ဒီမိုကရေစီစနစ်ရယ်လို့
အမည်ခံ အုပ်ချုပ်တာ ၂၀၁၀ က စရင် ခေါင်းဆောင် တဆက် မရှိသေးပါဘူး ။
စနစ်ပြောင်းပေမဲ့ လူမပြောင်းသေးသလို ဖြစ်နေရတဲ့အတွက်
အခက်ကြုံနေရသလိုဖြစ်နေခဲ့ကြရ ပါတယ်လို့ဆိုကြပြန်ပါတယ် ။ အရင်အုပ်ချုပ်နည်းစနစ်ကနေပြီး
ဖြေးဖြေးခြင်းပြောင်းရသလို ဖြစ်နေတော့ အားမရတဲ့ပြည်သူတွေရှိနေသလို ၊
အရေးတကြီး ပြောင်းလဲခြင်နေတဲ့သူတွေ ကလဲ ဒုနဲ့ဒေး ။
မျှော်လင့် မိခင်ရဲ့ လုပ်ရပ် များအပေါ်အားမရသူ စိတ်ဓါတ်ကြသူတွေက တစ်ဖက် ၊ မျော်လင့် တောင့်တနေ သူတွေကလဲ တစ်သက်သက် ။ ဒီကြားထဲ ၁၉၄ရ မျှော်မှန်းချက်ကို အကောင်ထည်ဖော်ပီး ပြည်ထောင်စု မဟုတ် ကိုယ့်နိုင်ငံ အသစ် မျော်လင့်ချက်တွေနဲ့ လက်နက်ကိုင် တော်လှန် လိုက်။ ငြိမ်းချမ်းရေးယူလိုက် ၊ ပြန်ဆူလိုက် ။ ဘာသာကွဲလို့တိုင်းပြည်ကွဲဘို့တွေလဲ ကြိုးစားနေကြ ။ စစ်ပြေးတွေ ၊ ဒုက္ခသယ်တွေ ပြည့်နက် သလိုဖြစ်နေရပြီ ။ မြန်မာပြည်ရေရှည်ခံနိုင်ပါမလား

ဒါပဲစဉ်းစားမိပါတယ် ။
မြန်မာနိုင်ငံနဲ့နယ်မြေထိစပ် ကပ်နေတဲ့ နိုင်ငံတွေကလဲ ၊ အမှီး ကျက် အမှီး ၊
ခေါင်းကျက် ခေါင်း ပေါင်းလဲစား ထောင်းလဲစား ။ နိုင်ငံခြင်းကပ်နေလို
ကယ်တာလား ကပ် ပြီးသယ်ယူနေ တာလားဝေခဲလိုမရအောင် ။ အင်အားကြီး နိုင်ငံတွေကလဲ
အကြွေးပြန်တာလား အကြံပေးတာလား ၊ နိုင်ငံရေးခုတုံးလုပ်ပီး ဘာသာ
သာသနာဖျက်ခြင်နေကြတာလား ။
ဆိုဗီယက်နိုင်ငံကြီး ပြိုကွဲ ပြိုလဲသွားတာကို မြင်ရောင် သတိထားသင့်ပါတယ် ။ အဲဒါနိုင်ငံရေး ပဲလား ။ သူတပါးဆင်းရဲသွားမှ ဘာသာပြောက် လူမျိုးပြောက် နိုင်ငံပြောက်စေ့ ခြင်သူတွေ ရှိနေနှိုင်တာကို နိုင်ငံသားတိုင်း သတိထားသင့်ပါတယ် ။ တရုပ်ပြည်ကတိုးတက်အောင် နိုင်ငံ အပြင်ရောက်နေသူတွေ ဖိတ်ခေါ် ကြိုးစားခဲံသလို တို့နိုင်ငံကလဲ နိုင်ငံသစ်တည်ကာစမှို့လို ဖိတ်ခေါ်မိပါတယ် ။ ပြန်ဝင်လာသူ အများစုက အရင်ခေတ်ဟောင်း စနစ်ဟောင်းက ပြသနာရှာ ထွက်သွား နိုင်ငံတကာဒုက္ခသယ် လုပ်နေခဲ့ သူ တွေပဲပြန်လာတာ များနေခဲ့တယ် ။ နည်းပညာတွေ အရင်းအနှီးတွေ မပါလာ သလို ဖြစ်နေရတယ် ။ နိုင်ငံခြားရင်းနှီးမြုတ်နှံ လိုသူတွေကြည်ပြန်တော့ ပထ၀ီဝင် နိုင်ငံရေး အားကောင်းမှု့ အပေါ်ပဲ အခြေခံ လုပ်စား အခွင့် ရေးသမားတွေပဲ များနေတယ်လို့မြင်မိပါတယ် ။
