Monday 17 March 2014

“ “ဘဘဦးတင်ဦးနှင့် တွေ့ဆုံခြင်း ” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ဘဘဦးတင်ဦးနှင့် တွေ့ဆုံခြင်း ” ”
https://www.facebook.com/buddhagonyipage?ref=hl
အသက် (၈၇)နှစ်ရှိသော နိုင်ငံရေးဘ၀ အတွေ့အကြုံများရှိသော ဘ၀သမိုင်းပေါင်းများစွာနှင့် အမျိုးသားရေး နိုင်ငံရေးကိုစိတ်ဝင်စား စွာ ဆောင်ရွက်တတ်သော အမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ နာယကဖြစ်သော ဘဘဦးတင်ဦး ခေါ် ဒကာကြီးဦးတင်ဦးနှင့် ရွှေည၀ါ ဘုရားထီးတင်ပွဲတွင် တွေ့ဆုံခဲ့ပါသည် ။ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးဘာသာသာသနာ ရေး ဆွေးနွေးရေး အစီစဉ်များ ညှိနိုင်ခဲ့ဖြစ်သည် ။ ကြမ်းတမ်းခဲ့သော နိုင်ငံရေးသမိုင်းကြောင်းမှ နူးညံသောနှလုံးသား ရိုးသားသော စိတ်ဓါတ် ခိုင်ကြည်သောအမြင် ၊ ဘာသာတရားကို ရိုသေလေးစားမှု့ တန်ဘိုး ထားမှုတို့ ကို သက်တော်ရှည် အမတ်ကြီးတစ်ဦးသဖွယ် တွေဆုံ ဆွေးနွေး ဖြစ်ခဲ့ပါသည် ။ ဖုံးနံပါတ်တွေပေး ဘာသာရေးအတွက် ထာဝရအသင့်ရှိ ကြောင်းနှင့် နိမ့်ခြသော နှလုံးသားကို လေးစား ချစ်ခင်မိခဲ့ရပါသည် ။ ၈၈ ပွင့်လင်းလူအဖွဲ့ အစည်းမှ ကိုကိုကြီး ၊ ကိုဂျင်မှီ တို့နှင့်လဲ ဆွေးနွေး တိုင်ပင် ဖြစ်ခဲ့ပါသည် ။ ဗိုလ်ကြီးနေမျိုးဇင် နဲ့လည်း အချို့ ဘာသာရေးအမြင် များဆွေးနွေးဖြစ်ခဲ့ သည်။ ဗုဒ္ဓဘာဘာပါဟုပြောသော်လည်း စစ်မှန်သော ဗုဒ္ဓဘာသာ နှလုံးသား မရှိသောသူများလဲရှိတတ်တာကို မြင်တွေ့ ခဲ့ရပါသေးသည် ။ အမည်ခံ ဗုဒ္ဓဘာသာ ၊ မှတ်ပုံတင် ဗုဒ္ဓဘာသာများ ပပြောက်ရေး ဓမ္မအသိပညာတိုးပွား ရေး ၀ိုင်းဝန်းကြိုးစားရ မည်ဟူ၍ သံဒိဌာန်ချမိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်