Friday 18 April 2014

``` ရေသိမ်လေးရဲ့ အမိုးအလှုရှင် ´´´

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
``` ရေသိမ်လေးရဲ့ အမိုးအလှုရှင် ´´´
https://www.facebook.com/buddhagonyipage?ref=hl

ဦးရွှေပုတို့ မိသားစုလိုက် ဒီနေ့ ဗုဒ္ဓဂုဏ်ရည်ရိပ်သာ ကိုရောက် လာကြ ပါတယ် ။ တန်ခူးနှစ်ဆန်း(၁)ရက်မှာ ကုသိုလ်ဆန်းတွေပြုသွားပါတယ် ။ ဦးခိုင်လွင်အောင် +ဒေါ်အေးမွန် တို့ရဲ့ စေတနာ အာရုံကြရာ ရေသိမ် မဟာကို သွားရောက်ကြည့်ရင်း အစီစဉ်တွေခြ့ပပါတယ် ။ ရဟန်း ၀ိနည်း အရ အပစ်မဖြစ်လို တာကြောင့် စေတနာအလိုရ စီစဉ် ပါ လို့ပဲ ပြောဖြစ် တဲ့ အခါ ဒီတစ်မိုးမစမှီ အပီးလှုမယ်ဘုရားလို့ ကုသိုလ်စကား အားရပါးရ ပြော သွားပါတော့တယ် ။ ``ရတနာဆွေ (မေ)´´ ကိတ်မုန့် ပေါင်မုန့် မျိုးစုံ ဖြန်ချီ ရေးလုပ်ငန်း ကို ၊ ကမ်းရိုးတန်းဒေသ အထူး ၀န်ဆောင်မှု့ဆိုပီး လုပ်ဆောင် ကြတာ၊ စီပွားရှာရာ မှာတောင် ပညာပါတာ ကိုတွေ့မြင်ရပါတယ် ။ မိတ်ရင်း ဆွေရင်းတွေပြန် တွေ့သလို ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်းသူ့အလှုတွေ မှာ အမည်တောင် မရေး စစ်မှန်သော ကုသိုလ်ရေး တွေဟာ ဗုဒ္ဒဂုဏ်ရည် ဆရာတော် ရဲ့ မိတ်ဆွေတွေ ဆရာတော် တွေဖြစ်နေတော့ အံသြ ၀မ်းသာ ရှိလို့မလှု သိလို့ လှု ကြတဲ့ဒါနစစ်တွေ ကြားရမြင် ရ၀မ်းသာကြရပါတယ် ။ ညနေ(၄)နာရီ ကျော်မှ ပြန်သွားကြ ပါတယ် ။ ကျောင်းမှာလိုအပ်သမျှ သုံးနိုင်ကြဘို့ ဝေယာဝစ္စအလှုငွေ (တစ်သိန်း) လှုဒါန်းသွားကြပြန်ပါတယ် ။ ကုသိုလ်သံတွေဝေ အမျှ ဝေသံတွေစီညံလို့ နိဗ္ဗာန်နန်းတက်လှမ်းနိုင်ပါစေ လို့ ဆုတောင်းရင်း ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်