုံလေးတွေ ဘွဲ့ဝတ်စုံလေးတွေနဲ့ ရိုက်ဖြစ်ခဲ့ပါတယ် ။ နှစ်ပေါင်း (၃၀)ကျော်ကွာ ခဲ့ ပေမယ့် အမှတ်ရတဲ့စိတ်နဲ့ ခရစ်ယာန် ဆရာတွေတွေ့တိုင်း တမ်းတမ်း တတ မေးဖြစ်ခဲ့ပါတယ် ၊ ခရစ်ယာန်ဆရာ ဂျွန်ထန်ကျင်းဖုံးဆက်လာ မှ မောင်ဘ ဆေးရုံတက်နေတယ် မင်္ဂလာဒုံဆေးရုံမှာ ဆိုလို့ သွားရောက် တွေ့ဆုံအားပေးဖြစ်ခဲ့ပါတယ် ။ အားမရှိလို့ ကြက်အကောင်လုံး ပေါင်းတာ သုံကြိမ်လောက် ပို့ပီးကြက်ပေါင်းဆီ တွေသောက်ဖြစ်စေခဲ့ပါတယ် ။ လိုအပ်မယ်ထင်လို့ အားလူးအစိမ်းရည် ခါဂျစ်ဥ အစိမ်းရည်ထုပ်တဲ့ စက်ကို အမြန်ရအောင်ရှာ(ကပ္ပိ) ပြီး ပို့ဆောင်အားရှိစေခဲ့ပါတယ် ။ အဓိက က ငယ်သူငယ်ခြင်းလဲဖြစ် ဘာသာရေးသဘောတွေကို သူအလိုအတိုင်း ခရစ်တော် စံပြလူ့ဘ၀နေနည်းနှင့် ခေါ်တော်မူခြင်းတရားဒေသနာ နောက်ဆုံးကာလ တွေကို သတိပဌာန် သဘောနှင့် ရှင်းလင်းဆွေးနွေးဖြစ် ခဲ့ကြပါတယ် ။ အရင်က စကားမပြောပဲနေတာ ဘုန်းဘုန်းနဲ့မှတော်တော် အားရှိပီစကားတွေတော်တော် ပြောတယ်နော်လို့ အားပေးရှာပါတယ် ။ အံသြစရာကောင်းတာက စာမေးပွဲ နောက်ဆုံးနေ့မှာ မင်းရယ်ငါရယ် (သူပြောတတ်သလိုပြောခွင့်ပြုထားလို့)ပြောတဲ့စကားအတိုင်းအရှင်ဘုရားလုပ်တာပဲနော် တဲ့ ၊ အော်အမှတ်တရရှိသားပဲ လို့အောင့်မေ့မိရတယ်အထိ ။ အသက်ရလာရင်ရဟန်းဘ၀နဲ့ ပဲနေမယ် သေမယ် လို့ပြောခဲ့တာ အဲဒီ အတိုင်း ဖြစ်တယ်နော် ။ အဲဒါကို မယုံခဲ့သလိုမဖြစ်နိုင်ပါဘူး တစ်နေတော့ မေ့သွားမယ်ထင်ခဲ့တာ မင်းအောင်မြင်ချမ်းသာနေတာ အခြားသူတွေကလဲ ပြောပါတယ် ခုတော့ မင်းမှဟုတ်ရဲ့လားလို့ တပြည့်တော် မခွဲခြားနိုင် ဖြစ်နေတာ ၊ အရှင်ဘုရားသိမ်းထားတဲ့ ဓါတ်ပုံလေးမြင်မှ လုံလုံးယုံတယ်လို့ မမောနိုင် မပန်းနိုင် ပြောရင်းအခြား သူငယ်ခြင်းတွေအကြောင်း ပြောဖြစ် ကြပြန်ပါတယ် ။ ခုဆိုမရောက်တာ နှစ်ရက်ရှိသွားပီ မအားတဲ့ ကြားက ငယ်သူငယ်ခြင်းဆီသွားရင် သူတို့ယုံကြည်ရာစေတနာနှင့် ဘုရားသခင် ကောင်းချီးပေးပါစေလို့ အကြိမ်ကြိမ်သူကို အားရှိအောင်ဆုတောင်းပေးဖြစ် ခဲ့ပါတယ် ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်