Wednesday, 20 February 2013
သာမနေ အစစ်ကလေးတွေ ဖြစ်စေခြင်ပါသည်
တစ်နေ့ကရန်ကုန်မြို့ အလယ်ခေါင် ဆူးလေဘုရား ၊ မြိုတော်စည်ပင်ရုံး ၊ ဧမာနွေလခရစ်ယာန် ဘုရားကျောင်း တို့၏ အနီး မဟာဗန္ဒုလပန်းခြံရှေ့ ကွက်လပ်တွင် နိုင်ငံခြားသား ကမ္ဘာလည့် ခရီးသည် ကားများ ၀င်လာမစဲ တသဲသဲကြားတွင် ကိုရင်ငယ်လေးများ များစွာကို အတင်း ၀ိုင်းဖွဲ့ အလှုခံနေသည် ကို တွေ့မြင်လိုက်ရ၍ရင်ထဲ ဘာသာ သာသနာအတွက် စိတ်မကောင်းဖြစ်လိုက်ရသည် ။
ဗုဒ္ဓဘာသာရဟန်းကြီး တစ်ပါးအနေနှင့် လွန်စွာမှမသင့်တော်သဖြင့် သွားရောက်စုံစမ်း လေ့လာ ရှင်းလင်း လိုက်ပါသည် ။ မြန်မာစကား မပီကလာ ပြောတတ်ပီး ပြောတတ်သူတွေကထွက်ပြေး ကြပါတော့သည် ။ သာကေတ ကဟုသာ မရှင်မလင်း နားလယ်ရပါသည် ။ မလုပ်သင့်ကြောင်း မလုပ်အပ်ကြောင်း သူတောင်း စား ဟုထင်လျှင် မကောင်းကြောင်းရှင်းပြ ၍ ဖယ်ခွာသွားစေသော်လဲ ခဏပဲဖြစ်ပါသည် ။ နောက် တစ်ဖွဲ့ လာတစ်ခါဖြင့် စနစ်တကြ စီစဉ် တောင်းယမ်းသကဲ့သို့ ဖြစ်လာသဖြင့် ဆုံးမပြော ပြောရာ ထွက်ပြေး သွားကြ ပြန်ပါသည် ။
အနီးအနားရှိ ဗုဒ္ဓဘာသာတက္ကစီ ဒရိုင်ဘာက “ မရဘူး ဘုန်းဘုန်း ရှက်ဖို့လဲကောင်းတယ် တပည့်တော် တို့လဲ ပြောတယ် ငေါက်တယ် ၊ ပြောလဲမရ နေ့စဉ် ဆိုတော့ လက်ပိုက်ကြည်နေရတော့တယ်” လို ညည်းပြော ပြောရှာပါတယ် “သက်ဆိုင်ရာကလဲ လာမရှင်းသလို ရဟန်းပျိုအဖွဲ့လို့ စောင့်ရှောက်ရေး အဖွဲ့တွေ ကလဲ မသိဘူးလားမသိဘူး” လို့ ဆက်ပြောပါတယ် ။
လိုက်လံရှင်းပြနေသော တိုးဂိုက် (စကားပြန်) အနေများနှင့် သော်လည်ကောင်း ၊ ရှင်းလင်းပေးသင့်သော် လည်း ၊ မနိုင်သည်အဆုံး လွှတ်ထား ရသည်ဟုလဲ ထင်မိပါသည် ။ အမျိုးဘာသာစောင့် ရှောက်နေ ကြသော အဖွဲ့များအနေနှင့် ဒီကိစ္စကို ၀ိုင်းဝန်း အဖြေရှာကူညီသင့်သည်ဟုသုံးသပ်မိပါသည် ။ အသိတရားရှေ့ထား ဆောင်ရွက်ခြင် သူများ အတွက်အခွင့်ကောင်း တရပ် ဖြစ်နေပေသည် ဟုသာရှု့မြင်မိပါတော့သည် ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698
Subscribe to:
Post Comments (Atom)
No comments:
Post a Comment