ခရစ်တော်၏ ပျောက်ဆုံးခြင်း ပြဿနာ ဖြေရှင်းလိုက်ပါတယ်။
ကွယ်လွန်သူ ဒေါက်တာမြင့်မောင်၏ စာပေသုတေသန တင်ပြချက်အပေါ် ပြန်လည်ရှင်းလင်း တင်ပြရမည်ဆိုလျှင်
ဆရာတော် အရိယဓမ္မ၏ ပြောဆိုရေးသားမှုအား ဆရာကိုကိုကြီး(တောင်းတွင်းကြီး)၏ ပြန်လည်ဘာသာပြန်
တင်ပြထားသေ
ာ ၀င်းမော်ဦး စာအုပ်တိုက်မှ ထုတ်ခဲ့သည့် ဗုဒ္ဓပြဿနာများနှင့် ပတ်သက်၍ ပါမောက္ခ ဂိုးရစ်ဆိုသည်မှာ
အင်္ဂလိပ် အမည်တို့၏ မျိုးရိုးနာမည်တို့အား ရှေ့မှစာလုံးကြီးဖြင့်ရေးသော စာ(G သို့မဟုတ် J )အကြီးဖြင့် နောက်မှ
အမည်တို့ ပေါင်းစပ်မိခြင်း ရေးသားမိခြင်းအမှားဟု ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော်
Holgar Kersten: Jesus lived in Indiaတွင် ရေးသော The Unknown of Jesus အပိုင်းအား အစပိုင်းတွင်
တွေ့ရှိ့ရပါသဖြင့် Unknown Teaching of Christ သည်လည်း အင်္ဂလိပ် စကားလုံးအားဖြင့် မတူညီနိုင်သော်လည်း
သဘောတရား တူညီသော အကြောင်းတရားများ ပါရှိသည်ကို တွေ့ရပါသည်။ ဆရာဒေါက်တာမြင့်မောင်သိရှိသော
အထက်ပါစာအုပ်သည်(၁၉၉၅)သည် မည်သည့်(Eddition)အကြိမ်ရေ ရှိခဲ့ပြီကို ဆရာတော်အရှင်အရိယဓမ္မ
ဖြေရှင်းရသည့် ကာလနှင့်စာလျှင် ကွာဟသွားမည်မှာ မလွဲဧကန် ဖြစ်နေပါသည်။ ဆရာဒေါက်တာမြင့်မောင်၏
စာကြည်တိုက်တွင် မရှိနိုင်သော စာအုပ်များကိုလည်း ယခုအခါတွင် အင်တာနက်တွင် ရှာကြည့်မည် ဆိုလျှင်လည်း
http://www.amazon.com/Jesus-Conspiracy-Turin-Shroud-Resurrection/dp/1852306661/ref=la_B000APW3EG_1_2?ie=UTF8&qid=1352013239&sr=1-2
တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ဘုန်းတော်ဝင်စားသွားသော ဆရာ ဒေါက်တာမြင့်မောင်သည်လည်းကောင်း(ကောင်းကင်နိုင်ငံ၌ဖြစ်စေ)
ခရစ်ယာန်ဘာသာဝင်အချို့သည်လည်းကောင်း ၊ဓမ္မသံသယ တွေဝေစေကာ၊ နာကျည်းမှုဖြစ်ပေါ်စေခဲ့သည့်အတွက်
ပြန်လည်လေ့လာနိုင်ပါရန် တင်ပြအပ်ပါသည်။ ဗုဒ္ဓဘာသာဝင်များအား လွှဲမှားသော အဓမ္မပီတိခံစားစေခဲ့သည် ဆိုသည်မှာလည်း
သူများဆင်းရဲမှ ကိုယ်ချမ်းသာ ဗုဒ္ဓတရားမှာ မပါသကဲ့သို့ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအားလုံး သိမ်းကျုံးနားလည် စာနာစွာဖြင့်
စေတနာထား ဖြေရှင်းသွားခြင်းသည် အများအကျိုးကိုသာ ကောင်းစေလိုသော စေတနာဖြစ်ပါသည် ။
တုန့်ပြန်ဖြေရှင်းခွင့်မရနိုင်တော့သော တနည်းအားဖြင့် ဖြေဆေးသုံးခွင့်မရသေးသော ကလောင်အဆိပ်သင့်မှု
ခံစားနေကြရသော်လည်း သေချာလေ့လာ ဝေဖန်မည်ဆိုလျှင် ဤဝေဒနာနှစ်ပါးစလုံးကို ခံစားဘူးသော
ဤစာတမ်းရှင်နှင့်တကွ အားလုံးအား ဝေဒနာနှစ်ရပ်ပြေငြိမ်းစေလိုခြင်းအပြင် အမှန်သိ အမှန်ရှိအား သုတေသနပြု လေ့လာလိုက်စားမှု
အကြောင်းဖြင့် အကောင်းအကျိုး အားလုံးသယ်ပိုးနိုင်ပါရန် ဆန္ဒဖြင့် ထပ်မံရေးသား ဗုဒ္ဓဂုဏ်ရည် သာသနာစောင့်ရှောက်ရေးအဖွဲ့၏
ကိုယ်စား တင်ပြအပ်ပါကြောင်း။ ဘုရားသခင် ကောင်းချီးပေးပါစေ ။ အာမင် ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ။
ဖုန်း ၀၉ ၇၃၇ ၉၀ ၆၉၈ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:
Post a Comment