ကိုယ့်နိုင်ငံထဲကလဲ အခွင့်ရေးသမား တွေရယ် ၊နိုင်ငံခြားပြန် နိုင်ငံသားအခွင့်ရေးသမားတွေရယ် ၊ နိုင်ငံခြား ရင်းနှီးမြှုတ်နှံ လိုသူ အခွင့်ရေသမားတွေရယ် ၊ အခွင့်ရေး နိုင်ငံတော်ကြီး ဖြစ်နေရင် ၊ ပြည်သူပြည်သား အခွင့်ရေး ကြံနိုင်ပါဦးမလား စဉ်းစားမိနေပါတော့တယ် ။
နိုင်ငံရေးကို စိတ်ဝင်စားလို့ မဟုတ်ပေမဲ့ ကိုယ်နိုင်ငံ့အရေးမှို့တွေးမိတာလေးကို ရေးကြည့်ရတာပါပဲ ။ ပြင်းထန်ခဲ့တဲ ရခိုင်အရေးအခင်းဟာ လဲဘာသာရေး အရေးအခင်းမဟုတ်ပါဘူး ။ နယ်မြေကျူးကျော်စော်ကားမှု့ပါ ။ ဘာသာရေးနဲ့ အမျိုးသားရေးကိုဆွဲထည့်မှ ပြေလည်ကြ အနိုင်ရကြမယ် ထင်ကြလို့ လုပ်နေခဲ့ကြတာ ။
ပြည်တွင်းမှာရှိတဲ့ရိုးသားမှန် ကန်တဲ့ မြန်မာမွတ်ဆလင်တွေကို အနေခက်စေတာဟာ နိုင်ငံတော် တိုးတက်ရေးကို အနှောက်အရှက် ဖြစ်စေမှာပါပဲ ။ ဘာသာခြားတွေဟာ အင်အားစုမိရင် မူရင်းဘာသာဝင် နဲ့နိုင်ငံတွေကို တွန်းလှန်စော်ကား ခြင်ကြတာလဲ ဓမ္မတာပါပဲ ။ နယ်ချဲ့စနစ်ရဲ့သမိုင်းအမွေတွေ ။ တိုင်းပြည် မအေးချမ်းရင် နိုင်ငံ မတိုးတက်နှိုင်ပါဘူး ။
အကြမ်းဖက်တိုင်း အစ္စလာမ်လို့ပြောနေကြပေမဲ့ အစ္စလာမ်တိုင်းလဲ အစွန်းမရောက်ပါဘူး ။ အစွန်းရောက် လုပ်ရပ်တွေကို တိုက်ထုပ်ရမှာ အားလုံးမှာတာဝန်ရှိသလို အားလုံး လဲပါဝင်နေရမှာပါပဲ ။ ရိုးသားနားလယ်တဲ့ အခြားဘာသာဝင်တွေဟာ လူနည်းစုပဲ ရှိခြင်ရှိမယ် အားလုံးကို ၀ါးလုံးရှည်နဲ့သိမ်းကြုံးရမ်းမယ်ဆိုရင် ဗုဒ္ဓဘာသာနိင်ငံ ဆန်နိုင်ပါမလား ဒါလားကွဗုဒ္ဓတရားတော် ဒါလားကွ ဗုဒ္ဓဘာသာနိုင်ငံတော်လို့ အပြော မခံရ စေခြင်တာ တခုထဲပါပဲ ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အပြောက် အပျက်မခံနိုင်လို့ပြောဖြစ်တာပါပဲ ။ မှားတာမှန်တာ ဝေဖန် ဆန်းစစ်တဲ့သဘောတော့ ရှိနေရမယ် ထင်ပါတယ် ။ တို့တိုင်းပြည်လေးငယ်ငယ် ဘယ်သူ လှဲလို့လဲပါမယ် ။ ဘယ်သူဆွဲလို့ ထူပါမယ် ။ဘယ်သူ တွဲလို့ကူပါမယ် ။ဘာသာတရား ၊နိုင်ငံအားနှင့် ၊ စဉ်းစားကြ ဖို့ တိုက်တွန်းလိုပါတယ် ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
http://www.facebook.com/buddhagonyipage
http://buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း : ၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
ဓါတ်ပုံလေးကအင်တာနကကရှာပေးတာပါနော်

No comments:
Post a Comment