Sunday 17 March 2013

ထိုင်းနိုင်ငံတွင်ကျင်းပသောအမျိုးဘာသာသာသနာစောင့်ရှောက်ရေး

http://www.facebook.com/buddhagonyipage?ref=hl
ထိုင်းနိုင်ငံတွင်ကျင်းပသောအမျိုးဘာသာသာသနာစောင့်ရှောက်ရေး
http://www.facebook.com/lawka.thitsar.1?ref=tn_tnmn

ယနေ့သာသနာတော်နှစ် ၂၅၅၆ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ် တပေါင်းလဆန်း ၆ ရက် ခရစ်နှစ် ၂၀၁၃ ခုနှစ် မတ်လ ၁၇ ရက် တနင်္ဂနွေနေ့၌ ထိုင်းနိုင်ငံမဟာချိုင်မြို့ မူစီဝပ်ထစ် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြတ်စွာဗုဒ္ဓဘုရားရှင်၏ သာသနာတော်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့် ရှောက်တော်မူလာခဲ့ကြသော ထေရဝါဒသာသနာပြု ရဟန်းတော်များမှ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးနှင့် ဘာသာရေးအသိ နိုးကြားရေး ဟောပြောပွဲ ကိုတွင်အောင်မြင်စွားကျင်းပခဲ့ပါသည်။ အဖွင့်ဟောပြောခြင်းအဖြစ်
တက္ကသိုလ်အရှင်ဥာဏိန္ဒ ဝေလွန်သင်း၊(တောင်တွင်း) မှနှလုံးသားပေါ်ကတို့တိုင်းပြည် ခေါင်းစဉ်ဖြင့်ဟောကြားခဲ့သည်
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ အရှင်အဂ္ဂဓမ္မ ( နိက္ခမ) စိတ်ဓါတ်ပြုင်ရေးခေါင်းစဉ်ဖြင့်အမျိုးဘာသာသာသနာဆိုင်ရာနိုးကြားရေးစိတ်ဓာတ်ပြုပြင်ရေးတရားများကိုအဓိကဟာကြားခဲ့ကြပါသည်။
မိတ်ဆက်အစီစဉ်အဖြစ်ရဟန်းလူထွက်ဘ၀မှခရစ်ယာန်ဘာသာဝင်အဖြစ်ပြောင်းလဲခဲ့ပြီးလောက ကံတရားနှင့်သစ္စာတရားအားပိုင်းခြားနားလည်ခဲ့သူမှဗုဒ္ဓဘာသာသို့ပြန်လည်ကူးပြောင်းလာခဲံသည့်တောင်တွင်းသိန်းအောင်ခေါ် MCAကိုသိန်းအောင်ရဲ့ ဖွင့်ဟ၀န်ခံချက်နှင့်
အစ္စလာမ်(ဘင်္ဂါလီ)ဘာသာမှ ဗုဒ္ဓဘာသို့ဘ၀နှင့်ရင်း၍သစ္စာအမြင်သို့ ကူးပြောင်းခဲ့သည့် (အာမက်) ခင်မောင်စိုးရဲ့ ရိုးသားသောအနိစ္စတရားနှင့်ဗုဓ္ဒဘာသာစောင့်ေ၇ှာက်ရေးတို့ အားရှင်းလင်းပြောကြားပြီး။လေ့လာမေးမြန်စုံစမ်းမှုများအားရှင်းလင်းဖြေကြားပေးခဲ့ပြီးပျော်ရွှင်ကြည်နူးစွာအမျိုးသားရေးကြွေးကြော်သံများဖြင့်အောင်မြင်စွာအခမ်းနားရုပ်သိမ်းခဲ့ပါသည်။


အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုး...ကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
http://www.facebook.com/lawka.thitsar.1?ref=tn_tnmn
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်