သုညတအနတ္တဥာဏ်အမြင်
ဝိပဿနာအစစ်ဆိုတာ ပရမတ္တသဘောဖြစ်သော ကြိယာ အမူအရာမျှတို့၏ ပစ္စုပ္ပန်မျက်မှောက်၌ ဖြစ်ပျက်နေမှု အစရှိသည်တို့ကိုသာလျှင် ရှုကြည့်၍နေခြင်းကိုသာ ၀ိပဿနာအစစ်ဖြစ်သည်ဟူ၍ ဖြစ်၏။
ထို့ကြောင့် ထွက်လေ၊ ၀င်လေ တို့ဖြင့် တရိပ်ရိပ်နှင့် ထိလျက်နေမှုတို့ကို သာလျှင် အထူးဂရုစိုက်လျက်ရှု
ပါလေ။ ထိမှုမှတစ်ပါး ဘာကိုမျှ ဂရုမစိုက်ပါနှင့်။
ဤသို့ ထွက်လေ၊ ၀င်လေတို့ဖြင့် ထိထိနေသော တရိပ်ရိပ်နှင့် ထိမှုကလေး တွေကို ရှုနေခြင်းသည် အ
လေ့အကျင့်များ၍ လာသော် နှာသီးဖျားတွင် ထွက်လေ ၀င်လေ တို့ဖြင့် ထိ၍သိရသော အသိမျိုးထက်ပို၍
ထွက်လေ ၀င်လေ မသိနိုင်သော ခန္ဓာကိုယ်တစ်နေရာရာ၌လည်း ရေပွက်ကလေးတွေ မိုးပေါက်ကလေး
တွေ နှင်းပေါက်ကလေးတွေ အပ်ဖျားကလေးတွေတို့နှင့် ထိတွေ့ရသကဲ့သို့လည်း ထိုက်သင့်သလိုတွေ့၍
လာရတတ်၏။ ထိုသို့သော ထိတွေ့မှု ကြိယာသဘောလေးတွေလည်း ပရမတ်ရုပ် သဘောကလေးတွေ
ပင်ဖြစ်သောကြောင့် ရှုလိုလျှင် ရှုကြည့်နိုင်သည်။
သို့ရာတွင် အတွေ့နည်းသောအခါ နှာသီးဖျား၌တွေ့သော ထိတွေ့မှုကိုသာလျှင် ဆက်၍ရှုတာက သာ၍
ကောင်း၏။ သမာဓိ အားကောင်းလာလျှင်မူကား ခန္ဓာကိုယ်တွင်တွေ့ထိမှုတို့သည် ပို၍များပြားစွာ တွေ့
လာတတ်၏။ ခန္ဓာကိုယ်တွင် တွေ့ထိမှုတို့သည် များ၍လာသောအခါ များသောနေရာတွင် လိုက်၍ရှုလို
လျှင် ရှုနိုင်သည်။
လိုက်၍ရှုသောအခါ ပို၍လည်း များများတွေ့လာတတ်၏။ လျော့နည်း၍လည်း ပျောက်ပျက်သွားတတ်၏
ပို၍တွေ့လျှင် ဆက်၍သာရှုပါလေ၊ လျော့နည်းပျောက်ပျက်သွားပါလျှင်မူကား မူလရှုရင်းစွဲဖြစ်သောနှာသီး
ဖျားတွင်ပြန်၍ရှုပါလေ။
ဝေဘူဆရာတော်ဘုရားကြီး
No comments:
Post a Comment