Sunday, 24 February 2013

ဗုဒ္ဓဘာသာဝင်များရဲ့ အဓိက အားနည်းချက်

၂၅-၂-၂၀၁၃


MEETING  + LINK  =  SUCCESS

ဗုဒ္ဓဘာသာဝင်များရဲ့ အဓိက အားနည်းချက်ဖြစ်နေတာက 
တစ်ဖွဲ့နဲ့တစ်ဖွဲ့ /တစ်နေရာနဲ့တစ်နေရာ/တစ်နိုင်ငံနဲ့တစ်နိုင်ငံ Link (အချိတ်အဆက်) မရှိတာပါ။ 
အောင်မြင်တဲ့ ပရဟိတလုပ်သူ တစ်ယောက်နဲ့တစ်ယောက် / ထင်ရှားတဲ့ ဆရာတော်ကြီးတွေ တစ်ပါးနဲ့ တစ်ပါး ခေါင်းဆောင်တွေ အဖွဲ့တွေ ဆက်သွယ်တိုင်ပင်တယ်ဆိုတာ အင်မတန်နည်းတာ တွေ့ရပါတယ်။ တွေ့ဆုံ ဆုံးဖြတ်ဆောင်ရွက်ကြတယ်ဆိုတာ မရှိသလောက်ပါပဲ။ မိမိအားသန်ရာကို ဆောင်ရွက်ကြရင်းနဲ့ နောက်လိုက်တပည့်တွေရဲ့လက်ထက်မှာ ဖရိုဖရဲ အကွဲအပြဲဖြစ်ပြီး လုပ်ငန်းစဉ်တွေ မှေးမှိန်အားပျော့ပျောက်ကွယ်သွားကြတာချည်းပါပဲ။ တစ်ဦးတစ်ယောက်ကောင်းကြောင့်ဖြစ်ထွန်းလာတာများပြီး အဖွဲ့အစည်းအားကြောင့်ဆိုတာ မရှိသလောက်ပါပဲ။
လုပ်ငန်းစဉ်တွေ ထာဝရစဉ်တည်တံ့ တိုးတက်အောင်မြင်စေချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံစည်းဝေးဆုံးဖြတ်ခြင်း(Meeting) နဲ့ ချိတ်ဆက်ဆောင်ရွက်မှု(Link) တွေလုပ်ကြဖို့ အမြဲတမ်းလိုအပ်ပါတယ်။
Meeting နဲ့ Link တွေမရှိရင် အမြင်မတူတာတွေဖြစ် ဟာကွက်တွေများလာပြီး စည်းလုံးမှုအားကောင်းတဲ့ ဘာသာ အဖွဲ့အစည်းရဲ့ထိုးနှက်ချက်ကို အလူးအလဲ ခံရတော့တာပါပဲ ။ အဲဒါကြောင့် Meeting နဲ့ Link အမြဲတမ်းလုပ်ကြဖို့ တိုက်တွန်းပါတယ်။

အမြို့မြို့ အနယ်နယ် နေရာအနှံ့အပြားမှာ
အခြေခံအကြောင်းအရာတွေ မပြည့်စုံပဲ ဘာသာလူမျိုးတည်တံ့ဖို့မလွယ်ပါဘူး။
စီးပွားရေး လူမှုရေး အခြေခိုင် တောင့်တင်းအောင် နည်းပေးလမ်းပြ အုတ်မြစ်ချပေးသင့်ပါတယ်။ ကယ်တင်ရှင်ကိုချည်း မျှော်လင့်တောင့်တ မနေစေပဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေကိုယ်ရပ်နိုင်အောင် အသိပညာပေး နည်းလမ်းပြခဲ့သင့်ပါတယ်။ လူဆင်းရဲတွေများနေတဲ့ ဘာသာဟာ ကောင်းပေမယ့် ကြာရှည်ခံဖို့ မလွယ်ပါဘူး။
ချမ်းသာသူများ ကိုးကွယ်တဲ့ ဘာသာအဖွဲ့အစည်းရဲ့ စည်းရုံးသိမ်းသွင်းတဲ့နောက်ကို အများစုက ပါသွားကြတာပါပဲ ။
 စီးပွား လူမှု လုပ်တဲ့အထဲမှာ ဘာသာရေးလေးနှမ်းဖြူးပီး လုပ်ဆောင်နေကြရင် ပိုအဆင်ပြေမှာပါ။

