Monday 2 September 2013

“ မတွေ့ဘူးသေးသောအလှုခံပုံး (မုဆိုးမနှင့် မိဘမဲ့အတွက်တဲ့) ”

“ မတွေ့ဘူးသေးသောအလှုခံပုံး (မုဆိုးမနှင့် မိဘမဲ့အတွက်တဲ့) ”

ညီအကိုများအသင်းတော် ဆရာကြီးဒေါက်တာဦးတင်မောင်ထွန်း၏ရုံးခန်းထဲမှာဖြစ်သည် ။ ဆရာကြီးဒေါက်တာဦးတင်မောင်ထွန်း၏စားပွဲဘေးမှာ သပ်သပ်တင်ထားသည် ။ ခရစ်တော် အမှတ်တံဆိပ်ကလေး နှင့် မုဆိုးမနှင့် မိဘမဲ့အတွက်အလှုခံပုံး ဟုရေးထားသည် ။ ဒေါက်တာ ကြီး အား တော့မမေးဖြစ်ခဲ့ လူသားဆန်သော မေတ္တာ ဗုဒ္ဓဘာသာတွင်တွေ့ရခဲသော လုပ်ရပ် အံသြစရာကောင်းသော စကားများဖြင့် ဖွဲစည်းထားသော ခရစ်ယာန်တရားတော် ။ လောကကို ပုံဖေါ်ထုဆစ် လူ ဖြစ်တဲ့ဘ၀မှာ ၊ ဘိုင်ဘယ်(သမ္မာကျမ်းစာ)ပါအတိုင်း ဘုရား(ဖန်ဆင်းရှင်) ကိုချစ် လူကိုချစ် လို့ဆိုထားတယ်မဟုတ်ပါပေလား ။ ခရစ်ယာန် တရားတော်နဲ့ အညီ ကောင်းလှပါပေသည်ဟူ၍ သာဓုခေါ်မိပါတော့သည် ။

ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်