Friday 18 April 2014

``` အစကောင်းမှ အနှောင်းသေခြာ သိမ်တော်မင်္ဂလာ ´´´

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
``` အစကောင်းမှ အနှောင်းသေခြာ သိမ်တော်မင်္ဂလာ ´´´
https://www.facebook.com/buddhagonyipage?ref=hl
သိမ်နုတ် သိမ်သမုတ်ဟာ သာသနာတော်မှာသိပ်အရေးကြီးပါတယ် ။နှစ်ကူးနှစ်ဆန်းမာ အပြီးတိုင်သိမ်နုတ်ခြင်းကိစ္စဒီနေကျင်းပဖြစ်ပါတယ် (၁၈-၄-၂၀၁၄)၁၃၇၅ခု တန်ခူးလပြည်ကျော် (၄)ရက် နေမှာ အပီးတိုင်ပြုလုပ်ဖြစ်ခဲ့ပါတယ် ။ ၀ိနည်းတော်ဟာ သာသနာအသက်ဖြစ်သလို သိမ်တော်မဟာကလည်း သာသနာဆက်ရာ အကြောင်းဖြစ် လို့ သိမ်နုတ်ခြင်းကိုစနစ် တကြ နှစ်ကြိမ် ဆောင်ရွက်ပါတယ် ။ သူ့အကြိုးကိုတန်ဘိုးထားသကဲ့သို့ သူ့ ကျေးဇူးကို သိသော စိတ်ဖြင့် ၀ိနည်းတော်ဆရာတော်များဖြင့်နှစ်ကြိမ်တိုင်တိုင် သိမ်နုတ်ခြင်း မင်္ဂလာပြုကြပြန်ပါပြီ ။ သိမ်နုတ်သိမ် သမုတ်ရာတွင် ဆရာကိုင် အမျိုးမျိုးရှိကြသည် ။ တောင်လေးလုံးနည်း ၊ မဟာဂန္ဓာရုံနည်း ဖားအောက်နည်းစသည်ဖြင့် စာနှနှ့်ရင် နန့်သလို အမျိုးမျိုးရှိကြပေသည် ။ အကောင်းဆုံးဖြစ်ရန် ကြိုးစားကြသည်မို့ အစကောင်းမှ အနှောင်းသေခြာဆိုသလို သိမ်မည်မျှပင် သန့်အောင်သမုတ်စေကားမူ သိမ်နုတ်ခြင်း မတိကြ မအောင်မြင်လျှင် လူမသိသူမသိ အပူမိတဲ့ဝေဒနာလို့ သေရာပါအမှတ် သံသရာဇတ်ရထား အမှားစီးသွားသလိုဖြစ်ကြပေမည် ။ သဒ္ဓါစိတ်ဖြင့် တောင့်တ ကောင်းသထက်ကောင်းအောင် ဆောင်ရွက်ပေးတော် မှုကြပါပေပြီ ။ ဒီတစ်ခါတော့ မဟာဝိဟာရကျောင်းတော်မှ မဟာဝိဟာရ ဆရာတော်ဘုရားကြီးဦးဆောင် ကာ ဘုရားသားတော် သံဃာတော် အပါးတစ်ရာကျော်ဖြင့် သိမ်နုတ်ခြင်းမင်္ဂလာ ပြုလုပ်အောင်မြင်ကြပြန်ပြီ ။ ညနေ(၆)နာရီကျော်မှစ၍ နည်းအစုံ ဖြင့် သိမ်နုတ်တော်မူကြပါပေသည် ။
သာသနာတော်ကြီးအနှစ်များမြောင်တည့်တန့်ကြာအောင် ဆောင်ရွက်နိုင်ကြပါကုန်စေသတည်း ။
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ ဆပ်သွားတောအုပ်စု မှော်ဘီမြို့ ။
ဖုံး-၊ ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅
Like ·

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်