Saturday, 23 February 2013

“ခွင့်ပြုချက်မရှိပဲ အိမ်မှ ကျောင်းအဖြစ် ဆောက်တဲ့ အစ္စလာမ်စာသင်ကျောင်းရေးပေါ်ပြဿနာ”


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မန်ပြေ (၁၉)လမ်း အနောက်မှာရှိတဲ့ အိမ် တစ်အိမ်မှာ အိမ်ကိုပြုပြင်၍ အစ္စလာမ်စာသင်ကျောင်းအဖြစ် ခွင့်ပြုချက်မရှိဘဲပြောင်းလဲ ဆောက်လုပ်နေပါတယ်တဲ့ ။ ရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ ရပ်ကွက်သားများနဲ့ ခဏခဏ စကားများရန်ဖြစ် ပေမဲ့ ဒီနေ့ နေ့လယ် ၁၀နာရီခွဲ လောက်ကစပြီး ရန်ကွက်တွင်းမှာရှိတဲ့ အမျိုးသမီးများနဲ့ အိမ်ရှင်ဖြစ်တဲ့ အမျိုးသမီးဟာ စကားများရန်ဖြစ်ကြပါတယ် ။ 


ရန်စကားပြောရင်း “ငါတိုဘာသာစာသင်ကျောင်းဆောက်တာ နင်တို့သူတောင်းစားတွေနဲ့ဘာဆိုင်လို့လဲ ”စသဖြင့်မခြေမငံဖြစ်ကြပြီး ရန်သတ်ကြတယ် ခဲနဲ့ပေါက်ကြတယ်လို့ကြားသိရပါတယ် ။ ရပ်ကွက်တွင်း အမျိုးသမီ ထု တရပ်လုံး စော်ကားတာမခံနိုင်တဲ့အဆုံး အိမ်ကိုခဲနဲ့ ပေါက်ရာကဖြိုချတဲ့အဆင့်ထိ ဖြစ်လာတယ်လို့ ကြားသိရပါတယ် ။

သက်ဆိုင်ရာ အဖွဲ့အစည်း ရဲ နှင့်ရပ်ကွက်လုံခြုံရေးတွေလဲ ပြဿနာပြေငြိမ်းရန် လာရောက်စောင့်ရှောက်ပေး ကြပေမဲ့ ၊ စည်ပင်ခွင့်ပြုချက်လဲမရှိ မှန်ကန်နေလို့ထိမ်းသိမ်းစောင့်ကြည့်နေရပြီ အခြားအစ္စလာမ်အဖွဲ့များလဲ လာရောက်နှောက်ရှက်ခြင်းမရှိပဲ ရန်ပွဲပြဿနာမှ ရပ်ကွက်တွင်း အမျိုးသမီးထုလက်မခံ၍ စာသင်ကျောင်းဆောက် လုပ်ခြင်း အား ၀ိုင်းဝန်းဟန့်တားဖျက်ဆီး ကြကြောင်းနှင့်ဘာသာရေး အထိကရုဏ်းသဘောအထိ မဖြစ်ကြ ပဲ ပြဿနာတခုဖြစ်သွားကြောင်း ကြားသိရပါသဖြင့် အထူးသတင်းတစ်ရပ်အဖြစ် တင်ပြပေးအပ်ပါတယ်။

လောကပါလ

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်