http://www.facebook.com/buddhagonyipage?ref=hl
နှာရည်ယိုရွှဲ တပို့တွဲ
http://www.facebook.com/lawka.thitsar.1?ref=tn_tnmn
ှဆွမ်းခံကြွသွားတော့ ဂေါစခံရွာ ထဲမှာကျောင်းပိတ်ရက် ကလေးတွေ ဖုန်တလုံးလုံးနဲ့ ကစားနေတာတွေ့ရတယ် ။
ဖုန်တွေနဲ့အတူ တကိုယ်လုံးဂျီ ညှော်တွေ နဲ့ အတူ နှာရည်တရွှဲ ရွှဲ ကို နပ်ရှုံလိုက်ပြန် ထွက်လိုက်နဲ့ ပျော်ရွင်နေကြလေရဲ့ ။ ကစားမပျက်သံဃာတွေတော့ ဦးချတတ်အောင် သင်ထားလို့ ၊ နှာရည်တွဲလဲ နဲ့ ဦးချနေလေရဲ့ ။ စိတ်ထဲမှာ ငယ်ငယ်က ကလေးဘ၀ကိုပြန်မြင်ရင်း နှာရည်ယို ရွှဲတပို့တွဲ ဆိုတဲ့ မိဘတွေသင်ပေးခဲတာ လေးကိုပြန်သတိရမိပါတယ် ။ မြန်မာ့ဆိုရိုးစကား ၊ စကားပုံ ၊ လ ရာသီနဲ့တွဲဆက်တာလေးတွေကို သတိတရတင်ပြခြင်ပါတော့တယ် ။ မြန်မာလ(အချိန်) နှင့် ပွဲတော် ၊ မြန်မာလ(အချိန်) နှင့် ရာသီ ၊ မြန်မာလ(အချိန်) နှင့်ကျမ်းမာရေး ၊ မြန်မာလ(အချိန်) နှင့်စိုက်ပျိုးရေး ဆက်စပ်မှု့ဆိုယိုးစကား စကားပုံများနှင့် စကားအလင်္ကာတို့ကိုတင်ပြအပ်ပေသည် ။
နှာရည်ယို ရွှဲ တစ်ပို့တွဲ ။
ရာသီအေး၍ကျမ်းမာရေးဆက်စပ်သောဆိုရိုးစကားဆိုထုံးစကားဖြစ်ပါသည် ။
တန်ခူးကဆုန် စွေ့စွေ့ခုန် ။
လရာသီနှင့်ဥတုဆက်စပ်၍ နေထိုင်ရပုံဆိုထုံးဖြစ်ပါသည် ။
တန်ခူး ရေကုန် ကဆုန်ရေခန်း ။
လရာသီ ကြောင့်ဥတုရေ ခမ်းချောက်၍ရေတွင်းတူးသူတို့ရေမခမ်းရန်တူးရသောလက်ရက်တွင်းတို့၏သဘာဝ အညာအလှလို့လဲဆိနိုင်သောဆိုယိုးစားလေးပင်ဖြစ်သည် ။
တစ်ပေါင်းတစ်ခူးဝမ်းမနူးနှင့် ။
ရာသီနှင့်ကျမ်းမာရေးဆက်စပ်သော ဆိုရိုးစကားအဖြစ် ရှောင်ကြင်သိတတ် ဆေးတော်မြတ်ဟုဆိုရမည့် ဆိုထုံးစကားဖြစ်ပါသည်
တစ်ပေါင်းတစ်ကူး မိုးသားကြူး ။
သဘာဝနှင့်လရာသီ၏ဆက်စပ်မှု့ပတ်ဝင်းကျင် ပြောင်းလဲပုံဆိုရိုးစကားပင်ဖြစ်ပေတော့သည် ။
နယုန်မိုးသွေး မျက်သားမွေး ။
အချိန်ကာလနှင့် သဘာဝတို့ကြောင့် ဥတုပတ်ဝင်းကျင်ထိစပ်သောဆိုထုံးဆိုက မှားအံ မထင်ပေ ။
ဝါဆိုဝါခေါင်ရေ ဖေါင်ဖေါင် ။
ဝါဆိုဝါခေါင်ရေတွေကြီးလို့သပြေသီးမှဲ့ကောက်စို့ကွယ်ဆိုသကဲသို့ ရာသီ နှင့် လ သစ်ပင်တိုသဘာဝကို ကာလနှင့် နေရာ ပြောဆိုရာရှေးစကားတစ်ခုပါပေ ။
တော်သလင်းနေ ပုဇွန်သေ ။
ပူပြင်းသောနေနှင့် အချိန်ကာလဒေသလျှော်စွာ ဆိုထုံးစကားလေးပင် မဟုတ်ပါလား ။
သီတင်းကျွတ်မည့်အရေး တော်သလင်းက ကန့်လန့်ခံ သေး ။
ဘ၀ကျင်ဖော်လက်တွဲဖေါ်နှင့် ပျော်လိုဇောစော မျော်၍ မော သောလူသဘာဝနှင့် ကာလချိန်ခါ ဆက်စပ်ပါသော စကားပုံလေးပေ ။
ဖုန်းတုံးလုံးတုံး တန်ဆောင်မုန်း ။
စပါးစိုက်ကာပျိုးနှတ်ခါနှင့် တောင်သူဘ၀ ပနာရသော စပါနို့ရည်တည်ပေပြီဟု ဆိုရိုးစကားမှတ်သားထိုက်ပေ ။
နတ်တော်ပြာသို လင်မလို ။
ရှေးထုံးလဲမပယ်ဈေးသုံးလဲမကြွယ်စေရန် ဥပမာ ပုံပြ စကားထုံးလေးဖြစ်၍ အိမ်ထောင်မပြုသင့် ကြဟု ရှေးကဆိုယိုးရှိပေသည် ။
ငှက်ပြော ပြာသို ၀ါးဝါဆို ။
သစ်ပင်စိုက်ဝါပင်စိုက် ဥတုရာသီတောကိုမှီသကဲ့သို့ စိုက်ပျိုးသင့်သောကာလနှင့် သဘာဝကိုလနှင့်သစ်ပင် ယှဉ်၍သိအပ်ရှေးထုံးမြတ်လိုဆိုအပ်ပါပေတော့သည် ။
(တပို့တွဲလပြည့်နေ့သြ၀ါဒပါတိမောက်ပြရာနေ့အခါသမယ မှတ်မှတ်ရရလှုဒါန်းကြသောဒါနနှင့်ယှဉ် ထမနဲယဉ်နဲ့ တင်ပြလိုက်ပါသည် ။စားလိုသောကျောင်းသို့ကြွရန်ဖိတ်ခေါ်လိုက်ပါရစေ ။)
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698

No comments:
Post a Comment