Monday, 14 April 2014

“ “ ဗိုလ်ချုပ် အောင်ဆန်းကို အရှင်အဂ္ဂဓမ္မ လုပ်ကြံခဲ့လေသလား” ”

https://www.facebook.com/ashin.aggadhamma.7?ref=tn_tnmn
“ “ ဗိုလ်ချုပ် အောင်ဆန်းကို အရှင်အဂ္ဂဓမ္မ လုပ်ကြံခဲ့လေသလား” ”
https://www.facebook.com/buddhagonyipage?ref=hl

သမိုင်းကိုပြန်ပြင်မရသလို့ သမိုင်းကိုသင်ခန်းစာ မယူပဲ သမိုင်းကိုဆုပ်ကိုင်နေမည်ဆိုလျှင် မတိုးတက်ခြင်းတို့၏ အခြေခံပင်ဖြစ်ခြေမည် ။
တက်နိုင်သမျှလူငယ်တွေ အတွက် ဘ၀တိုးတက်ရေးအတွက် ရွှေ့ပြောင်း အလုပ်သမားများ အသိညဏ်တိုးပွားမြင့်မာရေးအတွက် အမျိုးသားစိတ်ဓါတ် မြင့်တင်ရေးအဖွဲ့ ဆန္ဒအတိုင်း လင်းသိုက်ညွန့်ရယ် စာရေးသူရယ် စာပေ ဟောပြောပွဲ အဖြစ် ကျင်းပပြုလုပ်ဖြစ်ပါတယ် ။ စာရေးသူဟာ တောထွက် ရဟန်း ဖြစ်တော့ အမျိုးသားရေးကို ရှေ့တန်း မတင်လိုသော်လည်း ပါဝင် ဆောင်ရွက်ဖြစ်နေခဲ့ ပါတယ် ၊ဟောပြောဖြစ်ပါတယ် ။ အဲဒီဟောပြောပွဲမှာ ဗိုလ်ချုပ် အောင်ဆန်းကိုချစ်မြတ်နိုးလို့လား ၊ မျက်ကန်း မျိုးချစ် ဖြစ်နေ လို့လား တော့ မသိ စာရေးသူကို ဖြေရှင်းပေးစေလိုတယ် ၊ ဆြိုပီး ဖေ့စဘုတ် မှာ တစ်မျိုး အပြင်မှာ တစ်ဖုံ ပြောဆိုသုံတွေကြားလာ ရေးသားသလို့ ၊ စာပေဟောပြောပွဲလုပ် စင်တင်ပီး မကြားဘူးမမြင်ဘူးတဲ့ စာရေးဆရာ ဆိုသူကိုပြောကြားစေကာ မှ ပြန်လယ် အပုတ်ချစော်ကားတယ် ဟု မခံနိုင်သော လူငယ်အချို့ ကလဲပြန်လည် ပြောကြား လာပါတယ် ။ နားလယ်မှု့လွဲမှားခြင်းအတွက်တောင်းပန်ပါတယ် ၊ ပြန်လယ်ရှင်း တဲ့ သဘောမဟုတ်ပါ ၊ မလုပ်ခြင်ပဲလုပ်ပေးနေ မဟောခြင်ပဲဟော နေရတာပါ ။ ကိုယ်ကျောင်းကိုယ်ကန် လေးထဲမှာ ကိုယ်ဆွမ်းလေးကိုယ်ခံပီး တရားလေးထိုင်ပီး တောထွက်တစ်ပါးရဲ့ တစ်ဘ၀စာ ပန်းတိုင်ဟာ ထာဝရ အေးငြိမ်းရာဆီကိုပါ ။ ကိုယ့်အပြော ကိုယ်အမြင် ကို အများ နားလယ်အောင် မပြောတတ်သူ အဖြစ် ထားပီး အားလုံးကို တောင်းပန် လိုက်ပါတယ် ။ အဲဒီဟောပြောပွဲမှာ ပြောဖြစ်ခဲ့တာက ငယ်ငယ် ဗိုလ်ချုပ် အောင်ဆန်း ကိုအားကြခဲ့တယ်(ကိုယ်ဘ၀ရဲ့ စံပြပုဂ္ဂိုလ်ပဲ) အခုတော့ ဘုရား(ဗုဒ္ဓ )ကို အားကြတယ် ။ ဘုရားကိုဘယ်သူမှ လုပ်ကြံလို့ မရဘူး ။ တကယ် လွတ်မြောက် ကြောင်းကို သိပီးအားလုံးကို ကယ်တင်နိုင်လို့ပါ ။ အဲဒီလိုက စပီးယှဉ်ဟောမိပါတယ် ထင်ပါတယ် ။ ကိုယ့် ကို ကိုယ်မကာ ကွယ်နိုင်တာ ဟာလဲ ညံခြင်းတစ်မျိုးပါပဲ လို့သုံးသပ်ပြ မိခဲ့ ပါတယ် ။ “ ဗိုလ်ချုပ်ထက်တော်နေလို့လား ” လို့ ဗိုလ်ချုပ်ကို စော်ကားတယ် ဆိုတဲ့ အထင် နဲ့ အမြင်တွေစောင်း တစ်စောင်း တွေပြောတော့ အားနာလိုက်တာ ။ ဗိုလ်ချုပ်ရှိ စဉ်က စော်ကားခဲ့တဲ့ “ ဗိုလ်ချုပ် သို့မဟုတ် အရိုင်း ” လို့တောင် ဆရာ ဒဂုဏ်တာရာရေးတာ ဗိုလ်ချုပ် စိတ်မဆိုးခဲ့ပါဘူး ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ရအောင် နိုင်း စရာလဲမဟုတ်သလို စာရေးသူက ခေတ်ပြိုင်လဲ မဟုတ်ပါဘူး ၊ သုံးသပ် ဆင်ခြင်ခွင့်လေးတောင် မပေးနိုင်ကြဘူးလား ကွယ်ယို့ ။ အဓိကက ဗိုလ်ချုပ်သွေး ။ လာပြန်ပီ နောက်တစ်ယောက် ကိုယ့် ကို သတ်မယ့်ရန်သူတွေ ကိုမွေးပြီး နိုင်ငံတော်ကယ် တင်ဦးမယ်တဲ့ ။ ဘယ် နဲ့လုပ်ကြဦးမလဲ ဆိုတဲ့ စိတ်အခြေခံနဲ့ ချစ်စိတ်နှင့် နိုင်းပြောခဲ့ ဟောခဲ့တာပါ ။ နှစ်စိတ် စော်ကား စိတ်နဲ့ မဟုတ်ပါ ။ မြင့်မားတဲ့ အတွေးလေးတစ်စ တစ်လေ များထွက်မလား မှတ်လို့ ပြောမိတာ ၊ မထိနဲ့ဓါးကြည့် ခေတ်လဲမဟုတ်လောက် တော့ပါဘူး ။ တကယ် ဗိုလ်ချုပ်ကိုချစ်ရင် ဗိုလ်ချုပ်စကား ကိုနားထောင်ရမှာပါ ။ လုပ်ရပ်ကို အားကြအတုယူ တုရ ပြိုင်ရမှာ ပါ ။ ပုဂ္ဂိုလ် ကိုယုံကြည်ခြင်းထက် ဓမ္မကို ယုံကြည်ခြင်းပဲ ဖြစ်သင့် တာပါ ။ ပုဂ္ဂိုလ်ကိုချစ်တာလား လုပ်ရပ်ကို ချစ်သင့်တာ လား ၊ လူကိုချစ်တာ နဲ့ လုပ်ရပ်အားလုံး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အားလုံးကို မှန်တယ်ဆိုပီး အတင်း လက် မခံခိုင်းသင့်ပါဘူး လွပ်လပ်စွာ သဘောကွဲလွဲခွင့် ပေးသင့်ပါတယ် ။ အမြင် မတူရင်လဲ ခွာနေလိုက်ပါ ၊ ငါအမြင်ကို စော်ကားရ ကောင်းလား ဒီကောင်က ဘာကောင်လဲ ဘယ်လောက် တော် နေလို့လဲ လို့မဆုံးဖြတ် သင့်သလို မသုံး သပ်အပ် ပါ ။ ဘာပဲဖြစ်ဖြစ် စာရေးသူ အပစ်လို့ခံယူပါတယ် ၊ ဟောပြောမှု့ စွမ်းရည် မရှိလို့ မှားခဲ့တာဖြစ်ဖြစ် ၊ အပြောမတတ်တော့ ဆဲသလိုဖြစ်ခဲ့တာ ဖြစ်ဖြစ် အားလုံးကို တောင်းပန်ပါတယ် ။ ကိုယ်ကို ချစ်လို့အားပေးတယ် လိုပဲမြင်ပါတယ် ။ စင်ပေါ်တက်ပီး ပြန်လည် ခြေပ လောက်အောင် စိတ်ထိခိုက်သွားတယ် ဆိုတာ စာရေးသူရဲ့ အားနည်း ချက် အဖြစ် လက်ခံပါ တယ် ။ အားလုံးကို ခွင့်လွတ်စိတ်ထား နေသူဖြစ်လို့ အပစ် ဆိုတာ ကိုယ်မလုပ်လဲ ရှိပီသားဖြစ်နေတတ်လို့ပါ ။ သေခြာတာ တစ်ခုက တော့ ဗိုလ်ချုပ်အောင်ဆန်းကို ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ သတ်လို့ မသေပါဘူး ။ ဗိုလ်ချုပ်ထက် တော်တဲ့သူတစ်ယောက် ပေါ်လာရင် ဒါမှမဟုတ် အချိန်ကာလ တွေသိပ်ကြာသွားရင်တော့ မေ့သွား နိုင်ကောင်း မေ့သွားနိုင်ပါတယ် ။ နှစ်ပေါင်းနှစ်ထောင့်ငါးရာက လူတစ်ယောက် အကြောင်း ကတော ခုထိရှင်သန်စဲမို့ ကြည်ညို့ ယုံကြည်လို့ အပစ်ရှိတာ ကျွန်တော်ပါလို့ ၀န်ခံရဲသလို ၊ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း ကို အရှင်အဂ္ဂဓမ္မ မလုပ်ကြံခဲ့ပါလို့သာ နောက်ဆုံး ၀န်ခံလိုက်ပါရစေ ။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်