အစုအဝေးနဲ့ ဆောင်ရွက်ကြတဲ့နေရာမှာ
စားဝတ်နေရေး အခြေခံအကြောင်းအရာတွေကို ပစ်ချထားခဲ့ပြီး ဘာသာရေးသက်သက်ပဲ တိုင်ပင်ပြောဆိုစုဖွဲ့လုပ်ဆောင်ခဲ့ကြလို့ တစ်ဖြည်းဖြည်း back ဆုတ် အားပျော့ လာခဲ့ရတဲ့ ဗုဒ္ဓဘာသာပါ။

တစ်လိုင်းထန်တဲ့သူတွေ မဖြစ်ဖို့လိုပါတယ်။ 
စီးပွားရေးလုပ်ရင် ဘာသာရေးမပါတာများပါတယ်။ 
သုံးစွဲသူ ဖောက်သည်များအပေါ်မှာ စေတနာ မေတ္တာတွေမထားကြတော့ လိမ်ရောင်းတာတို့ အဆမတန်ဈေးတင်တာတို့ဖြစ်လာပါတယ် ။ ဒီလိုပါပဲ ကုသိုလ်ကောင်းမှုတွေ လုပ်ပြန်တော့လဲ နာမည်ရဖို့ လူအထင်ကြီးခံရရေးအတွက်ကို အဓိကထားမိတဲ့အတွက် အကျိုးရှိတဲ့နေရာ/အကျိုးရှိမယ့်အရာတွေကို ရွေးချယ် မလှူဖြစ်ကြတော့ပါဘူး။ 

ဘာသာရေးလူမှုရေးကိစ္စမှာပဲ ဆောင်ရွက်နေကြသူများမှာလည်း စီးပွားရေးဘက်မှာ လစ်ဟာသွားပါတယ်။ တစ်ယောက်ထဲသမားတွေမှာ ပြဿနာ မရှိပေမယ့် အိမ်ထောင်သားသမီး ရှိတဲ့သူတွေကျတော့ တစ်ဖြည်းဖြည်း စီးပွားဥစ္စာဆုတ်ယုတ်လာပါတယ်။ 
အိမ်မှာရှိတဲ့ ယောက်ျား ဇနီး သားသမီးတွေက အမြင်မကြည်တာကို ခံရတော့တာပါပဲ . . .

စီးပွားရေးလုပ်ငန်း လူမှုရေးလုပ်ငန်း ဘာသာရေးလုပ်ငန်းတွေကို အဖွဲ့ကြီး အဖွဲ့ငယ်များ တွေ့ဆုံတိုင်ပင်ခြင်း (meeting) / အားနည်းပျောက်ကွယ်ခြင်း သတင်းအချက်အလက်နောက်ကျခြင်းမဖြစ်စေရန် (link) အမြဲတမ်းချိတ်ဆက်ထားပြီး  လုပ်ငန်းစဉ်များ ထာဝစဉ်တည်တံ့ နေစေရန် ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေကြောင်းဆန္ဒများစွာဖြင့်
                  ရဲရင့် ဇာနည်____

မေတ္တာရှင်ဆရာတော်တရားများမှ ထုတ်နုတ်ဖြည့်စွက်ထားပါသည် ။

အဆင်ပြေမယ်ဆိုရင် Share စေ ပြန့်ပွားစေချင်ပါတယ် . . .

ဆက်စပ်ဖတ်ရှုလိုပါက....

