ယမန်နေ့ (၂၂-၂-၂၀၁၃) ညနေ ၅ နာရီခန့်ကတနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ဘ၀ါကမ်းခြေရွာ (ထာဝယ်ရေနက်ဆိပ်ကမ်း အထူးဇုန်အနီး) နှင့် ၂ မိုင်ခန့်အကွာခန်တွင်လူသူမရှိသော သီဟိုခြံများအတွင်းသို့ အမည်မသိ ကုလားအုပ်စုမှ အမျိုးသမီးများနှင့် အရွယ်တော်ကလေးများ အတင်းဝ င်ရောက်၍ သီဟိုသီများခူးစားခြင်း ၊ ဆီးသီးများဝင်ရောက် ခူးစားခြင်းများ ပြုလုပ်နေသည်ကို ကမ်းခြေနေ မိသားစုအချို့နှင့် ဈေးဆိုင်တို့မှ ကြားသိ တွေ့မြင်သွား၍ ကျေးရွာလူကြီးကို တိုင်းကြားခဲ့ကြ သည်ဟုသိရှိရသည် ။
ကျေးရွာလူကြီးမှ သွားရောက်မေးမြန်းစုံစမ်းရာ တုန်ရီပင်ပန်းနေကြပြီး ထမင်းမစားရတာ သုံးရက်ခန့်ရှိ၍ ၀င်ရောက်ခြင်း ဖြစ်ကြောင်း မြန်မာစကားကို(ရခိုင်သံမပေါက်) အတော်အတန် ပြောနိုင်သူ အချို့ပါဝင်ပြီး ရှင်းပြသဖြင့်အရေးပေါ် နီးစပ်ရာ ရေတပ်စခန်း ဌာနချုပ်ဖြစ်သည့် ဟိန်းဇဲ ရေတပ်စခန်းသို့ သွားရောက်
အကြောင်းကြားခဲ့ရသည် ။
ထိုအချိန်တွင်ကမ်းခြေသုံး စီ ဒီ အမ်အေ ဖုံးများဆက်ကြောင်းပြတ် နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် တော်တော် ဒုက္ခ ရောက်ခဲ့ရသည်ဟု ပြောပြခဲ့ပါသည် ။ စက်လှေအား ကမ်းနှင့် ဝေးဝေးတွင်ရပ်ထားပြီး အမျိုးသမီး နှင့် ကလေးများသာတွေ့ရပြီး လှေပေါ်တွင် အမျိုးသားများပါသည် ဟုသိရသည် ။ လူဦးရေ ၆၅ ယောက်ပါဝင်သော စက်လှေ ဖြစ်ပြီး ဘင်္ဂါလီ(ရိုဟင်ဂျာ) များ အိမ်ထောင်စုများ မိသားစုအလိုက် ပြောင်းရွှေ့လာသည်ဟု ပြောဆိုကြပါသည် ။
သက်ဆိုင်ရာမှ လာရောက်၍ ဆန် ၊ ဆီ ၊ စားစရာရိက္ခာ အချို့ပေးလိုက်ကြပြီး ၀င်ရောက်ခွင့် နေထိုင်ခွင့် မရှိကြောင်း ရှင်းပြ ပြန်မောင်း စေခဲ့သည်ဟု ကြားသိရပါသည် ။ ထိုကဲ့သို့ မြန်မာရိုဟင်ဂျာ အမည်ခံ လူဦးရေ ၂၀၀၀ ကျော်လောက် မိသားစုများ ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေဒေသ လူသူမရှိသော ကမ်းခြေ အနီးတွင် အတင်းဝင်ရောက် နေထိုင်းသဖြင့် ထိုင်းရဲများ ၊ သက်ဆိုင်ရာများက များမကြာမှီက ရှင်းလင်းခဲ့ရ ကြောင်းဒေသ ခံများကပြောဆိုကြပါသည် ။တနင်္သာရီကမ်းရိုးတမ်း ဒေသတွင် ဘိတ် (မြိတ်)
ကျွန်းစုပေါင်း ၃၅၀ ကျော်ရှိပြီး လူသူအရောက်အပေါက်နည်းသော ကျွန်းများရှိပါသည် ။
အခြေကြနေထိုင်ရန် နေရာရှာနေကြသော လူဦးရေပေါက်ကွဲ မှု့နှင်ကြုံတွေနေရသော ဘင်္ဂါလီ (ရိုဟင်ဂျာ) များသည် နေထိုင်ရန် အခက်အခဲနှင့် ကြုံတွေနေရသဖြင့် ဘိတ်ကျွန်းစုသို စစ်မျက်နာအသစ်ဖွင့် အခြေပြုနေထိုင် ရန်ကြိုးစားနေသည်ဟု သုံသပ်လျှက် ရှိကြပါသည် ။
(မြိတ်) ကျွန်းစုပေါင်း ၃၅၀ ကျော် တွင်စောင့်ရှောက်မှု့အားနည်း၍ လူသူလုံးဝအရောက်အပေါက်နဲ
သောနေရာများတွင် အခြေကြလူများမနေထိုင် သေးသော ဆက်သွယ်မှု့ခက်ခဲသော ကျွန်းများစွာရှိ တွင်ရာလာရောက်၍ အခြေတကြရွာတည် နေထိုင်မည့် သဘောဟု စိုးရိမ်စွာ သုံးသပ်ပြောကြားနေ ကြကြောင်း အထူးသတင်းအဖြစ် ရရိုပါသည် ။
လောကပါလ
No comments:
Post a Comment