 \\မြန်ပြည်တစ်ခွင် သာစေချင်ပါသည်//
http://www.facebook.com/photo.php?fbid=141444582671901&set=a.106733609476332.17119.100004190797337&type=3&theater

\\ စုပေါင်းမင်္ဂလာဆောင်ပွဲများ ကျင်းပပေးပါ //
http://m.facebook.com/photo.php?fbid=142580452558314&id=100004190797337&%24MURI__user=0&soft=jewel%3D0#!/photo.php?fbid=142580452558y314&id=100004190797337&%24MURI__user=0
MEETING + LINK = SUCCESS

ဗုဒ္ဓဘာသာဝင်များရဲ့ အဓိက အားနည်းချက်ဖြစ်နေတာကတစ်ဖွဲ့နဲ့တစ်ဖွဲ့ /တစ်နေရာနဲ့တစ်နေရာ  /တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Link (အချိတ်အဆက်) မရှိတာပါ။ အောင်မြင်တဲ့ ပရဟိတလုပ်သူ တစ်ယောက်နဲ့ တစ်ယောက် / ထင်ရှားတဲ့ ဆရာတော်ကြီးတွေ တစ်ပါးနဲ့ တစ်ပါး ခေါင်းဆောင်တွေ အဖွဲ့တွေ ဆက်သွယ် တိုင်ပင်တယ်ဆိုတာ အင်မတန်နည်းတာ တွေ့ရပါတယ်။


 တွေ့ဆုံ ဆုံးဖြတ်ဆောင်ရွက်ကြတယ်ဆိုတာ မရှိသလောက်ပါပဲ။ မိမိအားသန်ရာကို ဆောင်ရွက်ကြ ရင်းနဲ့ နောက်လိုက်တပည့်တွေရဲ့လက်ထက်မှာ ဖရိုဖရဲ အကွဲအပြဲဖြစ်ပြီး လုပ်ငန်းစဉ်တွေ မှေးမှိန် အားပျော့ပျောက်ကွယ်သွားကြတာချည်းပါပဲ။ တစ်ဦးတစ်ယောက်ကောင်းကြောင့်ဖြစ်ထွန်းလာတာများပြီး အဖွဲ့အစည်းအားကြောင့်ဆိုတာ မရှိသလောက်ပါပဲ။

လုပ်ငန်းစဉ်တွေ ထာဝရစဉ်တည်တံ့ တိုးတက်အောင်မြင်စေချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံစည်းဝေးဆုံးဖြတ်ခြင်း(Meeting) နဲ့ ချိတ်ဆက်ဆောင်ရွက်မှု(Link) တွေလုပ်ကြဖို့ အမြဲတမ်းလိုအပ်ပါတယ်။


Meeting နဲ့ Link တွေမရှိရင် အမြင်မတူတာတွေဖြစ် ဟာကွက်တွေများလာပြီး စည်းလုံးမှုအားကောင်းတဲ့ ဘာသာ အဖွဲ့အစည်းရဲ့ထိုးနှက်ချက်ကို အလူးအလဲ ခံရတော့တာပါပဲ ။ အဲဒါကြောင့် Meeting နဲ့ Link အမြဲတမ်းလုပ်ကြဖို့ တိုက်တွန်းပါတယ်။

အမြို့မြို့ အနယ်နယ် နေရာအနှံ့အပြားမှာအခြေခံအကြောင်းအရာတွေ မပြည့်စုံ ပဲ ဘာသာလူမျိုးတည်တံ့ ဖို့မလွယ်ပါဘူး။စီးပွားရေး လူမှုရေး အခြေခိုင် တောင့်တင်းအောင် နည်းပေးလမ်းပြ အုတ်မြစ်ချပေးသင့်ပါ တယ်။ ကယ်တင်ရှင်ကိုချည်း မျှော်လင့်တောင့်တ မနေစေပဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေကိုယ် ရပ်နိုင်အောင်   အသိပညာပေး နည်းလမ်းပြခဲ့သင့်ပါတယ်။ 


လူဆင်းရဲတွေများနေတဲ့ ဘာသာဟာ ကောင်းပေမယ့် ကြာရှည်ခံဖို့ မလွယ်ပါဘူး။ချမ်းသာသူများ ကိုးကွယ် တဲ့  ဘာသာအဖွဲ့အစည်းရဲ့ စည်းရုံးသိမ်းသွင်းတဲ့နောက်ကို အများစုက ပါသွားကြတာပါပဲ ။စီးပွား လူမှု လုပ်တဲ့အထဲမှာ ဘာသာရေးလေးနှမ်းဖြူးပီး လုပ်ဆောင်နေကြရင် ပိုအဆင်ပြေမှာပါ။

အစုအဝေးနဲ့ ဆောင်ရွက်ကြတဲ့နေရာမှာစားဝတ်နေရေး အခြေခံအကြောင်းအရာတွေကို ပစ်ချထားခဲ့ပြီး ဘာသာရေးသက်သက်ပဲ တိုင်ပင်ပြောဆိုစုဖွဲ့လုပ်ဆောင်ခဲ့ကြလို့ တစ်ဖြည်းဖြည်း back ဆုတ် အားပျော့ လာခဲ့ရတဲ့ ဗုဒ္ဓဘာသာပါ။

တစ်လိုင်းထန်တဲ့သူတွေ မဖြစ်ဖို့လိုပါတယ်။ စီးပွားရေးလုပ်ရင် ဘာသာရေးမပါတာများပါတယ်။
သုံးစွဲသူ   ဖောက်သည်များအပေါ်မှာ စေတနာ မေတ္တာတွေမထားကြတော့ လိမ်ရောင်းတာတို့ အဆမတန်ဈေးတင်တာတို့ဖြစ်လာပါတယ် ။ ဒီလိုပါပဲ ကုသိုလ်ကောင်းမှုတွေ လုပ်ပြန်တော့လဲ နာမည်ရဖို့ လူအထင်ကြီးခံရရေးအတွက်ကို အဓိကထားမိတဲ့အတွက် အကျိုးရှိတဲ့နေရာ/အကျိုးရှိမယ့်အရာတွေ ကို ရွေးချယ် မလှူဖြစ်ကြတော့ပါဘူး။

ဘာသာရေးလူမှုရေးကိစ္စမှာပဲ ဆောင်ရွက်နေကြသူများမှာလည်း စီးပွားရေးဘက်မှာ လစ်ဟာသွားပါတယ်။ တစ်ယောက်ထဲသမားတွေမှာ ပြဿနာ မရှိပေမယ့် အိမ်ထောင်သားသမီး ရှိတဲ့သူတွေကျတော့ တစ်ဖြည်းဖြည်း စီးပွားဥစ္စာဆုတ်ယုတ်လာပါတယ်။ အိမ်မှာရှိတဲ့ ယောက်ျား ဇနီး သားသမီးတွေ က အမြင်မကြည်တာကို ခံရတော့တာပါပဲ . . .

စီးပွားရေးလုပ်ငန်း လူမှုရေးလုပ်ငန်း ဘာသာရေးလုပ်ငန်းတွေကို အဖွဲ့ကြီး အဖွဲ့ငယ်များ တွေ့ဆုံ တိုင်ပင်ခြင်း (meeting) / အားနည်းပျောက်ကွယ်ခြင်း သတင်းအချက်အလက်နောက်ကျခြင်းမဖြစ်စေရန် (link) အမြဲတမ်းချိတ်ဆက်ထားပြီး လုပ်ငန်းစဉ်များ ထာဝစဉ်တည်တံ့ နေစေရန် ပြုလုပ်ဆောင်ရွက် နိုင်ကြပါစေကြောင်းဆန္ဒများစွာဖြင့်


ရဲရင့် ဇာနည်____

မေတ္တာရှင်ဆရာတော်တရားများမှ ထုတ်နုတ်ဖြည့်စွက်ထားပါသည် ။ အဆင်ပြေမယ်ဆိုရင် Share စေ ပြန့်ပွားစေချင်ပါတယ် . . . ဆက်စပ်ဖတ်ရှုလိုပါက....

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်